Samsung ရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှု နည်းပညာအသစ်ကို မကြာခင် တွေ့မြင်ရတော့မည်
စမတ်ဖုန်းတွေမှာ ကိုယ်ရေးကိုယ်တာအကျဆုံး အချက်အလက်တွေ ရှိနေပေမယ့် သုံးစွဲသူအများစုကတော့ ကိုယ်ရေးလုံခြုံမှု အနည်းဆုံးနေရာတွေမှာပဲ အသုံးများလေ့ရှိပါတယ်။ ဘတ်စ်ကားပေါ်မှာ၊ ဓာတ်လှေကားနဲ့ လူအများနဲ့အတူတန်းစီစောင့်ဆိုင်းနေတဲ့ နေရာတွေမှာ စမတ်ဖုန်းအသုံးပြုတာက မိမိရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဘေးပတ်ဝန်းကျင်နဲ့ ဝေမျှနေသလိုပါပဲ။ စမတ်ဖုန်းတွေက သုံးစွဲသူရဲ့ အလေ့အထတွေနဲ့ အကြိုက်တွေကို သိနားလည်ပြီး ပိုမိုသုံးစွဲရ အဆင်ပြေအောင် ဖန်တီးလာနိုင်တာနဲ့အမျှ ကိုယ်ရေးအချက်အလက် လုံခြုံမှုအပေါ် စိုးရိမ်ရမှုကလည်း အရင်ကထက် တိုးလာနေပါတယ်။
ဒါကြောင့် Samsung ကနေ ဘယ်နေရာသွားသွား မိမိဖုန်းကို ဘေးကနေ တစ်ယောက်ယောက်က ချောင်းကြည့်တာမျိုး မရှိစေရအောင် ကာကွယ်ပေးမယ့် ကိုယ်ရေးလုံခြုံမှု အကာအကွယ်သစ်ကို မကြာခင်မှာပဲ မိတ်ဆက်ပေးလာတော့မှာပါ။ လူတွေပြည့်ကြပ်နေတဲ့ နေရာတွေပေါ်မှာတောင် ဘယ်သူကြည့်နေမလဲဆိုတာ စိုးရိမ်စရာမလိုဘဲ Message တွေစစ်တာ၊ ဒါမှမဟုတ် လျှို့ဝှက်ကုဒ်တွေ ရိုက်တာမျိုးအထိကို စိတ်ချလက်ချ လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ အတွေ့အကြုံဖြင့် တည်ဆောက်ထားသော စိတ်ကြိုက်ချိန်ညှိနိုင်မည့် ကာကွယ်ရေးစနစ်
ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက် လိုအပ်ချက်တွေက တစ်ဦးနှင့်တစ်ဦး မတူညီနိုင်တာဖြစ်လို့ ယခု လုံခြုံရေးစနစ်အသစ်မှာ သုံးစွဲသူတိုင်း မိမိစိတ်ကြိုက်ရွေးချယ်နိုင်မယ့် အဆင်ပြေဆုံးနည်းလမ်းတွေကို ဖန်တီးပေးထားပါတယ်။ မိမိအနေနဲ့ လုံခြုံရေး အကာအကွယ်လိုအပ်တယ်လို့ ယူဆတဲ့ Application ကို အသုံးပြုချိန်မှာသာ (သို့မဟုတ်) ကိုယ်ရေးလုံခြုံမှုရှိဖို့ အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေ အသုံးပြုဖို့အတွက် လျှို့ဝှက်ကုဒ်တွေ ရိုက်နှိပ်ရချိန်မှာသာ ဒီလုံခြုံရေး စနစ်သစ်ကနေ အလိုအလျောက် အကာအကွယ် ပေးနိုင်အောင်လည်း စိတ်ကြိုက် ပြင်ဆင်ထားနိုင်မှာပါ။ အဆိုပါ စနစ်ကို လိုအပ်သလို စိတ်ကြိုက် ချိန်ညှိနိုင်မှာဖြစ်တဲ့ အတွက် မိမိလိုအပ်တဲ့ လုံခြုံရေးအဆင့်ပေါ်မူတည်ပြီး တခြားသူတွေမြင်တွေ့နိုင်မယ့် အချက်အလက်တွေကို ကန့်သတ်ကာ ခွင့်ပြုချက်မရှိဘဲ ကြည့်ရှုခြင်းကနေ လုံခြုံစွာ ကာကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။
ဒါတင်မကဘဲ ဖုန်းအသုံးပြုနေစဉ်အတွင်း ပေါ်လာနိုင်တဲ့ အသိပေးချက် (Notification Pop-ups) တွေကိုလည်း မိမိတစ်ဦးတည်းသာ မြင်တွေ့နိုင်အောင် သီးသန့် ကာကွယ်ထားနိုင်ဦးမှာပါ။ ဒီစနစ်က ပုံသေသတ်မှတ်ထားတာမျိုး မဟုတ်ဘဲ အသုံးပြုသူရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး လိုအပ်သလို ချိန်ညှိနိုင်သလို၊ ပိတ်ထားနိုင်တဲ့အတွက် မိမိစိတ်ကြိုက် စီမံနိုင်တဲ့ ကိုယ်ပိုင်လုံခြုံရေးစနစ် ကို ရရှိစေမှာဖြစ်ပါတယ်။
ဒီစနစ်ကို ငါးနှစ်ကျော်တိုင်အောင် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်တာ၊ တီထွင်စမ်းသပ်တာနဲ့ အနုစိတ်ပြုပြင်မွမ်းမံတာတွေပြုလုပ်ရင်း အချိန်ယူဖန်တီးခဲ့တာဖြစ်ပြီး သုံးစွဲသူများရဲ့ ဖုန်းအသုံးပြုမှုပုံစံ၊ တစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာအပေါ် အမြင်တွေနဲ့ နေ့စဉ်လူနေမှုဘဝမှာ လုံခြုံရေးဆိုတာ ဘယ်လိုမျိုး ရှိနေသင့်သလဲဆိုတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားထားတာပါ။ ဒီစနစ်က အသုံးပြုသူကို အနှောက်အယှက်မဖြစ်စေဘဲ အကောင်းဆုံးကာကွယ်ပေးနိုင်ဖို့အတွက် Hardware နှင့် Software နည်းပညာတွေကို ကျွမ်းကျင်စွာ ပေါင်းစပ်ဖန်တီးထားတဲ့ ရလဒ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
မိုဘိုင်းလ်ဖုန်းများရဲ့ ကိုယ်ရေးလုံခြုံမူစနစ်အတွက် ပိုမိုမြင့်မားတဲ့ စံနှုန်းသစ်
ဒီစနစ်ဟာ ဖုန်းအသုံးပြုသူတွေ စိတ်ချလုံခြုံစေဖို့အတွက် Galaxy ရဲ့ နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှုတစ်ခုပါပဲ။ ခိုင်မာတဲ့ လုံခြုံရေးစနစ် မရှိဘဲနဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုဆိုတာ မရှိနိုင်ပါဘူး။ ဒါကြောင့် Samsung Knox ဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် Knox Vault လိုမျိုး Hardware လုံခြုံရေးကနေ Knox Matrix လိုမျိုး Ecosystem ကာကွယ်မှုတွေအထိ Galaxy device များကို အလွှာလိုက် ကာကွယ်ပေးလာခဲ့တာပါ။ ယခု နောက်ဆုံးပေါ် အကာအကွယ်စနစ်ကတော့ Samsung ရဲ့ လုံခြုံရေးအပေါ် ထားရှိတဲ့ ခိုင်မာတဲ့ရပ်တည်ချက်အတိုင်း Pixel တစ်ခုချင်းစီအထိ အသေးစိတ်ကျတဲ့ ကိုယ်ရေးလုံခြုံမှုစနစ် အဖြစ် ပိုမိုစေ့စပ်ကောင်းမွန်အောင် အဆင့်မြှင့်တင်ပေးလိုက်တာဖြစ်ပါတယ်။
ဒီစနစ်အသစ်က မျက်မြင်တွေ့နိုင်တဲ့ ကိုယ်ရေးလုံခြုံမှုနဲ့ လက်တွေ့ခံစားရမယ့် စိတ်ချရမှုတွေ ယူဆောင်လာမှာဖြစ်ပြီး သိပ်မကြာခင်မှာပဲ Galaxy မှာ တွေ့မြင်ရတော့မှာပါ။
ယခုလို Samsung ရဲ့ နောက်ဆုံးပေါ် နည်းပညာအသစ်တွေနဲ့ Galaxy ထုတ်ကုန်တွေနဲ့ပတ်သတ်ပြီး အချိန်နဲ့ တပြေးညီသိရှိလိုရင်တော့ Samsung Myanmar ရဲ့ တရားဝင် Website နဲ့ Facebook စာမျက်နှာများမှာ ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်မှာဖြစ်ပါတယ်။
Samsung Electronics Co., Ltd. အကြောင်း
Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးညဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ Digital Signage များ၊ စမတ်ဖုန်းများ၊ Wearable ထုတ်ကုန်များ၊ Tablet များ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေးစနစ်များနှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ် နှင့် Foundry များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ထို့အပြင် Samsung သည် ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်နည်းပညာများ၊ HVAC Solutions များ နှင့် စက်ရုပ်တီထွင်မှုနည်းပညာများကို ပိုမိုတိုးတက်အောင် တီထွင်ဖန်တီးလျက်ရှိပြီး၊ ဆန်းသစ်တီထွင်သော မော်တော်ယာဉ်နည်းပညာနှင့် အသံပိုင်းဆိုင်ရာနည်းပညာထုတ်ကုန်များကိုလည်း Harman မှတစ်ဆင့် ဖန်တီးထုတ်လုပ်နေပါသည်။ Samsung ၏ SmartThings Ecosystem၊ မိတ်ဖက်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ စုံလင်သော ထုတ်ကုန်အမျိုးအစားများစွာတွင် AI နည်းပညာကို ထည့်သွင်းပေါင်းစပ်ပေးမှုများနှင့်အတူ Samsung သည် လွယ်ကူချောမွေ့ပြီး အဆင့်မြင့်သော ဆက်သွယ်ချိတ်ဆက်မှု အတွေ့အကြုံကို ဖန်တီးဖော်ဆောင်ပေးလျက်ရှိပါသည်။ ပိုမိုပြည့်စုံစွာ သိရှိုနိုင်ရန်နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများနှင့် သတင်းထုတ်ပြန်ချက်များကို သိရှိနိုင်ရန်အတွက် http://news.samsung.com သို့မဟုတ် https://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည်။

.png)
.png)

Comments
Post a Comment