လူငယ်တွေပါဝင်ခဲ့ကြတဲ့ လူငယ်ပွဲတော်ရဲ့ MLBB Tournament မှာ အသွက်လက်ဆုံး စွမ်းအင်မြင့် OPPO Reno14 Series 5G နဲ့အတူ ပါဝင် ပံ့ပိုးခဲ့တဲ့ OPPO Myanmar AED

 ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က လွန်ခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့နဲ့ ၅ရက်နေ့တွေက ရန်ကုန်မြို့ရှိ M Tower မှာ ပြုလုပ်ကျင်းပခဲ့တဲ့ Creative Carnival Vol.3 လူငယ်ပွဲတော်မှာ Main Sponsor အနေနဲ့ ပါဝင်ကူညီပေးခဲ့ပါတယ်။ အဆိုပါ ပွဲတော်မှာ OPPO Myanmar AED အနေနဲ့ လူငယ်တွေ သဘောကျ နှစ်သက်နိုင်မဲ့ ESports Session ၊ လက်ဆောင်တွေ ရရှိနိုင်မဲ့ Spin Wheel အစီအစဉ် တို့အပြင် Saycheese Myanmar နဲ့အတူ လူငယ်ဆန်ဆန် အခမဲ့ ဓာတ်ပုံရိုက်ကူးနိုင်မဲ့ အစီအစဉ်တွေကို ထည့်သွင်းကာ လူငယ်တွေ စိတ်ဝင်စားမဲ့ အစီအစဉ်တွေနဲ့အတူ ပျော်ရွှင်စွာကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ ထို့အပြင် MLBB ကလဲ ၎င်းတို့ရဲ့ ၉ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် Diamond တွေ ပေးအပ်တဲ့ အစီအစဉ်ကို OPPO Myanmar AED နဲ့အတူ ပူးပေါင်းကာ ပြုလုပ်ခဲ့ပါသေးတယ်။


Esports Session မှာဆိုရင် လူငယ်တွေတိုင်း သဘောကျနှစ်သက်တဲ့ Esports Tournament အတွက် OPPO က ဝိုင်းဝန်းပံ့ပိုးခဲ့ပြီး ပါဝင်ကစားသူ လူငယ်တွေအနေနဲ့ OPPO Reno14 Series 5G နဲ့အတူ MLBB Tournament ကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ယှဉ်ပြိုင်ခဲ့ကြတဲ့ လူငယ်အသင်းတွေအနက် ERFO Esports အသင်းက အနိုင်ရရှိခဲ့ပြီး OPPO Myanmar AED က အနိုင်ရရှိခဲ့တဲ့ ERFO Esports အသင်းကို ဆုလက်ဆောင်အဖြစ် ငွေကျပ် ၁၀ သိန်းကို ဆုလက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ၎င်း MLBB Tournament မှာဆိုရင် သာမန်ထက် လိုင်းဆွဲအားကို ပိုမိုကောင်းမွန်စေနိုင်တဲ့ OPPO Reno14 Series 5G ရဲ့ AI LinkBoost 3.0 ၊ OPPO ရဲ့ နာမည်ကျော် ColorOS 15 ၊ မြန်ဆန်သွက်လက်တဲ့ Trinity Engine နဲ့ Luminous Rendering Engine ၊ ပိုးသားအသွင်ချောမွေ့မြန်ဆန်လှတဲ့ Animation နဲ့အတူ စွမ်းအားမြင့် Performance တို့ကလဲ ဂိမ်းဆော့တဲ့အခါ နှောင့်နှေးမှု တစ်စက်မှ မရှိရလေအောင် ကူညီပံ့ပိုးခဲ့ပါတယ်။

ဒါအပြင် OPPO Booth နေရာမှာလဲ ပွဲကို လာရောက်သူ လူငယ်တွေ စိတ်ပျော်ရွှင်စေနိုင်မဲ့ Spin Wheel အစီအစဉ် ၊ MLBB နဲ့ ပူးပေါင်းကာ MLBB ရဲ့ ၉ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် Diamond တွေ ပေးအပ်တဲ့ အစီအစဉ် ၊ Saycheese Myanmar နဲ့ OPPO Myanmar AED တို့ အတူတကွ ပူးပေါင်းထားတဲ့ အစီအစဉ် နဲ့အတူ Cosplay အစီအစဉ်တွေလဲ ထပ်မံပါရှိခဲ့တာကြောင့် လာရောက်သူ လူငယ်တွေကြား အတော်လေး ရေပန်းစား ကျော်ကြားခဲ့ပါတယ်။

ကောင်းမွန်ဆန်းသစ်တဲ့ နောက်ဆုံးပေါ် AI Gaming Performance နည်းပညာ၊ တစ်နေ့တာအတွက် အလွယ်ကူဆုံးဖြစ်အောင် ကူညီပေးနိုင်မဲ့ AI လုပ်ဆောင်ချက်များစွာနဲ့အတူ ပိုမိုအားကောင်းလာတဲ့ ဘက်ထရီစနစ် တို့ ပါရှိတဲ့ OPPO Reno14 Series 5G နဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက OPPO Myanmar Official Facebook Page - http://bit.ly/45Q2UQz ၊ Website - http://bit.ly/4nwInXy ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram - https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး