Posts

Showing posts from October, 2025

HONOR OF KINGS (HOK) က မြန်မာ့အလှအပအသွင်အပြင်နှင့် ယဉ်ကျေးမှုတို့ဖြင့် အထူးသီးသန့် ပေါင်းစပ် ဖန်တီးထားသည့် Voice Pack နှင့် Sticker များ စတင်မိတ်ဆက်

Image
  အဆိုပါ Voice Pack နှင့် Sticker များ အပြင် အခြား အပိုထပ်ဆောင်း လက်ဆောင်များကို In-game Missions များ ဆော့ကစားခြင်းဖြင့် နိုဝင်ဘာ ၁ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း HONOR OF KINGS (HOK) တွင် အခမဲ့ ရရှိနိုင်မည်ဖြစ်ပါသည် ။    ကမ္ဘာကျော် နာမည်ကြီး ဂိမ်းတစ်ခုဖြစ်သည့် HONOR OF KINGS (HOK) သည် မြန်မာနိုင်ငံမှ ချစ်ခင်အားပေးသူ ကစားသမားများအတွက် သီးသန့်ရည်ရွယ်၍ မြန်မာ့အလှအပအသွင်အပြင်နှင့် ယဉ်ကျေးမှုတို့ကို ပေါင်းစပ်ထည့်သွင်းဖန်တီးထားသော Voice Pack နှင့် Sticker များကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ယခု မိတ်ဆက်လိုက်သည့် အဆိုပါ Voice Pack နှင့် Sticker များအပြင် အခြား အပိုထပ်ဆောင်း လက်ဆောင်များကို နိုဝင်ဘာ ၁ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း HONOR OF KINGS (HOK) တွင် In-game Missions များ ဆော့ကစားခြင်းဖြင့် အခမဲ့ ရရှိနိုင်မည်ဖြစ်ပါသည်။ အဆိုပါ Voice Line များနှင့် Sticker များကို ကစားသမားတွေအချင်းချင်း ပျော်ရွှင်စွာ ဆက်သွယ် ပြောဆိုနိုင်ရန်နှင့် မြန်မာ့ဂိမ်းအသိုက်အဝန်းကို အလေးထားသည့်အနေဖြင့် သီးသန့် ဖန်တီးထားခြင်းဖြစ်ပါသည်။ HONOR OF KINGS (HOK) က ယခု မိတ်ဆက်လိုက်သည့် ဖန်တီးမှုအသစ်များတွင် မြန်မာဘာသ...

MPT က (၁၇) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ အများပြည်သူတို့၏ ကျန်းမာရေးကို အလေးထားသည့် ကတိကဝတ်ကိုဆက်လက်ဖော်ဆောင်

Image
 မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့်အပြင် တစ်နိုင်ငံလုံးတွင် အကျယ်ပြန့်ဆုံး ကွန်ရက်ချိတ်ဆက်ထားသော MPT သည် (၁၇) ကြိမ်မြောက် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းပွဲကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါသည်။ အဆိုပါ လှုပ်ရှားမှုသည် MPT ၏ လူမှုအကျိုးပြုလုပ်ငန်း (CSR) ဆောင်ရွက်မှုအတွက် မှတ်ကျောက်တစ်ခုလည်းဖြစ်ကာ အချက်အချာကျသည့် ကော်ပိုရိတ်လုပ်ငန်းတစ်ခုအဖြစ် လူမှုအသိုက်အဝန်း၏ ကျန်းမာရေးကို ထောက်ပံ့ကူညီရန် ကတိထားဆောင်ရွက်မှု၏ သရုပ်သကန်လည်းဖြစ်ပါသည်။ ဤစုပေါင်းဆောင်ရွက်မှုသည် အမှန်တကယ် လိုအပ်သည့် နေရာများအတွက် အရေးပါသောအထောက်အပံ့ဖြစ်စေမည့်အပြင် မြန်မာပြည်သူများနှင့်အတူ တကွ ရှိနေသည့် MPT ၏ ခိုင်မာသော ကတိကို ထပ်လောင်းအတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ အဆိုပါ လှုပ်ရှားမှုသည် တစ်ကြိမ်တည်းပြုလုပ်သည့်ပွဲ မဟုတ်ဘဲ MPT ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင် များ၏ စိတ်အားထက်သန်မှုနှင့် စာနာမှုဖြင့် လေးလတစ်ကြိမ် ပုံမှန်ပြုလုပ်နေသည့် လှူဒါန်းမှုတစ်ခုဖြစ်သည်။ (၁၇) ကြိမ်မြောက် သွေးလှူဒါန်းပွဲတွင် MPT ဝန်ထမ်းများနှင့် ဒေသခံလူမှုအသိုက်အဝန်းများ ပါဝင်သည့် စေတနာ့ဝန်ထမ်း (၃၄၀) ကျော်သ...

အက်တမ်(ATOM) နှင့် KBZMS တို့မှ တီထွင်ဆန်းသစ်သော ဒစ်ဂျစ်တယ် အာမခံဝန်ဆောင်မှုအား မြန်မာနိုင်ငံတွင် မိတ်ဆက်

Image
 အက်တမ်(ATOM) နှင့် KBZMS တို့မှ မြန်မာတစ်နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအတွက် အသုံးပြုရ လွယ်ကူချောမွေ့သော ဒစ်ဂျစ်တယ် အာမခံဝန်ဆောင်မှုများအား တရားဝင် မိတ်ဆက်။ တီထွင်ဆန်းသစ်သော ဒစ်ဂျစ်တယ်အာမခံဝန်ဆောင်မှုများအား ATOM Store App မှတစ်ဆင့် လွယ်ကူ အဆင်ပြေစွာ ဝယ်ယူအသုံးပြုနိုင်။ ယခု ပူးပေါင်းဆောင်ရွက်မှုသည် ကုမ္ပဏီနှစ်ခုလုံး၏ သုံးစွဲသူဦးစားပေး တီထွင်ဆန်းသစ်မှုများမှ တစ်ဆင့် လူမှုဘဝများ တိုးတက်လာစေရန် နှင့် လူမှုအသိုင်းအဝိုင်းအား အားပေးမြှင့်တင်ရန် ကတိကဝတ်ကို ထင်ဟပ်စေလျက်ရှိ။   မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM)နှင့် KBZMS General Insurance Company Limited တို့သည် မဟာဗျူဟာကျ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ATOM Store App မှတစ်ဆင့် လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်သော ဒစ်ဂျစ်တယ်အာမခံဝန်ဆောင်မှုများအား ဂုဏ်ယူစွာဖြင့် တရားဝင် မိတ်ဆက်လိုက်ပါသည်။ ယခုပူးပေါင်းဆောင်ရွက်မှုသည် အက်တမ်(ATOM) ၏ ခေတ်မီဆန်းသစ်သော ကွန်ရက်စွမ်းရည်များ နှင့် KBZMS ၏ အာမခံလုပ်ငန်းကျွမ်းကျင်မှုတို့အား သေချာစွာ ပေါင်းစပ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများအတွက် အာမခံအကာအကွယ် ...

ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအား အလွယ်တကူ ရှာဖွေသွားနိုင်တော့မည့် Viber Marketplace လုပ်ဆောင်ချက်အား မြန်မာနိုင်ငံတဝန်းတွင် စတင်မိတ်ဆက်

Image
  Viber အက်ပလီကေးရှင်းမှတဆင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများအား လွယ်ကူလျင်မြန်စွာ ရှာဖွေချိတ်ဆက်သွားနိုင်တော့မည် Rakuten Viber သည် ၎င်း၏ Marketplace လုပ်ဆောင်ချက်အား မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ Viber အသုံးပြုသူများအနေနှင့် အဆိုပါ အသစ်မိတ်ဆက်လိုက်သည့် Viber Marketplace မှ တဆင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ အလှပြင်ဆိုင်များ၊ ရှော့ပင်းနှင့် အခြားများစွာသော ဝန်ဆောင်မှုများနှင့် ကုန်ပစ္စည်းများကို ရောင်းချပေးနေသည့် ထောင်ပေါင်းများစွာသော စီးပွားရေးလုပ်ငန်းများစွာအား အလွယ်တကူ ရှာဖွေချိတ်ဆက်သွား နိုင်တော့မည် ဖြစ်သည်။ Viber ၏ ယခင် “Explore” လုပ်ဆောင်ချက်နေရာတွင် အစားထိုးလိုက်သည့် Viber Marketplace သို့ဝင်ရောက်၍ အသုံးပြုသူများ အနေနှင့် ၎င်းတို့အတွက် ကြိုတင်ပြသထားသော လုပ်ငန်းများအနက်မှ ဖြစ်စေ၊ မိမိရှာဖွေလိုသည့် စီးပွားရေးလုပ်ငန်း အမျိုးအစားများအား ရွေးချယ်၍ဖြစ်စေ၊ မိမိရှာဖွေလိုသည့် စီးပွားရေးလုပ်ငန်းနာမည်အား သီးသန့်ရိုက်ထည့် ရွေးချယ်၍ဖြစ်စေ - လွယ်ကူလျင်မြန်သောနည်းလမ်း ၃ ခုဖြင့် ကြိုက်နှစ်သက်ရာ စီးပွားရေးလုပ်ငန်းများ အား ရှာ...

အက်တမ်(ATOM) မှ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှုရှိစေရေး ကတိပြုလုပ်ဆောင်ခြင်းအတွက် ISO 14001:2015 အသိအမှတ်ပြုလက်မှတ်ရရှိ

Image
 အက်တမ်(ATOM) သည် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် တာဝန်ယူမှုရှိသော လုပ်ငန်းဆောင်ရွက်မှုများ အပေါ် အလေးထားကြောင်းပြသနေသည့် ကမ္ဘာ့အသိအမှတ်ပြု သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေး စနစ် EMS လက်မှတ်ကို ရရှိ။ သဘာဝနှင့်ညီညွတ်သော ပတ်ဝန်းကျင်မြှင့်တင်ရေးကို အလေးပေးကြောင်း ပြသသည့်အနေဖြင့် အက်တမ်(ATOM) ၏ ရေရှည်တည်တံ့ခိုင်မြဲရေး ခရီးလမ်းတွင် ISO 14001:2015 အသိအမှတ်ပြုလက်မှတ် ရရှိပြီး အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်ခဲ့။ စွမ်းအင်ချွေတာခြင်း၊ စွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲခြင်း နှင့် အရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း တို့ဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များအား လျှော့ချရန် အက်တမ်(ATOM) မှ ရည်ရွယ်။   မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM) ၏ စီမံခန့်ခွဲရေးရုံးချုပ် မှ ရေရှည်တည်တံ့ခိုင်မြဲရေး ခရီးလမ်း တစ်လျှောက် ဆက်သွယ်ရေးလုပ်ငန်းလည်ပတ်မှုများအတွက် နိုင်ငံတကာအသိအမှတ်ပြု ISO 14001:2015 လက်မှတ်အား အောင်မြင်မှုမှတ်တိုင်တစ်ခုအဖြစ် ရယူနိုင်ခဲ့ကြောင်း ဂုဏ်ယူစွာဖြင့် အသိပေးကြေညာလိုက်ပါသည်။ ယခုရရှိသော အောင်မြင်မှုသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များကို လ...

အဆင့်မြင့် AI လုပ်ဆောင်ချက်၊ ကြည်လင်ပြတ်သားပြီး ဝေဝါးမှုကင်းတဲ့ OIS ကင်မရာတို့ ပါဝင်လာပြီး ၆ နှစ်အထိ စိတ်ကြိုက်သုံးနိုင်မယ့် Samsung Galaxy A17 5G နှင့် Galaxy A17 စမတ်ဖုန်း အသစ်များ

Image
 Samsung Myanmar ရဲ့ နေ့စဉ်ဘဝကို ပိုမိုအဆင်ပြေချောမွေ့အောင် ကူညီပေးမယ့် Awesome အဖြစ်ဆုံး Galaxy AI လုပ်‌ဆောင်ချက်များ ပါဝင်လာတဲ့ Galaxy A17 5G နဲ့ Galaxy A17 စမတ်ဖုန်းအသစ်တွေကို မြန်မာနိုင်ငံမှာ အထူးခံစားခွင့်၊ လက်ဆောင်များနဲ့အတူ ဝယ်ယူရရှိနိုင်နေပြီ ဖြစ်ပါတယ်။ အသစ်မိတ်ဆက်ပေးလိုက်တဲ့ Galaxy A Series စမတ်ဖုန်းတွေမှာ ဝေဝါးမှုကင်းတဲ့ ပုံရိပ်တွေပေးစွမ်းမယ့် OIS ကင်မရာလည်း ပါဝင်လာတာဖြစ်ပြီး ပရီမီယံဆန်တဲ့ ဒီဇိုင်း နဲ့ အဆင့်မြင့်လုပ်ဆောင်ချက်တွေကြောင့် သုံးစွဲသူများ နှစ်သက်သဘောကျစေမှာပါ။ “၆နှစ်အထိ” စိတ်ကြိုက်သုံးနိုင်စေအောင်ရည်ရွယ်ပြီး OS Update နဲ့ Security Upgrade တို့ကို ၆ နှစ်အထိ ပေးထားတဲ့အပြင် မတော်တဆ ထိခိုက်မှန်ကွဲခြင်းအတွက် “၂ နှစ်အထိ” တိုးမြင့်ကာကွယ်ပေးထားတဲ့ Samsung Care+ နဲ့ iP54 အဆင့်ရေစိုဒဏ်ခံနိုင်စွမ်းတို့ပါ ထည့်သွင်းပေးထားတဲ့အတွက် ရည်ရှည်စိတ်ချစွာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လိုင်းဆွဲအားပိုမို ကောင်းမွန်တဲ့ Galaxy A17 5G နဲ့ စျေးနှုန်းပိုမိုသက်သာတဲ့ Galaxy A17 မော်ဒယ်တို့ကို နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး အဆိုပါ စမတ်ဖုန်းအသစ်နှစ်မျိုးလုံးကို ပါးလွှာပြီး ပရီမီယမ်ဆန်တ...

ငွေကျပ် ၃ သိန်းကျော်မှစတင်တဲ့ အသက်သာဆုံးစျေးစျေးနှုန်း၊ ၂ နှစ်ကြာကာကွယ်ပေးထားမယ့် Samsung Care+ နှင့် ၆ နှစ်ထိ စိတ်ကြိုက်သုံးနိုင်မယ့် Samsung Galaxy A07 စမတ်ဖုန်းအသစ်

Image
 Samsung Myanmar ကနေ ရိုးရှင်းလှပပြီး အဆင့်မြှင့်တင်ထားသောလုပ်‌ဆောင်ချက်များ ပါဝင်လာတဲ့ Galaxy A07 စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အသစ်မိတ်ဆက်ပေးလိုက်တဲ့ Galaxy A Series စမတ်ဖုန်းတွေကို ငွေကျပ် “၃ သိန်း” ကျော်မှစတင်တဲ့ အသက်သာဆုံးစျေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး Galaxy A07 Series စမတ်ဖုန်း မော်ဒယ်တွေမှာ ပထမဆုံးအနေနဲ့ ပါဝင်လာတဲ့ iP54 အဆင့်ရေစိုဒဏ်ခံနိုင်စွမ်းအပြင် မတော်တဆ ထိခိုက်မှန်ကွဲခြင်းအတွက် Samsung Care+ ဖြင့် “၂ နှစ်အထိ” တိုးမြင့်ကာကွယ်ပေးထားတဲ့အတွက် ရည်ရှည်စိတ်ချစွာအသုံးခံနိုင်မှာပါ။ OS Update နှင့် Security Upgrade ကိုလည်း ၆ နှစ်ထိ ပေးသွားမှာဖြစ်လို့ “၆နှစ်အထိ” စိတ်ကြိုက်သုံးနိုင်စေမှာဖြစ်ပါတယ်။ Galaxy A07 စမတ်ဖုန်းအသစ်ကိုတော့ ခေတ်မီလှပသော ကင်မရာဒီဇိုင်း၊ သပ်ရပ်လှပသော ဘေးဘောင်ဒီဇိုင်းများကြောင့် ပရီမီယမ်ဆန်တဲ့ ခံစားမှုများကို ရရှိနိုင်မှာပါ။ 184g သာ ရှိပြီး GFRP Materials ကို အသုံးပြုထားတာကြောင့် ပေါ့ပါးကျစ်လျစ်လှပပြီး အကြမ်းခံမှုကို ခံစားနိုင်မှာဖြစ်ပါတယ်။ 6.7” PLS LCD Display နှင့် 90Hz refresh rate ကို အသုံးပြုပေးထားပြီး Performan...

လူငယ်တွေပါဝင်ခဲ့ကြတဲ့ လူငယ်ပွဲတော်ရဲ့ MLBB Tournament မှာ အသွက်လက်ဆုံး စွမ်းအင်မြင့် OPPO Reno14 Series 5G နဲ့အတူ ပါဝင် ပံ့ပိုးခဲ့တဲ့ OPPO Myanmar AED

Image
 ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က လွန်ခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့နဲ့ ၅ရက်နေ့တွေက ရန်ကုန်မြို့ရှိ M Tower မှာ ပြုလုပ်ကျင်းပခဲ့တဲ့ Creative Carnival Vol.3 လူငယ်ပွဲတော်မှာ Main Sponsor အနေနဲ့ ပါဝင်ကူညီပေးခဲ့ပါတယ်။ အဆိုပါ ပွဲတော်မှာ OPPO Myanmar AED အနေနဲ့ လူငယ်တွေ သဘောကျ နှစ်သက်နိုင်မဲ့ ESports Session ၊ လက်ဆောင်တွေ ရရှိနိုင်မဲ့ Spin Wheel အစီအစဉ် တို့အပြင် Saycheese Myanmar နဲ့အတူ လူငယ်ဆန်ဆန် အခမဲ့ ဓာတ်ပုံရိုက်ကူးနိုင်မဲ့ အစီအစဉ်တွေကို ထည့်သွင်းကာ လူငယ်တွေ စိတ်ဝင်စားမဲ့ အစီအစဉ်တွေနဲ့အတူ ပျော်ရွှင်စွာကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ ထို့အပြင် MLBB ကလဲ ၎င်းတို့ရဲ့ ၉ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် Diamond တွေ ပေးအပ်တဲ့ အစီအစဉ်ကို OPPO Myanmar AED နဲ့အတူ ပူးပေါင်းကာ ပြုလုပ်ခဲ့ပါသေးတယ်။ Esports Session မှာဆိုရင် လူငယ်တွေတိုင်း သဘောကျနှစ်သက်တဲ့ Esports Tournament အတွက် OPPO က ဝိုင်းဝန်းပံ့ပိုးခဲ့ပြီး ပါဝင်ကစားသူ လူငယ်တွေအနေနဲ့ OPPO Reno14 Series 5G နဲ့အတူ MLBB Tournament ကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ယှဉ်ပြိုင်ခဲ့ကြတဲ့ လူငယ်အသင်းတွေအနက် ERFO Esports အသင်းက အနိုင်ရရှိခဲ့ပြီး OPPO Myanmar AED ...

PUBG MOBILE က မြန်မာကစားသမားများအတွက် အထူးသီးသန့် ဖန်တီးထားသည့် Super Zoe Voice Pack ကို Voice Line အသစ်များ ထည့်သွင်းကာ ပြန်လည်မိတ်ဆက်

Image
  Voice Line အသစ်များ ပါဝင်သည့် Super Zoe Voice Pack ကို အောက်တိုဘာ ၇ ရက်မှ ၂၇ ရက်နေ့အတွင်း PUBG MOBILE တွင် အခမဲ့ ရရှိနိုင်မည်ဖြစ်ပါသည်။ ကမ္ဘာကျော် နာမည်ကြီး မိုဘိုင်းဂိမ်းတစ်ခုဖြစ်သည့် PUBG MOBILE သည် မြန်မာနိုင်ငံမှ ချစ်ခင်အားပေးသူ ကစားသမားများအတွက် သီးသန့်ရည်ရွယ်၍ မြန်မာဘာသာစကားဖြင့် အထူး ဖန်တီးထားသော Super Zoe Voice Pack ကို နိုင်ငံအတွင်း ဂိမ်းကစားသူများအတွက် ပိုမိုကောင်းမွန်သော ဂိမ်းကစားခြင်း အတွေ့အကြုံနှင် ခံစားမှုရသဖြစ်စေရန် Voice Line အသစ်များ ထပ်မံထည့်သွင်းကာ ပြန်လည်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ တကျော့ပြန် ပြန်လည်မိတ်ဆက်လိုက်တဲ့ Super Zoe Voice Pack ရှိ Voice Line အသစ်များကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ PUBG MOBILE ဂိမ်းအတွင်းရှိ သတ်မှတ်ထားသော In-game missions များကို ဆော့ကစားခြင်းဖြင့် မိမိတို့ နှစ်သက်သော Voice Pack များကို အခမဲ့ ရယူနိုင်မည်ဖြစ်သည်။ ယခု ပြန်လည် မိတ်ဆက်လိုက်သည့် တကျော့ပြန် စူပါဇိုး (Super Zoe Returns) သည် ယခင် ၂၀၂၄ ခုနှစ်တွင် ဖန်တီးထုတ်လိုက်သည့် Zoe Voice Pack ကို Voice Line အသစ် ၁၀ ခုဖြင့် ထပ်မံ ဆန်းသစ်ထားခြင်းဖြစ်ပါသည်။ PUBG...