PMWC 2025 ချန်ပီယံဆုကြီးကို “Yangon Galacticos” PUBG Mobile eSports အသင်းက ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပြီး မြန်မာ့ eSports ၏ သမိုင်းဝင်အောင်မြင်မှုတစ်ခုအဖြစ် မှတ်တိုင်ထူခဲ့
ယခုနှစ် PUBG Mobile World Cup (PMWC) တွင် ထူးခြားပြောင်မြောက်သော ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်နှင့် စိတ်အားထက်သန်မှုများကို မြင်တွေ့ခဲ့ရပြီး မြန်မာအသင်းသည် PUBG Mobile ၏ ကမ္ဘာလုံးဆိုင်ရာ စင်မြင့်ထက်တွင် သမိုင်းဝင် အောင်မြင်မှုကြီးကို ရယူဆွတ်ခူးခဲ့သည်။
မြန်မာနိုင်ငံ၏ ထိပ်တန်း eSports အသင်းဖြစ်သည့် Yangon Galacticos (YG) သည် PUBG MOBILE World Cup (PMWC) 2025 တွင် ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပြီး တစ်ကမ္ဘာလုံးမှ ထိပ်တန်း ပြိုင်ဘက်အသင်းများကို အနိုင်ရယူကာ မြန်မာ့ eSports ၏ သမိုင်းဝင်အောင်မြင်မှု တစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့သည်။
PUBG MOBILE World Cup (PMWC) ပြိုင်ပွဲကို eSports World Cup (EWC) 2025 ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆော်ဒီအာရေဗျနိုင်ငံ ရီယက်ဒ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာအနှံ့မှ ထိပ်တန်း PUBG MOBILE အသင်းများကို စုစည်းစေခဲ့သည်။ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် Yangon Galacticos သည် ဒေသတွင်းပြိုင်ပွဲနှင့် SEA Challengers League တို့ကို အောင်မြင်ခဲ့ပြီး Underdog အသင်းအဖြစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ Grand Finals ပွဲစဉ်သို့ တက်ရောက်လာသည့် အသင်းအနေဖြင့် Yangon Galacticos သည် စုစုပေါင်းအမှတ် ၁၅၇ မှတ်ဖြင့် Weibo Gaming ကဲ့သို့ နာမည်ကြီးအသင်းများကို အံ့အားသင့်ဖွယ် ဖြတ်ကျော်အနိုင်ရယူကာ ပထမနေရာတွင် ရပ်တည်ခဲ့သည်။
“မြန်မာနိုင်ငံကနေ မိုင်ပေါင်း ၄၀၀၀ ကျော်ဝေးတဲ့ PMWC စင်မြင့်ပေါ်မှာ ရပ်ပြီးတော့ ချန်ပီယံဆုကြီးကို အိမ်ကို ပြန်ယူလာမယ်ဆိုတဲ့ အိပ်မက်ကို တကယ်အကောင်အထည်ဖော်လိုက်နိုင်ပါပြီ” ဟု YG အသင်းခေါင်းဆောင် Master Smile က ပြောကြားခဲ့သည်။ ဒီအောင်ပွဲက ကျွန်တော်တို့အတွက် အရာအားလုံးပါပဲ။ ဒီအခိုက်အတန့်က ကျွန်တော်တို့အတွက်တင် မဟုတ်ဘဲနဲ့ ကျွန်တော်တို့ကို ယုံကြည်အားပေးနေတဲ့ ပရိသတ်တိုင်းအတွက်ပါ မဆုတ်မနစ် ကြိုးစားခဲ့ပါတယ်။ မြန်မာနိုင်ငံကို ချန်ပီယံဆုကြီး ယူလာနိုင်ခဲ့လို့ အရမ်းဂုဏ်ယူမိပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
ချန်ပီယံဆုသည် Yangon Galacticos အသင်းအတွက် သာမက ကျွမ်းကျင်မှု၊ စိတ်အားထက်သန်မှုနှင့် အရှိန်အဟုန် အပြည့်ရှိသော မြန်မာ့ eSports အသိုင်းအဝိုင်းအတွက် ကြီးမားသော အောင်မြင်မှုတစ်ခုပင်ဖြစ်သည်။ YG ၏ ဒေသတွင်း ပြိုင်ပွဲများမှ ကမ္ဘာလုံးဆိုင်ရာ စင်မြင့်ထက်သို့ တက်လှမ်းနိုင်ခဲ့သည့် ခရီးစဉ်သည် ကျွမ်းကျင်မှု၊ စည်းကမ်းနှင့် မဆုတ်မနစ်သော ဇွဲလုံ့လတို့ကို ထင်ဟပ်စေသည်။
YG အသင်းနည်းပြ MaKo က "ကျွန်တော်တို့ Yangon Galacticos ရဲ့ အနိုင်ရမှုက ကမ္ဘာ့ eSports အခင်းအကျင်းမှာ အရှေ့တောင်အာရှအသင်းတွေရဲ့ တိုးတက်လာမှုကိုလဲ ပေါ်လွင်စေပါတယ်။ ဒါက အခုမှ အစပဲရှိပါသေးတယ်။ ဒီအခိုက်အတန့်က မြန်မာနိုင်ငံက Gamer မျိုးဆက်သစ်တွေအတွက် ခွန်အားတစ်ခုဖြစ်လိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
PMWC 2025 သည် ကြည့်ရှုသူဦးရေ ၁.၃၈ သန်းအထိ စံချိန်တင်ရရှိခဲ့ပြီး ပရိသတ်များ၊ Content Creator များနှင့် ကမ္ဘာလုံးဆိုင်ရာ ဂိမ်းအသိုင်းအဝန်းအကြား အားပေးမှုများစွာ ရရှိခဲ့သည်။ ယခုနှစ် PUBG MOBILE World Cup Grand Finals တွင် ထူးခြားသော "Smash Rule" စည်းမျဉ်းတစ်ခုကို အသုံးပြုခဲ့ခြင်းကြောင့် ရလဒ်များကို မခန့်မှန်းနိုင်အောင်ဖြစ်ရပြီး နောက်ဆုံးပွဲစဉ်အထိ ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သည်။
ယခုပြိုင်ပွဲအပြင် PUBG MOBILE သည် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှတစ်ဝန်းရှိ eSports ကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်လျက်ရှိပါသည်။ PUBG MOBILE ၏ ကောင်းမွန်ပြီး အရည်အချင်းပြည့်မီသော ဖွဲ့စည်းမှုပုံစံသည် ရည်မှန်းချက်ကြီးမားသော အသင်းများကို ကမ္ဘာလုံးဆိုင်ရာ ပြိုင်ပွဲများနှင့် ထိတွေ့မှု ရရှိစေပြီး ကမ္ဘာ့အမြင့်ဆုံးအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိသည်။
PUBG MOBILE Myanmar ၏ Country Manager ဖြစ်သူ Aman Kumar က “PUBG MOBILE အနေနဲ့ မတူညီတဲ့ Background မျိုးစုံက အရည်အချင်းရှိတဲ့ ကစားသမားတွေအတွက် အောင်မြင်တောက်ပလာနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ စင်မြင့်ကို ပံ့ပိုးပေးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု ပြောကြားခဲ့သည်။ “Yangon Galacticos ရဲ့ PMWC 2025 မှာ သမိုင်းဝင် အနိုင်ရမှုက ပွင့်လင်းတဲ့ ယှဉ်ပြိုင်မှုတွေဟာ အခွင့်အလမ်းတွေ တိုးပွားလာစေကြောင်းနဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဂိမ်းအသိုင်းအဝိုင်းတွေကို မျှော်လင့်ချက် ခွန်အားပေးနိုင်ကြောင်း ပေါ်လွင်စေပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
Yangon Galacticos ၏ အောင်မြင်မှုသည် မြန်မာနိုင်ငံ၏ eSports အသိုင်းအဝန်းများတွင် ထင်ဟပ်နေပြီး ပရိသတ်များ၊ ဖန်တီးသူများနှင့် ပံ့ပိုးသူများထံမှ အားပေးထောက်ခံမှုများ ရရှိခဲ့သည်။ ၎င်းတို့၏ အောင်မြင်မှုခရီးစဉ်သည် eSports အသိုက်အဝန်းများအတွက် ပိုမိုကြီးထွားလာသော စိတ်အားထက်သန်မှုနှင့် မတူညီသော နေရာများမှ ကစားသမားများကို တစ်စုတစ်စည်းတည်းဖြစ်စေသည့် Mobile eSports ၏ ထူးခြားသော စွမ်းအားကို ထင်ဟပ်ပေါ်လွင်စေခဲ့သည်။
PMWC 2025 မှ ကြည့်ရှုသူအရေအတွက်နှင့် အသင်းအဆင့်များ အပါအဝင် ပြိုင်ပွဲအချက်အလက် အပြည့်အစုံကို Esports Charts တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
PUBG MOBILE eSports သတင်းများအတွက် Facebook, Instagram, X နှင့် YouTube တို့တွင် ဆက်လက်ကြည့်ရှုနိုင်သည်။
PUBG MOBILE World Cup အကြောင်း
2025 PUBG MOBILE World Cup (PMWC) သည် PUBG MOBILE အတွက် နွေရာသီ၏ အကြီးမားဆုံးပွဲစဉ်ဖြစ်သည့်အပြင် PUBG MOBILE eSports ယှဉ်ပြိုင်မှု၏ တရားဝင် Mid-season ပြိုင်ပွဲလည်းဖြစ်ပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၃,၀၀၀,၀၀၀ အထိ ပေးအပ်ထားသည်။ ၂၀၂၄ ခုနှစ်တွင် စတင် ကျင်းပခဲ့ပြီးနောက် ၂၀၂၅ PMWC ကို ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယက်ဒ်မြို့၏ eSports World Cup တွင် ကျင်းပခဲ့ပြီး အသင်း ၂၄ သင်းသည် ရင်ခုန်စိတ်လှုပ်ရှားဖွယ် အဆင့်သုံးဆင့်ဖြစ်သည့် Group Stage၊ Survival Stage နှင့် Grand Finals တို့ကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၃ ရက်နေ့အထိ ယှဉ်ပြိုင်ခဲ့ကြသည်။ ယခုနှစ်၏ PUBG MOBILE World Cup Grand Finals တွင် အဆင့်မြှင့်တင်ထားသော SMASH စည်းမျဉ်းစည်းကမ်းများကို မိတ်ဆက်ခဲ့ပြီး ပွဲစဉ်များကို ယခင်ကထက် ပိုမိုပြိုင်ဆိုင်မှုပြင်းထန်စေမည်ဖြစ်သည်။ အဆင့်မြှင့်ထားသော စည်းမျဉ်းများတွင် ပွဲစဉ်အမှတ်ကို Day 2 အပြီးတွင် အမှတ်အများဆုံးအသင်း၏ စုစုပေါင်းရမှတ်များအပြင် အပိုဆုရမှတ် ၁၀ မှတ်အဖြစ် သတ်မှတ်ထားသည်။ SMASH စည်းမျဉ်းများမှ တစ်ဆင့် ချန်ပီယံဆုကို ရယူရန်အတွက် အသင်းတစ်သင်းသည် ပထမဦးစွာ Match Point အဆင့်သို့ရောက်ရှိရမည် သို့မဟုတ် ကျော်လွန်သွားရမည်ဖြစ်ပြီး အခြားသီးခြားပွဲစဉ်များကို အနိုင်ရရှိရမည်ဖြစ်သည်။ ပွဲစဉ် ၁၈ ခုအတွင်း မည်သည့်အသင်းမှ မအောင်မြင်ပါက အနိုင်ရသူကို စုစုပေါင်းရမှတ်ဖြင့် ဆုံးဖြတ်မည်ဖြစ်သည်။
PUBG MOBILE အကြောင်း
PUBG MOBILE သည် ၂၀၁၇ ခုနှစ်တွင် ရေပန်းစားစေခဲ့သော PUBG: BATTLEGROUNDS ကို အခြေခံထားသည်။ ကစားသမား အယောက် ၁၀၀ ခန့်သည် ဝေးလံခေါင်သီသော ကျွန်းပေါ်သို့ လေထီးနှင့် ဆင်းလာပြီး အနိုင်ရသူမှ အားလုံးကို သိမ်းပိုက်နိုင်သော နောက်ဆုံးပွဲစဉ်အထိ ယှဉ်ပြိုင်ကြသည်။ ကစားသမားများသည် ကိုယ်ပိုင်လက်နက်များ၊ ယာဉ်များနှင့် လိုအပ်သည့် ပစ္စည်းများကို ရှာဖွေစုဆောင်းရမည်ဖြစ်ကာ အမြင်အာရုံနှင့် နည်းဗျူဟာ ကြွယ်ဝပြီး အချိန်နှင့်အမျှ နေရာ ကျဉ်းမြောင်းလာသော တိုက်ပွဲတွင် အခြားကစားသမားများအားလုံးကို အနိုင်ရယူရမည်ဖြစ်သည်။ PUBG MOBILE ကို Tencent Games ၏ LIGHTSPEED STUDIOS နှင့် KRAFTON Inc တို့က ပူးပေါင်းဖန်တီးထားသည်။
ပိုမိုသိရှိလိုပါက PUBG MOBILE ၏ တရားဝင် အကောင့်များဖြစ်သည့် Facebook, Instagram, X နှင့် YouTube တို့တွင် လေ့လာနိုင်ပါသည်။
PUBG MOBILE ကို App Store နှင့် Google Play တွင် အခမဲ့ဒေါင်းလုဒ်လုပ်နိုင်ပါသည်။
Comments
Post a Comment