Maybelline ‘Super Stay Lumi-Matte Foundation’ မိတ်ဆက်ပွဲမှတစ်ဆင့် မြန်မာနိုင်ငံရှိ Maybelline ချစ်သူများအတွက် ပျော်ရွှင်စိတ်လှုပ်ရှားစရာ အစီအစဉ်များ ယူဆောင်လာ

  •  Maybelline မှ နောက်ဆုံးပေါ်တီထွင်ဆန်းသစ်မှုဖြင့် နာရီ (၃၀) ကြာရှည်ခံပြီး Glow Matte Look ပေးစွမ်းသည့် Super Stay Lumi-Matte Foundation ကို မိတ်ဆက်လိုက်ပြီဖြစ်သည်။
  • Maybelline ‘Super Stay Lumi-Matte’ မိတ်ဆက်ပွဲကို ဖိတ်ကြားထားသော အနုပညာရှင်များနှင့် ပျော်ရွှင်စိတ်လှုပ်ရှားစရာ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
  • Maybelline မှ မြန်မာနိုင်ငံရှိ သုံးစွဲသူများအားလုံးကို မိတ်ကပ်မှတစ်ဆင့် မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိစွာ ဖော်ထုတ်ပြသရန် ဆက်လက်တိုက်တွန်းအားပေးလျက်ရှိသည်။

ကမ္ဘာ့နံပါတ် (၁) အလှကုန်အမှတ်တံဆိပ်ဖြစ်သော Maybelline New York သည် ၎င်း၏ နောက်ဆုံးပေါ်တီထွင်ဆန်းသစ်မှုဖြင့် ဖန်တီးထုတ်လုပ်ထားသည့် Super Stay Lumi-Matte Foundation ကို Junction City တွင် ဖိတ်ကြားထားသောအနုပညာရှင်များ၊ ပရိသတ်များ ဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားတွင် အနုပညာရှင်တို့၏ တက်ရောက်မှုများ၊ makeover အစီအစဉ်၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစွာ အကောင်းဆုံးဖော်ထုတ်ပြသမှုတို့ကို ပျော်ရွှင်စိတ်ဝင်စားစရာ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

Maybelline ၏ နောက်ဆုံးပေါ် Air-Flex နည်းပညာဖြင့် တီထွင်ဆန်းသစ်ထားပြီး အသားအရေအတွက် အကျိုးများစေသော Amino Acids နှင့် Hydrolysed Proteins၊ Micro-Lumi Pearl System တို့ ပေါင်းစပ်ပါဝင်ထားခြင်းကြောင့် မျက်နှာအသားအရေပေါ်တွင် ပေါ့ပေါ့ပါးပါးရှိစေပြီး ရေစို၊ ချွေးစိုခံခြင်း၊ ပျံ့ရွေ့ခြင်းမရှိဘဲ နာရီ (၃၀) ကြာရှည်ခံသည့် Super Stay Lumi-Matte Foundation ကို မိတ်ဆက်ပေးခဲ့ပါသည်။ 

ထို့အပြင် Super Stay Lumi-Matte Foundation တွင် oil-absorbing perlite ပါဝင်သောကြောင့် မြန်မာနိုင်ငံရာသီဥတုနှင့် ကိုက်ညီမှုရှိကြောင်းကိုလည်း ဆွေးနွေးပြောဆိုခဲ့ကြပါသည်။

“ကျွန်မတို့ Maybelline က အလှအပဆိုင်ရာ trends တွေအလိုက် အရည်အသွေးကောင်းမွန်ပြီး နောက်ဆုံးပေါ် နည်းပညာတွေနဲ့ တီထွင်ဆန်းသစ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို ယူဆောင်လာပေးတာဖြစ်ပါတယ်။ အခုဆိုရင် Maybelline က မြန်မာနိုင်ငံမှာ ၂၅ နှစ်နီးပါးရပ်တည်နေပြီး မိတ်ကပ်ချစ်သူအားလုံးကို မိတ်ကပ်ကတစ်ဆင့် confidence နဲ့ self-expression တွေဖော်ထုတ်ပြသဖို့ အမြဲတိုက်တွန်းလျက်ရှိပါတယ်။ ဒီနေ့မိတ်ဆက်ပေးလိုက်တဲ့ Super Stay Lumi-Matte Foundation ဟာဆိုရင်လည်း ရာသီဥတုတိုင်းနဲ့ ကိုက်ညီမှုရှိပြီး အသားအရေကိုထိန်းသိမ်းပေးတဲ့ ဖော်မြူလာတွေပါဝင်လို့ Glow Matte look လေးကို ရရှိစေပါတယ်” ဟု Maybelline ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါသည်။

မိတ်ဆက်ပွဲအခမ်းအနားကို မြန်မာနိုင်ငံ၏ ထိပ်တန်းမင်းသား အောင်ရဲလင်း နှင့် နာမည်ကျော်မင်းသမီး ယွန်းဝတီလွင်မိုးတို့ တက်ရောက်ခဲ့ကြပြီး Maybelline နှင့်အတူ အရောင်အသွေးစုံလင်၍ ပျော်ရွှင်တက်ကြွ ဖွယ်ရာ အစီအစဉ်များတွင် ပါဝင်ခဲ့ကြပါသည်။ ထို့အပြင် မိတ်ကပ်ပညာရှင် Kwan Kwan နှင့် Stylist Yoko San တို့မှလည်း ကံထူးရှင် ၂ ဦးကို Super Stay Lumi-Matte Foundation အသုံးပြုပြီး ခေါင်းအစခြေအဆုံး makeover ပြုလုပ်ပေးခဲ့ကာ မိတ်ဆက်ပွဲအတွေ့အကြုံကို ပိုမိုစိတ်ဝင်စားစရာကောင်းစေခဲ့ပါသည်။ ပွဲအတွင်းသို့ လာရောက်ကြည့်ရှုသူပရိသတ်များသည် RVC Dance Crew ၏ ကပြတင်ဆက်မှုများ၊ အလှအပရေးရာ အစီအစဉ်များ၊ ပျော်ရွင်စိတ်လှုပ်ရှားစရာ ဖျော်ဖြေရေးအစီအစဉ်များဖြင့် Maybelline New York ၏ အငွေ့အသက်ကို ဤမိတ်ဆက်ပွဲအခမ်းအနားတွင် သက်ဝင်ခံစားနိုင်ခဲ့ကြပါသည်။

“Super Stay Lumi-Matte Foundation က မိတ်ကပ်ထူထူကြီးဖြစ်နေတာမျိုးမရှိဘဲ Glow Matte Look လေးကို ရစေလို့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုတိုးလာစေပါတယ်” ဟု Glam Up Convo အစီအစဉ်တွင် beauty trends များ၊ မိတ်ကပ် tips and tricks များ ပါဝင်ဆွေးနွေးခဲ့သော Maybelline fan၊ နာမည်ကျော် မင်းသမီး ယွန်းဝတီလွင်မိုးမှ ပြောပြခဲ့ပါသည်။ “Maybelline နဲ့တူတူ ဒီနေ့မိတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်ပြီး Super Stay Lumi-Matte Foundation ရဲ့ တီထွင်ဆန်းသစ်ထားတဲ့ ဖော်မြူလာတွေ ဘယ်လောက်ကောင်းကြောင်းကို အားလုံနဲ့ မျှဝေပေးသွားချင်ပါတယ်။”

Makeup Artist Kwan Kwan မှလည်း “Maybelline က လူတစ်ဦးတစ်ယောက်ဆီတိုင်းကို ကိုယ့်ရဲ့ ကိုယ်ပိုင်အလှတွေ ဖော်ထုတ်ပြသပြီး ယုံကြည်မှုရှိရှိနဲ့ရှေ့ဆက်ဖို့ အမြဲအားပေးတာကို သဘောကျပါတယ်။ ဒီနေ့မိတ်ဆက်ပွဲအခမ်းအနားမှာ Style icon Yoko San နဲ့အတူ Super Stay Lumi-Matte Foundation သုံးပြီး ကံထူးရှင်တွေကို ခေါင်းအစခြေအဆုံး makeover လုပ်ပေးခဲ့ရတာကတော့ အမှတ်တရပါပဲ။ ဒီ foundation က လူကြားထဲမှာဖြစ်ဖြစ်၊ ဘယ်လိုရာသီဥတုမျိုးမဆို၊ လှုပ်ရှားရုန်းကန်မှုများတဲ့ လူနေမှုဘဝပုံစံအားလုံးနဲ့ ကိုက်ညီအောင်ထုတ်ထားလို့ Maybelline ကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

မိတ်ဆက်ပွဲအခမ်းအနား၏ အစီအစဉ်တစ်ခုအဖြစ် ပွဲနေ့တစ်ရက်ထဲတွင် Maybelline product များကို အထူး လျှော့ဈေးများဖြင့် ရောင်းချပေးခဲ့ရာ Super Stay Lumi-Matte Foundation (35ml) ကို ၂၅ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ဝယ်ယူနိုင်ပြီး customized key chain များ လက်ဆောင်ပေးခြင်း၊ Super Stay Lumi-Matte Foundation အပါအဝင် အခြား Maybelline products များကို ကျပ် (၁၂၀,၀၀၀) ဖိုး ဝယ်ယူသူတိုင်းအတွက် Maybelline ထီးများကိုလည်း လက်ဆောင်ပေးအပ်ခဲ့ပါသည်။

Super Stay Lumi-Matte Foundation မိတ်ဆက်ပွဲသည် သာမန်product မိတ်ဆက်ပွဲတစ်ခုထက်ပိုသော ယုံကြည်မှု၊ စိတ်ကူးစိတ်သန်းများ၊ မိမိကိုယ်ကိုယ် အကောင်းဆုံးဖော်ထုတ်ပြသခြင်း စသည့်အရည်အသွေးများ ကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ရင်ခုန်စိတ်လှုပ်ရှားစရာအစီအစဉ်များ၊ အနုပညာရှင်များ၏ တက်ရောက် အားပေးမှုများ၊ ရာသီဥတုအခြေအနေအမျိုးမျိုးနှင့်ကိုက်ညီသော အရည်အသွေးမြင့် foundation မိတ်ဆက်ပွဲ အခမ်းအနားမှတစ်ဆင့် Maybelline သည် မြန်မာနိုင်ငံရှိ အလှအပချစ်သူများနှင့် အကောင်းမွန်ဆုံး ချိတ်ဆက် နိုင်ခဲ့ပါသည်။ Maybelline ၏ ကုန်ပစ္စည်းအမျိုးအစားများထဲတွင် အသစ်တစ်ခုအဖြစ် ထပ်မံပါဝင်လာသော Super Stay Lumi-Matte Foundation မိတ်ဆက်ပေးခြင်းဖြင့် အရည်အသွေးကောင်းမွန်သော မိတ်ကပ် ပစ္စည်းများကို မြန်မာနိုင်ငံရှိ Maybelline ချစ်သူများထံ ယူဆောင်လာပေးပြီး သုံးစွဲသူများကို မိမိတို့၏ ကိုယ်ပိုင်အလှများ ထုတ်ဖော်ပြီး ယုံကြည်ချက်မြင့်မားစွာ တောက်ပရှင်သန်ကြရန် ဆက်လက်အားပေး တိုက်တွန်းနိုင်ခဲ့ပါသည်။


Maybelline New York အကြောင်း

Maybelline New York ကို ၁၉၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့ပထမဆုံး Mascara ကို New York တွင် စတင်ထုတ်လုပ်ခဲ့သည့် အမှတ်တံဆိပ်ဖြစ်ပါသည်။ Maybelline New York သည် နှစ်ပေါင်း (၁၁၀) ကျော် သက်တမ်းရှိပြီး ကမ္ဘာ့နံပါတ် (၁) အရောင်းရဆုံးအလှကုန်လည်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း နှစ်ပေါင်း (၂၅) နှစ်ကြာ လုပ်ကိုင်လျက်ရှိပြီး အများတတ်နိုင်သော သင့်တင့်ဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ Maybelline Super Stay Lumi-Matte Foundation၊ Fit Me Foundation၊ Superstay Matte Lipstick နှင့် Hypercurl တို့သည် မြန်မာနိုင်ငံရှိ သုံးစွဲသူအမျိုးသမီးများကြား ရေပန်းစားလူကြိုက်များသော ထုတ်ကုန်ပစ္စည်းများ ဖြစ်ပါသည်။ Maybelline သည် ပြောင်းလဲလျက်ရှိသော beauty trends များကို စဉ်ဆက်မပြတ်စောင့်ကြည့်နေပြီး အလှအပဆိုင်ရာ trends များ ဖြစ်ပေါ်စေသည့်အပြင် နှစ်စဉ်နှစ်တိုင်းတွင်လည်း ခေတ်မီနည်းပညာများ အသုံးပြု၍ ထုတ်ကုန်သစ်များကို ဖန်တီးမိတ်ဆက်ပေးလျက်ရှိပါသည်။



Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်