အကြမ်းခံပြီး မာကြောတဲ့ ဒီဇိုင်း ၊ ခံနိုင်ရည် ကြီးမားတဲ့ ဘက်ထရီ ၊ ချိုသာတဲ့ ဈေးနှုန်းနဲ့အတူ ချောမွေ့သွက်လက်လှတဲ့ OPPO A5 ကို စတင်မိတ်ဆက်
ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ OPPO က သုံးစွဲသူတွေ အကြိုက်များကြတဲ့ A Series တွေထဲက နောက်ဆုံးပေါ် ထုတ်ကုန် OPPO A5 ကို ၇၁၉,၉၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အကြမ်းတမ်းဆုံး စိန်ခေါ်မှုတွေအတွက် ပုံဖော်ထုတ်လုပ်ထားတဲ့ OPPO A5 ဟာ အချောမွေ့ဆုံး သုံးစွဲမှု အတွေ့အကြုံနဲ့အတူ တည်ဆောက်ဖန်တီးထားသလို IP65 Water and Dust Resistance ၊ Military-Grade Shock Resistance ၊ ကြီးမားတဲ့ 6,000 mAh ဘက်ထရီ အပါအဝင် ၅ နှစ်တာ ခံနိုင်ရည်ပြည့်ဝတဲ့ ဘက်ထရီသက်တမ်းပါရှိလာပြီး ချိုသာသက်သာတဲ့ ဈေးနှုန်းနဲ့အတူ အရည်အသွေးမြင့် ၊ အကြမ်းခံနိုင်မှု အားကောင်းတဲ့ စွမ်းအားမြင့် စမတ်ဖုန်းအဖြစ် ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ အချိန်များစွာ ကြာမြင့်တဲ့အထိ ခံနိုင်ရည်ရှိတဲ့ OPPO A5 ရဲ့ အကြမ်းခံ မာကြောမှု အချိန်မရွေး ခိုင်ခံ့မာကြောစွာ အသုံးပြုနိုင်စေဖို့ အထူးဒီဇိုင်းထုတ်ထားတဲ့ OPPO A5 ဟာဆိုရင် ပြင်ပက ဝင်ရောက်လာနိုင်တဲ့ ရေနဲ့ ဖုန်ဒဏ်တွေကို ခံနိုင်ရည်ရှိအောင် တားဆီးပေးနိုင်တဲ့ IP65 အဆင့်ရှိ Dust and Water Resistance ပါရှိတာကြောင့် ဖုန်းကို ထိခိုက်စေနိုင်တဲ့ ပြင်ပသက်ရောက်မှု ဒဏ်တွေကနေ ကာကွယ...