Posts

Showing posts from January, 2026

Samsung ရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှု နည်းပညာအသစ်ကို မကြာခင် တွေ့မြင်ရတော့မည်

Image
 စမတ်ဖုန်းတွေမှာ ကိုယ်ရေးကိုယ်တာအကျဆုံး အချက်အလက်တွေ ရှိနေပေမယ့် သုံးစွဲသူအများစုကတော့ ကိုယ်ရေးလုံခြုံမှု အနည်းဆုံးနေရာတွေမှာပဲ အသုံးများလေ့ရှိပါတယ်။ ဘတ်စ်ကားပေါ်မှာ၊ ဓာတ်လှေကားနဲ့ လူအများနဲ့အတူတန်းစီစောင့်ဆိုင်းနေတဲ့ နေရာတွေမှာ စမတ်ဖုန်းအသုံးပြုတာက မိမိရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဘေးပတ်ဝန်းကျင်နဲ့ ဝေမျှနေသလိုပါပဲ။ စမတ်ဖုန်းတွေက သုံးစွဲသူရဲ့ အလေ့အထတွေနဲ့ အကြိုက်တွေကို သိနားလည်ပြီး ပိုမိုသုံးစွဲရ အဆင်ပြေအောင် ဖန်တီးလာနိုင်တာနဲ့အမျှ ကိုယ်ရေးအချက်အလက် လုံခြုံမှုအပေါ် စိုးရိမ်ရမှုကလည်း အရင်ကထက် တိုးလာနေပါတယ်။ ဒါကြောင့် Samsung ကနေ ဘယ်နေရာသွားသွား မိမိဖုန်းကို ဘေးကနေ တစ်ယောက်ယောက်က ချောင်းကြည့်တာမျိုး မရှိစေရအောင် ကာကွယ်ပေးမယ့် ကိုယ်ရေးလုံခြုံမှု အကာအကွယ်သစ်ကို မကြာခင်မှာပဲ မိတ်ဆက်ပေးလာတော့မှာပါ။ လူတွေပြည့်ကြပ်နေတဲ့ နေရာတွေပေါ်မှာတောင် ဘယ်သူကြည့်နေမလဲဆိုတာ စိုးရိမ်စရာမလိုဘဲ Message တွေစစ်တာ၊ ဒါမှမဟုတ် လျှို့ဝှက်ကုဒ်တွေ ရိုက်တာမျိုးအထိကို စိတ်ချလက်ချ လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အတွေ့အကြုံဖြင့် တည်ဆောက်ထားသော စိတ်ကြိုက်ချိန်ညှိနိုင်မည့် ကာကွယ်ရေးစနစ် ကိုယ်ရေးကိ...

MPT ၏ နိုင်ငံတစ်ဝန်း နည်းပညာလေ့လာသင်ကြားရေးအစီအစဉ်မှတစ်ဆင့် ကျောင်းသား ၅၀၀ နီးပါး လုပ်ငန်းခွင်အတွေ့အကြုံနှင့် အသိပညာများ ရရှိခဲ့

Image
 MPT က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ “၂၀၂၅ ခုနှစ် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင် လေ့လာရေးအစီအစဉ်” ကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုရှိ MPT ရုံးများတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ နည်းပညာ တက္ကသိုလ် (၁၆) ခုမှ ကျောင်းသား/ကျောင်းသူ ၅၀၀ နီးပါး တက်ရောက်လေ့လာခဲ့ကြပါသည်။  MPT အနေဖြင့် ပညာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ ဤအစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ရာ ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့ တက္ကသိုလ်တွင် သင်ကြားခဲ့သော ဘာသာရပ်များကို တကယ့်လက်တွေ့လုပ်ငန်းခွင်၌ မည်သို့အသုံးချနေသည်ကို သိရှိနားလည်စေရန်နှင့် လုပ်ငန်းခွင်တွင်အမှန်တကယ်အသုံးချနေသည့် နည်းပညာများနှင့် ထိတွေ့ခွင့်ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက်ရောက်လေ့လာခဲ့သည့် ကျောင်းသား/သူ စုစုပေါင်း ၂,၈၀၀ ကျော်ကို သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။ MPT သည် တစ်နိုင်ငံလုံးရှိ ကျောင်းသား/သူ စုစုပေါင်း ၄၇၃ ဦးအတွက် နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းခွင် လေ့လာရေးအစီအစဉ်မျာ...

တီထွင်ဆန်းသစ် ခေတ်မီတဲ့ 50MP Ultra Wide Selfie Camera ၊ သာမန်ထက် ပိုလွန်ကောင်းမွန်တဲ့ Hardware-level အဆင့်ရှိPortrait ဓာတ်ပုံတွေနဲ့ Creator-Ready Video တွေအတွက် အကောင်းဆုံး စမတ်ဖုန်းဖြစ်လာမယ့် OPPO Reno15 Series 5G

Image
  ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က 0.6x Ultra Wide angle lens ပါရှိတဲ့ 50MP Ultra Wide Selfie Camera နဲ့အတူ တစ်ချိန်တည်းမှာပဲ မိမိရဲ့ အလုပ်နဲ့ နေ့စဉ်ဘဝအတွက် အမှန်တကယ် အထောက်အကူပြုနိုင်တဲ့ များစွာသော တီထွင်ဖန်တီးနိုင်စွမ်းတွေကို ဖော်ထုတ်ပြသနိုင်မဲ့ ခေတ်မီဆန်းပြားတဲ့ AI လုပ်ဆောင်ချက်တွေ ပါရှိလာမဲ့ OPPO Reno15 Series 5G : OPPO Reno15 5G နဲ့ OPPO Reno15 F 5G တို့ကို မိတ်ဆက်လာခဲ့ပြီဖြစ်ပါတယ်။ ပုံမှန် ရုပ်ပုံတစ်ခုထက် သာလွန်လှပစေနိုင်တဲ့ ရိုက်ချက်တွေပါရှိလာမဲ့ OPPO Reno15 Series 5G ဟာ ခံနိုင်ရည်အားနဲ့ ပတ်သက်ပြီး ကြည့်မယ်ဆိုရင်လဲ ပိုမိုကောင်းမွန်လာတဲ့ OPPO Reno15 5G မှာဆိုရင် 6500 mAh ဘက်ထရီ၊ OPPO Reno15 F 5G မှာဆိုရင် 7000 mAh ဘက်ထရီတို့နဲ့အတူ 80W SUPERVOOC Flash Charge အားသွင်းစနစ် တို့ထည့်သွင်းလာတာကြောင့် သုံးစွဲသူတွေအနေနဲ့ မိမိရဲ့နေ့စဉ်ဘဝမှာ အခက်အခဲ အတားအဆီးမရှိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ColorOS 16 နဲ့အတူ ပါရှိလာတဲ့ အသစ်စက်စက် အဆင့်မြှင့်တင်ထားတဲ့ All-New Trinity Engine Power ကလဲ ပိုမိုချောမွေ့ပြီးနှောင့်နှေးမှု မရှိတဲ့ သုံးစွဲမှု အတွေ့အကြုံကို ပေးအပ်သွားမှာဖြစ်သလို 6-Year Flu...

သုံးစွဲသူတွေအတွက် အဆင်ပြေချောမွေ့မှုနဲ့ နည်းပညာတိုးတက်မှုတွေကြောင့် နာမည်ကျော်ကြားခဲ့ပြီးသား ColorOS 15 မှ ပိုမို တိုးတက်ကောင်းမွန်တဲ့ အဆင့်မြှင့်တင်မှုနဲ့အတူ ရောက်ရှိလာတော့မဲ့ ColorOS 16

Image
  အဆင့်မြှင့်တင်လိုက်တဲ့ ColorOS 16 ကို OPPO Reno15 Series 5G မှာ စတင်ခံစားတွေ့ကြုံနိုင်တော့မှာဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်OPPO က စမတ်ဖုန်းသုံးစွဲသူတွေအကြား ကောင်းသတင်းနဲ့ နာမည်ကျော်ကြား လူကြိုက်များပြီးသားဖြစ်တဲ့ OPPO ColorOS 15 ကို အခုတစ်ခါမှာတော့ ပိုမိုအဆင့်မြင့်လာတဲ့ နည်းပညာနဲ့အတူ ရွေးချယ် စမ်းသပ်စရာ လုပ်ဆောင်ချက်များစွာ ပါရှိလာတဲ့ OPPO ColorOS 16 အဖြစ် အဆင့်မြှင့်တင်လိုက်ကာ System တစ်ခုလုံး ချောမွေ့မြန်ဆန်မှုနဲ့အတူ နည်းပညာပိုင်းဆိုင်ရာမှာ အထူးတိုးတက်လာတဲ့ AI လုပ်ဆောင်ချက်တွေပါဝင်တဲ့ OPPO ColorOS 16 ကို မြန်မာနိုင်ငံက စမတ်ဖုန်းသုံးစွဲသူတွေအနေနဲ့ OPPO Reno15 Series 5G နဲ့အတူ အခြားသော ပလက်ဖောင်းတွေမှာပါ ချိတ်ဆက်အသုံးပြုလာနိုင်တော့မှာဖြစ်ပါတယ်။ Customised AI လုပ်ဆောင်ချက်များစွာနဲ့အတူ စုံလင်လှတဲ့ ColorOS 16 ယခင်က မိတ်ဆက်ခဲ့ပြီးသား ColorOS 15 မှာဆိုရင် သုံးစွဲသူတွေအတွက် အမှန်တကယ် အသုံးဝင်စေနိုင်မဲ့ AI လုပ်ဆောင်ချက်တွေ ၊ သီးသန့်ဖန်တီးပြုပြင်နိုင်တဲ့ Customised Feature တွေ ပါရှိခဲ့တာကြောင့် သုံးစွဲသူတွေနဲ့ Technology ကို တကယ်နားလည်တတ်ကျွမ်းကြတဲ့ Tech Media၊ Tech Revi...