MPT က မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးကို ကူညီထောက်ပံ့ပေးခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြု

 ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် MPT က နိုင်ငံတစ်ဝန်းရှိ လူငယ်များ၏ စွမ်းဆောင်နိုင်မှုစွမ်းအား၊ အရည်အချင်း နှင့် အထောက်အကူပြုမှုများကို ဂုဏ်ပြုလိုက်ပါသည်။ ယခုနှစ်၏ အပြည်ပြည်ဆိုင်ရာ ဆောင်ပုဒ်မှာ "လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီသို့" ဖြစ်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရာတွင် လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍကို အဓိကဖော်ပြထားပါသည်။

အဆိုပါ ဆောင်ပုဒ်နှင့်အညီ MPT သည် ရေရှည်တည်တံ့သည့် အသက်မွေးဝမ်းကျောင်းများကို အကောင်အထည်ဖော်နိုင်စေရန်အတွက် နိုင်ငံတစ်ဝန်းရှိ လူငယ်များအား ပညာရေးအခွင့်အလမ်းများ၊ လုပ်ငန်းခွင် လေ့လာရေး နှင့် သင်ကြားရေး အစီအစဉ် နှင့် အလုပ်အကိုင်အခွင့်အလမ်းများပေးအပ်ခြင်းဖြင့် ၎င်းတို့၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

MPT ၏ CSR E-Learning အစီအစဉ်သည် နိုင်ငံတစ်ဝန်းရှိ ပညာသင်ကြားလိုသူ လူငယ်များအား ဒေတာကုန်ကျစရိတ် နှင့် သင်တန်းကြေး ပေးရန်မလိုအပ်သည့် အခမဲ့လေ့လာသင်ယူနိုင်မည့် အွန်လိုင်းပညာရေး အစီအစဉ်ကို ၂၀၂၃ ခုနှစ်မှ စတင်ကာ ပေးအပ်လျက်ရှိပါသည်။   

အသက်မွေးဝမ်းကျောင်း ပညာရပ်များ၊ အိုင်တီနည်းပညာ၊ ဘာသာစကား၊ အလှအပရေးရာ၊ စီးပွားရေးနှင့် ခေါင်းဆောင်မှု အစရှိသည့် ကဏ္ဍ (၆) ခုတွင် သင်တန်းပေါင်း (၁၀၀) ကျော် ပေးအပ်လျက်ရှိပြီး လေ့လာလိုသူ လူငယ်များအနေဖြင့် https://rb.gy/twx1dm လျှောက်ထားနိုင်ပါသည်။

ယခုနှစ်တွင် MPT သည် ၂၀၂၅ ခုနှစ် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေး အစီအစဉ်ကိုလည်း ဆက်လက်ဆောင်ရွက်ခဲ့ပြီး နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် (၁၈) ခုမှ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူ (၁၈၀) နီးပါးအား လုပ်ငန်းခွင်ဆိုင်ရာ အသိပညာများကို စာတွေ့၊ လက်တွေ့ လေ့လာသင်ယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါအစီအစဉ်ကို ၂၀၁၈ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူပေါင်း (၂,၀၀၀) ကျော်ခန့်ကို လက်တွေ့လုပ်ငန်းခွင်နှင့် ဆက်စပ်နေသော ဗဟုသုတများ၊ အရည်အသွေးနှင့် ကျွမ်းကျင်မှုများကို မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။

ထို့အပြင် MPT သည် ၂၀၁၄ ခုနှစ်မှ စတင်၍ နိုင်ငံတစ်ဝန်းရှိ လူငယ်များအား ထောင်ပေါင်းများစွာသော အလုပ်အကိုင်အခွင့်အလမ်းများကို ပေးအပ်ခဲ့ပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတက်မှုနှင့် စီးပွားရေးဆိုင်ရာ စွမ်းဆောင်နိုင်မှုတို့ကို မြှင့်တင်ပေးရာတွင် အထောက်အကူ ပြုစေခဲ့ပါသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Naoki Shimane က “လူငယ်တွေက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါတဲ့သူတွေ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒါကြောင့် MPT အနေနဲ့ ပညာရေး၊ လုပ်ငန်းခွင်လေ့လာရေးနဲ့ သင်ကြားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကနေတစ်ဆင့် လူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီပံ့ပိုးပေးနေပါတယ်။ ဒီနေ့အထိ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကနေ လူငယ်ပေါင်း (၂) သိန်းကျော်ကို ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့နဲ့ ကိုယ့်ရဲ့ ရပ်ရွာလူထုအတွက် အပြုသဘောဆောင်တဲ့ ပံ့ပိုးမှုတွေဆောင်ရွက်နိုင်စေဖို့ အထောက်အပံ့ပြု ဆောင်ရွက်ပေးအပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကျွန်တော်တို့အနေနဲ့ လူငယ်တွေအတွက် အကျိုးကျေးဇူးရရှိစေမယ့် အစီအစဉ်တွေကို ဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT သည် ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့်မားသည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်နှင့် ကောင်းမွန်သော လှုပ်ရှားမှုများဖြင့် လူမှုအသိုက်အဝန်းကို ကူညီပံ့ပိုးရန် ဆက်လက် ကတိပြုပါသည်။

MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။


Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ