HONOR OF KINGS (HOK) က မြန်မာ့အလှအပအသွင်အပြင်နှင့် ယဉ်ကျေးမှုတို့ဖြင့် အထူးသီးသန့် ပေါင်းစပ် ဖန်တီးထားသည့် Voice Pack နှင့် Sticker များ စတင်မိတ်ဆက်

 အဆိုပါ Voice Pack နှင့် Sticker များ အပြင် အခြား အပိုထပ်ဆောင်း လက်ဆောင်များကို In-game Missions များ ဆော့ကစားခြင်းဖြင့် နိုဝင်ဘာ ၁ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း HONOR OF KINGS (HOK) တွင် အခမဲ့ ရရှိနိုင်မည်ဖြစ်ပါသည်

 

 ကမ္ဘာကျော် နာမည်ကြီး ဂိမ်းတစ်ခုဖြစ်သည့် HONOR OF KINGS (HOK) သည် မြန်မာနိုင်ငံမှ ချစ်ခင်အားပေးသူ ကစားသမားများအတွက် သီးသန့်ရည်ရွယ်၍ မြန်မာ့အလှအပအသွင်အပြင်နှင့် ယဉ်ကျေးမှုတို့ကို ပေါင်းစပ်ထည့်သွင်းဖန်တီးထားသော Voice Pack နှင့် Sticker များကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ယခု မိတ်ဆက်လိုက်သည့် အဆိုပါ Voice Pack နှင့် Sticker များအပြင် အခြား အပိုထပ်ဆောင်း လက်ဆောင်များကို နိုဝင်ဘာ ၁ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း HONOR OF KINGS (HOK) တွင် In-game Missions များ ဆော့ကစားခြင်းဖြင့် အခမဲ့ ရရှိနိုင်မည်ဖြစ်ပါသည်။ အဆိုပါ Voice Line များနှင့် Sticker များကို ကစားသမားတွေအချင်းချင်း ပျော်ရွှင်စွာ ဆက်သွယ် ပြောဆိုနိုင်ရန်နှင့် မြန်မာ့ဂိမ်းအသိုက်အဝန်းကို အလေးထားသည့်အနေဖြင့် သီးသန့် ဖန်တီးထားခြင်းဖြစ်ပါသည်။

HONOR OF KINGS (HOK) က ယခု မိတ်ဆက်လိုက်သည့် ဖန်တီးမှုအသစ်များတွင် မြန်မာဘာသာဖြင့် Voice Line နှစ်ခုနှင့် မြန်မာ့အလှအပအသွင်အပြင်နှင့် ယဉ်ကျေးမှုတို့ ပါဝင်သည့် Sticker နှစ်ခု ပါဝင်လာမည်ဖြစ်ပါသည်။ Voice Line နှစ်ခုထဲတွင် မြန်မာကစားသမားတွေ အသုံးများသည့် “ဆေးမထိုးနဲ့” နှင့် “တန်တယ် တန်တယ်” ဆိုသည့် စကားလုံးများကို မြန်မာဘာသာဖြင့် ရရှိနိုင်မှာဖြစ်ပါသည်။ Sticker နှစ်ခုထဲတွင် သနပ်ခါး၊ ကြက်တောင်စည်း၊ ပွဲတော်မီးရှူးမီးပန်း စသည့် မြန်မာ့အလှအပအသွင်အပြင်နှင့် ယဉ်ကျေးမှုတို့ ပါဝင်အောင် ဖန်တီးထားသည့် “မှတ်ပြီလားကွ” နှင့် “ဟီးဟီး” တို့ ပါဝင်လာမည်ဖြစ်ပါသည်။ အဆိုပါ Voice Line များနှင့် Sticker များကို မြန်မာကစားသမားတွေ အသုံးများသည့် မြန်မာစကားလုံးတွေအပေါ် အခြေခံပြီး ဖန်တီးထားခြင်းဖြစ်ကာ ကစားသမားတွေအချင်းချင်း ပျော်ရွှင်စွာ လွယ်လွယ်ကူကူ ဆက်သွယ် ပြောဆိုနိုင်မည်ဖြစ်ပါသည်။ 

HONOR OF KINGS (HOK) ၏ Country Manager ဖြစ်သူ Aman Kumar က “မြန်မာနိုင်ငံက HOK ကစားသမားတွေအတွက် မြန်မာ့အလှအပတွေနဲ့ ယဉ်ကျေးမှုတွေ ပါဝင်တဲ့ Voice Pack နှင့် Sticker ကို ယခုလို မိတ်ဆက်နိုင်ခဲ့အတွက် အထူးပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာ့ယဉ်ကျေးမှုကို ဂိမ်းထဲမှာ ထည့်သွင်းပေးခြင်းဟာ မြန်မာ့ဂိမ်းကစားသူတွေကို လေးစားကြောင်း ပြသလိုက်တာဖြစ်ပါတယ်။ ယခု မိတ်ဆက်လိုက်တဲ့ Sticker နှစ်ခုဟာ မြန်မာကစားသမားတွေအတွက် မြန်မာအငွေ့အသက်တွေနဲ့ သီးသန့်ဖန်တီးထားတဲ့ ပထမဆုံး Sticker ဖြစ်လာမှာပါ။ အခု မိတ်ဆက်လိုက်တဲ့ Voice Pack နှင့် Sticker တွေဟာ ကစားသမားတွေအချင်ချင်း မြန်မာလို ဆက်သွယ်ပြောဆိုမှုတွေ လုပ်ဆောင်နိုင်မှာဖြစ်ပြီးတော့ ပိုမို စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဂိမ်းအတွေ့အကြုံတွေကို ရရှိနိုင်စေမှာဖြစ်ပါတယ်။ အခုလို ဖန်တီးမှုတွေကနေ တစ်ဆင့် ကျွန်တော်တို့တွေဟာ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတွေကို အလေးထားပြီးတော့ မြန်မာကစားသမား အသိုက်အဝန်းကို ဆက်လက် ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ် ” ဟု ပြောကြားခဲ့ပါသည်။ 

HONOR OF KINGS (HOK) သည် ဒေသတွင်း ယဉ်ကျေးမှု အငွေ့အသက်များနှင့် အသိုက်အဝန်းအလိုက် ပိုမိုဆန်းသစ်သည့် ဂိမ်းအတွေ့အကြုံကောင်းများ ဖန်တီးပေးနိုင်အောင် ကြိုးပမ်းလျက်ရှိပြီး ကမ္ဘာတစ်ဝန်းရှိ ကစားသမားများကို ဆက်လက် ပံ့ပိုးပေးလျက်ရှိပါသည်။ မြန်မာ့ယဉ်ကျေးမှုနှင့် အသိုက်အဝန်းတွေကနေ တစ်ဆင့် မြန်မာကစားသမားများ၏ ဂိမ်းကစားခြင်း အတွေ့အကြုံတွေကိုလည်း ထူးခြားဆန်းသစ်စေရန် ဆက်လက်ဖန်တီးပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ HONOR OF KINGS (HOK) သည် အပျော်တမ်းကစားသမားများမှ အစ ထိပ်တန်း ပရော်ဖက်ရှင်နယ်များအထိ အကြိတ်အနယ် ယှဉ်ပြိုင်ကစားပွဲများကို ပံ့ပိုးပေးနေသည့် E-sports ဂေဟစနစ်နေရာတစ်ခုဖြစ်အောင် စွမ်းဆောင်လျက်ရှိပါသည်။

Honor of Kings အကြောင်း

TiMi Studio Group က ဖန်တီးထားသည့် Honor of Kings သည် စာရင်းသွင်းအသုံးပြုသူ သန်း ၂၀၀ ကျော်နှင့် နေ့စဉ် စိတ်လှုပ်ရှားဖွယ်ရာ အဖွဲ့လိုက်တိုက်ခိုက်ပွဲများကို ကစားသူ သန်း ၁၀၀ ကျော်ဖြင့် ကမ္ဘာ့ရေပန်းအစားဆုံး MOBA ဖြစ်သည်။ အလွန်အသေးစိတ်ပြီး မတူညီသော ဇာတ်ကောင်နှင့် စစ်မြေပြင် အသွင်အပြင်များအပြင် Hans Zimmer၊ Joe Hisaishi နှင့် Howard Shore တို့ အပါအဝင် ကမ္ဘာကျော် တေးရေးဆရာများက ဖန်တီးထားသည့် ဂီတများ ပါဝင်သော Honor of Kings သည် ကစားသမားများကို တစ်မူထူးခြားပြီး အရောင်အသွေးစုံလင်သည့် စကြဝဠာတစ်ခုတွင် ပါဝင်စီးမျောစေပါသည်။ Honor of Kings သည် လွတ်လပ်စွာ ကစားနိုင်သည့်အပြင် မျှတစွာ အနိုင်ရရှိနိုင်ရန်အတွက် ဖန်တီးထားနိုင်မှုအပေါ် ဂုဏ်ယူလျက်ရှိပြီး ကစားသမားများ၏ အနိုင်ရရှိမှုသည် ဂိမ်းတွင် မည်မျှသုံးစွဲသည်ဆိုသော အချက်ပေါ်တွင် မမူတည်ဘဲ ၎င်းတို့၏ ကျွမ်းကျင်မှုနဲ့ နည်းဗျူဟာများဖြင့်သာ အဆုံးအဖြတ်ပေးပါသည်။ Honor of Kings သည် အပျော်တမ်းကစားသမားများမှအစ ထိပ်တန်း ပရော်ဖက်ရှင်နယ်များအထိ အကြိတ်အနယ် ယှဉ်ပြိုင်ကစားပွဲများကို ပံ့ပိုးပေးနေသည့် e-sports ဂေဟစနစ် ပေါ် ထွက်ရာနေရာတစ်ခုလည်းဖြစ်ပါသည်။ Honor of Kings အကြောင်း ပိုမိုလေ့လာလိုပါက Honor of Kings ၏ တရားဝင် Twitter, Facebook, Youtube, Instagram သို့မဟုတ် Website တို့ကို ဝင်ရောက်လေ့လာနိုင်ပါသည်။


Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး