Posts

Showing posts from October, 2024

ချောမွေ့တဲ့ ဂိမ်းကစားမှုအတွေ့အကြုံတွေနဲ့အတူ အကြမ်းခံနိုင်မဲ့ အမာကြောဆုံး OPPO A3 ဖုန်း ဗားရှင်းအသစ် ကို မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်

 ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က ဂိမ်းချစ်သူတွေအတွက် အထူးအနေနဲ့ နောက်ဆုံးပေါ် OPPO A3 ဗားရှင်းအသစ်ကို ဒီကနေ့မှာ မြန်မာနိုင်ငံဈေးကွက်ထဲသို့ ၈၀၉,၉၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်လိုက်ပါတယ်။ နောက်ဆုံးပေါ် A Series စမတ်ဖုန်း အမှတ်တံဆိပ်တွေထဲကမှ “ အကြမ်းပတမ်းသုံး OPPO A3 Series ဖုန်း ”ဆိုတဲ့ ဆောင်ပုဒ်နဲ့ ထွက်ရှိလာတဲ့ OPPO A3 Series ရဲ့ နောက်ထပ် ဗားရှင်းတစ်မျိုးဟာလဲ ယခင် ရှေ့က OPPO A3 လိုမျိုး Military-Grade Shock Resistance နဲ့ SGS Premium Certification ရရှိထားတာကြောင့် ဘက်စုံ အကြမ်းခံနိုင်တဲ့အပြင် ပိုမိုများပြားလာတဲ့ ROM Storage နဲ့အတူ သုံးစွဲသူတွေ စိတ်တိုင်းကျစေနိုင်မဲ့ Gaming Assistance ပါ ထပ်မံပါရှိလာမှာဖြစ်ပါတယ်။ အလင်းအား 1,000nits Ultra Bright Display၊ 300% Ultra Volume Mode၊ Snapdragon 6s 4G Gen1 မိုဘိုင်းပလက်ဖောင်းနဲ့အတူ ယခင် OPPO A3 ဗားရှင်းထက် ပိုပြီး ပမာဏများပြားတဲ့ Memory နဲ့ Storage တို့ ပါရှိလာတဲ့ OPPO A3 ဗားရှင်းအသစ်ဟာ ဂိမ်းဆော့တာတွေကနေ ဗီဒီယိုကြည့်ရှုတာတွေအထိ အဆင်ပြေချောမွေ့စေမှာဖြစ်သလို ဖျော်ဖြေရေးအတွေ့အကြုံများကို အရှိန်မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပိုမိုများပြား...

ဖျော်ဖြေရေးရသနှင့် ဗဟုသုတကို တစ်ပြိုင်တည်း မျှဝေပေးနေသည့် TikTok ဗီဒီယိုဖန်တီးသူ Creator များ

 TikTok သည် မြန်မာ့အသုံးပြုသူအသိုင်းအ၀ိုင်းကြားတွင် ဖျော်ဖြေရေးအတွက်သာမက ပညာရေးနှင့် အသိပညာမျှဝေပေးရာအတွက်ပါ အသုံးပြုကြသည့် ပလက်ဖောင်းတစ်ခုအဖြစ် လျင်မြန်စွာ တိုးတက်လာလျက်ရှိပါသည်။ တီထွင်ဖန်တီးမှုနှင့် လူအများ အပြန်အလှန်ဆက်သွယ်နိုင်သော နေရာတစ်ခုအဖြစ် ဖော်ဆောင်မည်ဆိုသော ကတိကဝတ်ဖြင့် TikTok သည် အသုံးပြုသူများအတွက် အမျိုးမျိုးသော အကြောင်းအရာများကို ခံစားနိုင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးရန် ရည်ရွယ်ပါသည်။ ထိုကဲ့သို့ အကြောင်းအရာအမျိုးမျိုး၏ အသေးစိတ်အချက်အလက်များကို ပျော်စရာကောင်းပြီး လက်လှမ်းမီစေရန် မျှဝေရာတွင် ဗီဒီယိုဖန်တီးသူ Creator များသည် အရေးပါသည့် အခန်းကဏ္ဍက ပါ၀င်ကြပြီး ထိုကဲ့သို့ တီထွင်ဖန်တီးမှုနှင့် ပညာရေးတို့ ဆုံတွေ့အားကောင်းစေရန် TikTok က အထောက်အပံ့ပေးလျက်ရှိပါသည်။ ထို့ကြောင့် TikTok အနေဖြင့် အသုံးပြုသူအသိုင်းအ၀ိုင်းအတွက် အရေးကြီးသော အကြောင်းအရာများကို စူးစမ်းလေ့လာရန် အသိပညာပေးပြီး တီထွင်ဖန်တီးနိုင်စွမ်းကို ခွန်အားပေး လှုံ့ဆော်ပေးသော ဗီဒီယိုဖန်တီးသူ Creator အချို့ကို မီးမောင်းထိုးဖော်ပြပေးသွားမည်ဖြစ်သည်။ ကြည့်ရှုသူပရိတ်သတ်များကို ပညာရပ်အသစ်များတတ်မြောက်အောင် သည်ဖြစ်စေ၊ ခေတ်စားနေသေ...

လူအများ၏ အသက်ကိုကယ်ဆယ်နိုင်ရေးအတွက် MPT ဝန်ထမ်းများနှင့် စေတနာ သွေးလှူရှင်များက (၁၄) ကြိမ်မြောက် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းခြင်းကို ဆောင်ရွက်

 မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်များ ပါဝင်သော (၁၄) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် အသီးသီး အောင်မြင်စွာ ကျင်းပ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ စုပေါင်းသွေးလှူဒါန်းခြင်းလှုပ်ရှားမှုတွင် စေတနာသွေးလှူရှင် စုစုပေါင်း (၂၁၀) ဦးပါဝင်လှူဒါန်းခဲ့ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများနှင့် အမျိုးသားသွေးဌာနများရှိ အရေးပေါ် သွေးလိုအပ်ချက် ရှိသူများအတွက် အထောက်အပံ့ပြုလှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ယခုလို စုပေါင်းသွေးလှူဒါန်းမှုအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့သည့်အချိန်မှစ၍ MPT သည် များစွာသော သွေးလှူဒါန်းခြင်းလှုပ်ရှားမှုများကို စီစဉ်ဆောင်ရွက်ခဲ့ပြီး စေတနာသွေးလှူရှင်ပေါင်း (၈,၆၀၀) ကျော်က သွေးအိတ်ပေါင်း (၈,၀၀၀) ကျော်ကို လှူဒါန်းနိုင်ခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုများသည် နိုင်ငံအနှံ့ အရေးပေါ် သွေးသွင်းကုသမှု လိုအပ်နေသော လူနာများ၏ သွေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် ...

Interbrand ထုတ်ပြန်ချက်အရ ကမ္ဘာ့ထိပ်တန်း ကုန်ပစ္စည်းအမှတ်တံဆိပ်များစာရင်းတွင် Samsung Electronics မှ ငါးနှစ်ဆက်တိုက် နံပါတ် ၅ နေရာ၌ ရပ်တည်

  Samsung ၏ AI နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်နိုင်မှုများနှင့် ဘက်ပေါင်းစုံအဆင့်မြှင့်တင်မှုများအတွက် ယခုကဲ့သို့ အသိအမှတ်ပြုခံခဲ့ရခြင်းဖြစ်   ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီ Samsung Electronics သည် ဂုဏ်သိက္ခာကြီးမားလှသော ကမ္ဘာကျော် ကုန်အမှတ်တံဆိပ် အတိုင်ပင်ခံ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Interbrand ၏ ကမ္ဘာ့ထိပ်တန်း ကုန်ပစ္စည်းအမှတ်တံဆိပ်များစာရင်းတွင် နံပါတ် ၅ နေရာ၌ ငါးနှစ်ဆက်တိုက် ရပ်တည်နေနိုင်ခဲ့သည်။ အဆိုပါ သတ်မှတ်ချက်စာရင်းအား ကမ္ဘာပေါ်ရှိ ကုန်ပစ္စည်း အမှတ်တံဆိပ်များ၏ တီထွင်နိုင်မှု၊ လွှမ်းမိုးနိုင်မှု၊ ငွေကြေးအရ အောင်မြင်မှု စသည့် နယ်ပယ်အသီးသီး အပေါ် မူတည်၍ Interbrand မှ အကဲဖြတ်အမှတ်ပေးကာ နှစ်စဥ်ထုတ်ပြန်လေ့ရှိပြီး ယခုနှစ် ထုတ်ပြန်မှုစာရင်း၌ Samsung သည် ကုန်အမှတ်တံဆိပ်တန်ဖိုး ၁၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၀.၈ ဘီလီယံအထိ ရရှိခဲ့ကြောင်းကိုလည်း ဖော်ပြခဲ့သည်။   Samsung Electronics သည် ၄င်း၏ ထုတ်ကုန်များ၌ စွမ်းဆောင်ရည်မြင့် AI နည်းပညာများအား ထည့်သွင်းလာနိုင်မှုနှင့် Semiconductor ထုတ်လုပ်ရောင်းချမှု ဈေးကွက်တွင် ဦးဆောင်နိုင်မှုများကြောင့...

ခေတ်မီလှပပြီး ပါးလွှာတဲ့ ဒီဇိုင်းနဲ့အတူ အကြမ်းခံ၊ ရေစိုခံတဲ့ OPPO Reno12 Series

  ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ် OPPO က စမတ်ဖုန်းတွေကို ပိုမိုကောင်းမွန်လာစေဖို့အတွက် သုံးစွဲသူတွေရဲ့ အတွေ့အကြုံများစွာကို ထည့်သွင်းစဉ်းစားရင်း စဉ်ဆက်မပြတ်ဆိုသလို ဖန်တီးထုတ်လုပ်ပေးလာခဲ့တာ အချိန်တစ်ခုရှိလာပြီဖြစ်ပါတယ်။ အခုဆိုရင် OPPO ဟာ သုံးစွဲသူတွေရဲ့ အနီးကပ်ဆုံးနေရာက စက်ပစ္စည်းမှာတောင် ဖြစ်လာခဲ့ပြီး ၎င်းတို့ရဲ့ ရှုပ်ထွေးလှတဲ့ လိုအပ်ချက်များစွာကို ဖြည့်ဆည်းပေးနိုင်မဲ့အပြင် မျှော်မှန်းထားတာထက်တောင် ပိုလျှံနေတဲ့ လုပ်ဆောင်နိုင်စွမ်းတွေပါရှိတဲ့ ဖုန်းအဖြစ် တည်ရှိလာပြီ ဖြစ်ပါတယ်။ ဒါနဲ့အတူ ဖုန်းသုံးစွဲသူတွေက ဖုန်းတွေကို သူတို့နဲ့အတူ နှစ်ပေါင်းများစွာ ခံနိုင်ရည်ရှိဖို့ မျှော်လင့်ထားကြတာကြောင့် ယုံကြည်စိတ်ချရမှုနဲ့ ပတ်သက်လို့ စိန်ခေါ်မှုတွေလဲ ရှိလာနိုင်တာဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးဆိုတာ စတင်ဖွင့်ဖောက်ချိန်မှာပဲ ရင်ခုန်ရတဲ့ အရာတစ်ခုသာသာ မဟုတ်သလို မတော်တဆမှုတွေနဲ့ ပတ်ဝန်းကျင်အခြေအနေအမျိုးမျိုးအတွက် ရေရှည်မှာပါ ခံနိုင်ရည်ရှိဖို့လဲ လိုအပ်နေပါသေးတယ်။ OPPO Reno12 Series ကို ဖန်တီးဖို့ စတင်စဉ်းစားခဲ့စဉ်က တကယ်ကို စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ ရည်မှန်းချက်တစ်ခုအဖြစ် OPPO က သတ်မှတ်ခဲ့ပြီး Reno ကို လက်ထဲမ...

ဈေးနှုန်းတူဖုန်းများအကြား အမာကြောဆုံး ဖြစ်ပြီး ဆက်သွယ်ရေးကွန်ယက်မလိုဘဲ ဖုန်းခေါ်ဆိုနိုင်တဲ့ Flagship Technology နဲ့အတူ OPPO A3 ကို မြန်မာနိုင်ငံဈေးကွက်မှာ စတင်မိတ်ဆက်

  OPPO A3 ဖုန်းဟာ ဈေးနှုန်းတူ စမတ်ဖုန်းတွေအကြား အမာကြောဆုံး ဖုန်းတစ်လုံးဖြစ်လာမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က နောက်ဆုံးပေါ် A Series စမတ်ဖုန်း အမှတ်တံဆိပ်တွေထဲကမှ “အကြမ်းပတမ်းသုံး OPPO A3 ဖုန်း” ဆိုတဲ့ ဆောင်ပုဒ်နဲ့ OPPO A3 ကို မြန်မာနိုင်ငံဈေးကွက်ထဲသို့ စတင်မိတ်ဆက်လိုက်ပါတယ်။ အခု ထွက်ရှိလာတဲ့ OPPO A3 ဟာ ဘက်စုံသုံးနိုင်ရုံ သာမက နေ့စဉ်ခံနိုင်ရည်နဲ့ တာရှည်ခံမှုအတွက် ဒီဇိုင်းထုတ် ဖန်တီးထားပြီး Military-Grade Shock Resistance နဲ့ Multiple Liquid Resistance ပါရှိတဲ့အပြင် ပျက်စီးမှုဒဏ်ခံနိုင်တဲ့ ကိုယ်ထည်၊ ၊ 45W SUPERVOOC Flash Charge နဲ့ ကြာရှည်ခံနိုင်ပြီး ကြီးမားတဲ့ 5,100mAh ဘက်ထရီ တို့ ပါဝင်လာတာကြောင့် အသုံးပြုသူတွေအတွက် ထူးခြားတဲ့ အတွေ့အကြုံတွေကို ခံစားတွေ့ကြုံနိုင်မှာဖြစ်ပါတယ်။ OPPO A3 ကို အောက်တိုဘာ ၁၂ ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့အထိ ၆၉၉,၉၀၀ ကျပ်ဖြင့် စတင်ရောင်းချသွားမှာဖြစ်ပြီး ဝယ်ယူသူများအားလုံးဟာ လက်ဆောင်အနေနဲ့ ilike ဘေးတစ်စောင်းအိတ်တစ်လုံး ရရှိဦးမဲ့အပြင် နိုဝင်ဘာ ၃၀ ရက်နေ့အထိ ဝယ်ယူသူများအနေနဲ့ 4-Year Battery Protection Plan ကိုပါ ထပ်မံရရှိဦးမှာ ဖြစ်ပ...

နောက်ဆုံးပေါ် Galaxy AI လုပ်ဆောင်ချက်တွေကို အပြည့်အဝအသုံးချနိုင်စေပြီး Galaxy S24 Series ရဲ့ အကောင်းမွန်ဆုံးလုပ်ဆောင်ချက်တွေ ပါဝင်လာတဲ့ Galaxy S24 FE စမတ်ဖုန်းအသစ်

  Galaxy S24 FE စမတ်ဖုန်းအသစ်ကို Galaxy S24 Series ထက် ပိုမိုသက်သာတဲ့စျေးနှုန်း၊ အကောင်းမွန်ဆုံးလုပ်ဆောင်ချက်တွေနဲ့ အတန်ဆုံးရရှိနိုင်မှာဖြစ်ပြီး လက်ဆောင်များ၊ အထူးအကျိုးခံစားခွင့်များနဲ့ ဝယ်ယူရရှိနိုင်  Samsung Myanmar ဟာ Galaxy AI ecosystem ထဲ အသစ်ထပ်မံရောက်ရှိလာတဲ့ Galaxy S24 FE စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံစျေးကွက်မှာ စတင်ရောင်းချပေးနေပြီဖြစ်ပါတယ်။ Galaxy AI အပါအဝင် စွမ်းဆောင်ရည်အမြင့်ဆုံး Galaxy S24 Series စမတ်ဖုန်းတွေရဲ့ လူကြိုက်များတဲ့လုပ်ဆောင်ချက်တွေပါဝင်တဲ့ Fan Edition စမတ်ဖုန်းအသစ် Galaxy S24 FE ကို ပရီမီယံဆန်တဲ့ စမတ်ဖုန်းသုံးစွဲမှု အတွေ့အကြုံကို အတန်ဆုံးစျေးနှုန်းနဲ့ရရှိနိုင်အောင် ဖန်တီးပေးထားတာပါ။    Galaxy S24 FE ဟာ Galaxy S24 Series မှာလို ပရီမီယံဆန်တဲ့ ဒီဇိုင်းနဲ့ ထွက်ရှိလာတာဖြစ်ပြီး အရောင်အားဖြင့်လည်း လှပသစ်လွင်တဲ့ Blue, Mint, Grey တို့နဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ အကြမ်းခံနိုင်စွမ်းမြင့်မားတဲ့ Gorilla Glass Victus+ Aluminum frame နဲ့ ပြုလုပ်ထားပြီး iP68 လည်းပါဝင်တာကြောင့် ရေစိုဒဏ်နဲ့ ဖုန်ဒဏ်တို့ကိုလည်း ကာကွယ်ပေးသွားနိုင်ဦးမှာပါ။ Samsung Galaxy ရဲ့ နာမည်...

MPT က သီတင်းကျွတ် အထူးပရိုမိုးရှင်း အစီအစဉ်များအား စတင်မိတ်ဆက်

Image
 ကာလ အထိမ်းအမှတ်အဖြစ် MPT က သုံးစွဲသူများအတွက် ပြန်အမ်းငွေလက်ဆောင် ၅ဆ ရရှိနိုင်မည့် အထူးပက်ကေ့ချ်၊ MPT Club အဖွဲ့ဝင်များအတွက် အထူးအကျိုးခံစားခွင့်နှင့် လျှော့ဈေးများပါဝင်သည့် MPT Club ပွိုင့်လဲလှယ်ခြင်း ပရိုမိုးရှင်း အစီအစဉ်များကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ သုံးစွဲသူများသည် ဒေတာ 500 MB၊ MPT အချင်းချင်းဖုန်းခေါ်ဆိုခွင့် မိနစ် (၅၀) ၊ အကန့်အသတ်မရှိ စာတို (SMS) ပေးပို့ခွင့်နှင့် ပြန်အမ်းငွေ (၅) ဆ (၉,၉၉၅ ကျပ်) ပါဝင်သည့် "ရှယ်တန် Combo” ပက်ကေ့ချ် ကို ၁,၉၉၉ ကျပ် ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ အဆိုပါပရိုမိုးရှင်းမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်မှ နိုဝင်ဘာလ (၃၀) ရက်အထိဖြစ်ပြီး သုံးစွဲသူများအနေဖြင့် သီတင်းကျွတ်ပိတ်ရက်ကာလများတွင် မိမိတို့၏ ချစ်ခင်ရသူများနှင့် ဆက်သွယ်ကာ တန်ဖိုးရှိသော အချိန်များကို ရရှိနိုင်မည် ဖြစ်သည်။ MPT Club အဖွဲ့ဝင်များအတွက် MPT Club ပွိုင့် (၁၀) ပွိုင့် တည်းဖြင့် MPT အချင်းချင်း ဖုန်းခေါ်ဆိုခွင့် (၁၀) မိနစ်ကို လဲလှယ်အသုံးပြုနိုင်မည့် “Happy Call” ပရိုမိုးရှင်းကိုလည်း အောက်တိုဘာလ (၁၀) ရက်မှ (၁၉) ရက်အတွင်း ရယူနိုင်မည်ဖြစ်ကာ မိမိတို့ချစ်ခင်ရသူများနှင့် ၂၄ နာရီအတွင်း...

TikTok က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့်အတူ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာတတ်မြောက်မှုကို မြှင့်တင်ပေးမည်

 TikTok အနေနှင့် အသုံးပြုသူများအတွက် ၎င်းတို့၏ ကိုယ်ပိုင်အကြောင်းအရာ ဇာတ်လမ်းများကိုဝေမျှခြင်းမှစ၍ ခွဲခြားဆက်ဆံမှုများကို ချိုးဖျက်ခြင်းနှင့် ခံနိုင်ရည်စွမ်းအားကိုမြှင့်တင်ပေးခြင်းစသဖြင့် အသုံးပြုသူများအတွက် ၎င်းတို့၏ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို မျှဝေကာ ယုံကြည်ရသည့် အရင်းအမြစ်များကို ရှာဖွေနိုင်အောင် ပံ့ပိုးကူညီပေးသည့် အသိုက်အဝန်းတစ်ခုကို တည်ဆောက်ရန် ရည်ရွယ်ထားပါသည်။ ထို့ကြောင့် ယနေ့အချိန်တွင် ယုံကြည်စိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်သူများနှင့် TikTok ဗီဒီယိုဖန်တီးသူများ စုစည်းထားသည့် Fides ကွန်ရက်မှ တစ်ဆင့် ယုံကြည်စိတ်ချရသောအကြောင်းအရာများဖန်တီးရန်နှင့် သတင်းမှားများကို တိုက်ဖျက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ မက္ကဆီကိုနှင့် ဘရာဇီးရှိ Fides ကွန်ရက်မှ ဗီဒီယိုဖန်တီးသူများသည် အထောက်အထားအခြေပြု အကြောင်းအရာများကို ဖန်တီးရိုက်ကူးပြီး အသိပညာမြှင့်တင်ရန်အတွက် TikTok နှင့် ပူးပေါင်းသွားမည်ဖြစ်ပါသည်။ စိတ်ကျန်းမာရေးအခြေအနေများကို အသိပညာပေး...

TrueMoney Myanmar က ဘဏ်ဝန်ဆောင်မှုများ ရရှိနိုင်ရန် ခက်ခဲသည့် လူမှုအသိုက်အဝန်းများကို ငွေ‌ကြေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်ခဲ့သည်မှာ (၁၀) နှစ်တာကာလ ပြည့်မြောက်ခဲ့ပြီ

 ထိပ်တန်းငွေကြေးဆိုင်ရာဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်ပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် အစရှိသော အရှေ့တောင် အာရှနိုင်ငံများတွင်ပါ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်လျက်ရှိသည့် TrueMoney သည် မြန်မာနိုင်ငံတွင် ၎င်း၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ယူဝမ်းမြောက်စွာ ကျင်းပလိုက်ပြီဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော TrueMoney Myanmar သည် ဘဏ်အသုံးပြုရန် ခက်ခဲသည့် လူမှုအသိုက်အဝန်းများကို ယုံကြည်စိတ်ချရပြီး လူတိုင်းလက်လှမ်းမီနိုင်သည့် ဆန်းသစ်သော ဒစ်ဂျစ်တယ် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ TrueMoney Myanmar သည် တစ်နိုင်ငံလုံးတွင် ကွန်ရက် ကိုယ်စားလှယ်ပေါင်း ၂၄,၀၀၀ ကျော်နှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်းများအတွက် အရေးကြီးသော ငွေကြေးဝန်ဆောင်မှုများပေးနိုင်ရန် တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ၈၄ ရာခိုင်နှုန်း အထူးသဖြင့် ဘဏ်ဝန်ဆောင်မှုများ ရရှိရန်ခက်ခဲသော ဒေသများကို ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ ဆယ်စုနှစ်တစ်ခုတာ ဝန်ဆောင်မှုပေးခဲ့မှုကို ဂုဏ်ယူဝမ်းမြောက...

စွမ်းဆောင်ရည်အမြင့်ဆုံး AI Tablet အဖြစ် Galaxy Tab S10 စီးရီးကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ရောင်းချ

Image
 AI နည်းပညာထည့်သွင်းမယ့် ရည်ရွယ်ချက်နဲ့ Samsung က အထူးထုတ်လုပ်ထားတဲ့ ကမ္ဘာ့ပထမဆုံးသော Galaxy Tab S10 စီးရီးကို မြန်မာနိုင်ငံဈေးကွက်မှာ စတင်မိတ်ဆက်ရောင်းချ ပေးနေပြီဖြစ်ပါတယ်။ Galaxy Tab S10 Ultra နဲ့ Galaxy Tab S10+ ဆိုပြီး မော်ဒယ်နှစ်မျိုးနဲ့ ထွက်ရှိလာတဲ့ အဆိုပါ စီးရီးသစ်မှာ ကျယ်ပြန့်တဲ့ မျက်နှာပြင်၊ အထူးကြည်လင်ပြတ်သားတဲ့ Dynamic AMOLED 2X တို့ပါဝင်လာပြီး S Pen အသုံးပြုနိုင်ခြင်းတို့ကြောင့် Tablet ရဲ့ ယေဘုယျလုပ်ဆောင်နိုင်စွမ်းအားဖြင့် ၁၈%၊ ဂရပ်ဖစ်စွမ်းဆောင်ရည်အားဖြင့် ၂၈% စသဖြင့် အဖက်ဖက်က တိုးမြင့်လာပါတယ်။ Galaxy Tab S10 စီးရီးမှာ ထူးခြားချက်အနေနဲ့ Galaxy AI လုပ်ဆောင်ချက်ကို လွယ်ကူမြန်ဆန်စွာနဲ့ ရယူနိုင်စေဖို့ cover နဲ့တွဲလျက်ပါတဲ့ Keyboard မှာ Galaxy AI ခလုပ်ကို အသစ်ထည့်သွင်းပေးထားပါတယ်။ အဆိုပါ Galaxy AI အကူအညီနဲ့ Tablet မျက်နှာပြင်ကျယ်ပေါ်မှာ Note Assist, Sketch to Image, Circle to Search, Air Command with AI စတဲ့ လုပ်ဆောင်ချက်တွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Galaxy Tab S10 စီးရီးကတစ်ဆင့် မိမိနေအိမ်မှာတပ်ဆင်ထားတဲ့ SmartThings ဂေဟစနစ်တစ်ခုလုံးကို 3D ရုပ်လုံး...

OPPO AI LinkBoost ကြောင့် သင့်ရဲ့ ဖုန်းခေါ်ဆိုမှု နှောင့်နှေးမှာ စိတ်ပူစရာမလိုတော့ပါဘူး

 စမတ်ဖုန်းတွေက သုံးစွဲသူတွေကို အဆက်အသွယ်မပြတ် ချိတ်ဆက်နေဖို့၊ လုပ်ငန်းဆောင်တာတွေကို ပိုပြီး အဆင်ပြေချောမွေ့စေနိုင်ဖို့နဲ့ ဒီ့ထက်ပိုတဲ့အရာတွေကို ထောက်ပံ့ကူညီပေးနိုင်ပါတယ်။ သို့သော် စမတ်ဖုန်းတွေကို ပိုပြီးအားကိုးလေလေ၊ ပိုပြီးယုံကြည်စိတ်ချရတဲ့၊ ပိုပြီး ခိုင်မာတဲ့ စမတ်ဖုန်းဆက်သွယ်မှုကလဲ ပိုအရေးကြီးလေပဲဖြစ်ပါတယ်။ ဒါကြောင့် OPPO က ဒီဈေးနှုန်းဝန်းကျင်ထဲမှာ အကောင်းဆုံးချိတ်ဆက် ဆက်သွယ်မှုတွေကို ပေးစွမ်းနိုင်ဖို့အတွက် Reno12 Series မှာ AI LinkBoost ရဲ့ နောက်မျိုးဆက်အသစ်ကို စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ကမ္ဘာအနှံ့အပြား နဲ့ သက်ဆိုင်ရာ နိုင်ငံများအသီးသီးမှာ လုပ်ဆောင်နေနိုင်တဲ့ AI LinkBoost ဟာ တတ်နိုင်သမျှ အတည်ငြိမ်ဆုံး နဲ့ မလစ်လပ်သွားမဲ့ ဆက်သွယ်ချိတ်ဆက်မှုကို ဆောင်ရွက်ပေးနိုင်ဖို့လဲ ချိန်ညှိထားပြီးဖြစ်ပါတယ်။ အဆက်မပြတ်နဲ့ တည်ငြိမ်တဲ့ ဆက်သွယ်မှုဆိုတာ Video call ခေါ်ဆိုတဲ့အချိန် ဓာတ်လှေကားတွေနဲ့ မြေအောက်နေရာတွေကို ဝင်ထွက်မိတဲ့အခါ ပိုမိုအားကောင်းတဲ့ Signal နှင့် ပိုမိုမြန်ဆန်စွာ ပြန်လည်ချိတ်ဆက်ခြင်းဖြင့် WiFi နဲ့ မိုဘိုင်းကွန်ရက်တွေအကြား ချောမွေ့စွာ ပြောင်းလဲပေးနိုင်ခြင်း၊ လူစည်ကားတဲ့ အားကစားကွင်းများ...

MPT ၏ “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်” အစီအစဥ်ကို အောင်မြင်စွာကျင်းပခဲ့ပြီး အထူးဆု [ကျပ်သိန်း (၁,၀၀၀)] ဆုကံထူးရှင် (၁) ဦး၊ ကျပ်သိန်း (၁၀၀) ဆု ကံထူးရှင် (၁၀) ဦး နှင့် ရွှေ [(၂) ကျပ်ခွဲသား] ကံထူးရှင် (၁) ဦး တို့ကို ရွေးချယ်ခဲ့

Image
 MPT မှ စက်တင်ဘာလ (၃၀) ရက် တွင် ပြီးဆုံးခဲ့သည့် ၎င်း၏ “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်”အစီအစဉ်၏ နောက်ဆုံးကျန်ရှိနေသော ကံထူးရှင်များကို ဂုဏ်ယူ ဝမ်းမြောက်စွာ ထုတ်ပြန်ကြေညာလိုက်ပါသည်။ စက်တင်ဘာလအတွက် ကံထူးရှင်များကို MPT ၏ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ရွေးချယ်ခဲ့ပြီး အထူးဆု [ကျပ်သိန်း(၁,၀၀၀)] ဆုရှင် (၁)ဦး၊ စုစုပေါင်း သိန်း (၁,၀၀၀) တန်ဖိုးရှိသည့် ငွေသားဆု သိန်း (၁၀၀) ဆုရှင် (၁၀) ဦးအား နှင့် အထူးဆု ရွှေ [(၂) ကျပ်ခွဲသား] ဆု ကံထူးရှင် (၁) တစ်ဦးတို့ကို ရွေးချယ်ခဲ့ပါသည်။   ကံထူးရှင်များနှင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအားလုံး အနေဖြင့် MPT ၏ “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်”အစီအစဉ်မှတစ်ဆင့် ပျော်ရွှင်မှုများနှင့် ကျေနပ်နှစ်သိမ့်မှုများကို ရရှိခံစားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ပထမဆုံး ပြည်တွင်း အော်ပရေတာ တစ်ခုဖြစ်သည့် MPT အနေဖြင့် သုံးစွဲသူများ၏ နေ့စဥ်ဘဝကို ပြီးပြည့်စုံစေရန် လုပ်ဆောင်လျက်ရှိပြီး အနာဂတ်တွင် လည်း ပိုမိုစိတ်လှုပ်ရှား ရင်ခုန်ဖွယ်ရာ အစီအစဥ် များကို ယူဆောင်လာဦးမည် ဖြစ်ပါသည်။ နောက်ဆုံးတိုက်ရိုက်ထုတ်လွှင့်နေစဉ်ကာလအတွင်း MPT မှ သီတင်းကျွတ်ဆု...

OPPO Myanmar က လူငယ်လူရွယ်တွေကို အကျိုးပြုရန် ရည်ရွယ်၍ “Private University Futsal Cup” တွင် Main Sponsor အဖြစ် ပူးပေါင်းကူညီခဲ့

 ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က Private University Students Union က ဦးစီးကျင်းပတဲ့ ကိုယ်ပိုင်ပုဂ္ဂလိက ကျောင်းပေါင်းစုံဆိုင်ရာ ဖူဆယ်ပြိုင်ပွဲ (Private University Futsal Cup) မှာ Main Sponsor အနေနဲ့ လက်တွဲပါဝင်မှုများ ပြုလုပ်ခဲ့ပါတယ်။ OPPO အနေနဲ့ လူငယ်တွေ ဦးဆောင်ကျင်းပတဲ့ PUFC မှာ လူငယ်လူရွယ်တွေကို အကျိုးပြုနိုင်ရန် ရည်ရွယ်၍ Main Sponsor အနေနဲ့ ပံ့ပိုးကူညီခဲ့တာဖြစ်ပါတယ်။ ထို့အပြင် အဆိုပါ ဖူဆယ်ပြိုင်ပွဲတွင် လာရောက်ကြည့်သူများထဲက OPPO AI ကို စမ်းသပ်ကြည့်သူများအတွက်လဲ OPPO Reno12 5G တစ်လုံး ကို ပါဝင်ကံစမ်းနိုင်မဲ့အပြင် လူငယ်အကျိုးပြု International Youth Organization တစ်ခုဖြစ်တဲ့ AIESEC ရဲ့ Global Internship Program မှာ Free Exchange fees အနေနဲ့ ပါဝင်ကံစမ်းနိုင်မှာဖြစ်ကာ အခြားသော လက်ဆောင်များလဲ ရှိနေမှာဖြစ်ပါတယ်။ AIESEC in Myanmar ဟာ နိုင်ငံတကာဆိုင်ရာ လူငယ်အကျိုးပြုအဖွဲ့အစည်း တစ်ခုဖြစ်ပြီး အသက် ၁၈ မှ ၃၀ အတွင်း လူငယ်တွေအတွက် အထူးသင့်တော်စေတဲ့ ၊ လူငယ်တွေရဲ့ စွမ်းဆောင် ရည်စွမ်းအားကိုတိုးတက်နိုင်စေနိုင်စေတဲ့ Global Internship Program တွေကို ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ Private Univ...

ပရိတ်သတ်များနှင့် ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်နိုင်မည့် TikTok တွင် Viral Content ဖန်တီးခြင်းအတွက် အကြံပြုချက်များ

 ယနေ့ခေတ်၏ ဖန်တီးမှုနှင့် အလျင်အမြန်တိုးတက်နေသော ဒစ်ဂျစ်တယ် အခင်းအကျင်းတွင် ပရိတ်သတ်များနှင့် ထိတွေ့ဆက်ဆံမှုသည် မိမိ၏ ဗီဒီယိုအကြောင်းအရာ မြင်နိုင်စွမ်း နှင့် အမှတ်တံဆိပ် သို့မဟုတ် ဗီဒီယိုဖန်တီးသူ၏ တည်ရှိမှု စသည်တို့ကို သိသိသာသာ မြှင့်တင်ပေးနိုင်သည်။ TikTok တွင် Viral Content Culture သည် တီထွင်ဖန်တီးမှု၊ ခေတ်ရေစီးကြောင်းနှင့် ပရိသတ်များကြား အပြန်အလှန် တုံ့ပြန်မှု စသည်တို့အပေါ်တွင် မူတည်ပြီး ကြီးထွားလာခြင်းဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများနှင့် ဖန်တီးသူများအတွက် ၎င်းတို့၏ ပရိသတ်များနှင့် ထိထိရောက်ရောက် ချိတ်ဆက်နိုင်ရန် TikTok သည် စံပြပလက်ဖောင်းတစ်ခုဖြစ်ပါသည်။ ပရိတ်သတ်များနှင့် ထိတွေ့ဆက်ဆံရာတွင် နည်းစနစ်တကျ အာရုံစိုက်လုပ်ဆောင်ခြင်းဖြင့် ဖန်တီးသူများသည် TikTok ၏ အယ်လ်ဂိုရီသမ်ကို အသုံးချကာ မိမိတို့ရဲ့ ဗီဒီယိုအကြောင်းအရာများကို ပရိတ်သတ်များစွာထံရောက်ရှိလွှမ်းမိုးနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ဖန်တီးသူများ Viral Content များကို ဖန်တီးနိုင်ရန်အတွက် အောက်ပါအချက်များကို လေ့လာအသုံးချနိုင်ပါသည်။ ခေတ်စားနေသော Challenge များနှင့် Hashtag များကို အသုံးချပါ ခေတ်စားနေ...

ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိပစ္စည်းများ လှူဒါန်းခဲ့ပြီးနောက် သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စောင်များ ဆက်လက်လှူဒါန်းခဲ့တဲ့ OPPO Myanmar AED

 ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO မှ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေဆဲဖြစ်တဲ့ ရေဘေးအခြေအနေတွေအတွက် ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ လိုအပ်နေတဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံနေရာအနှံ့ လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ OPPO Myanmar AED အနေနဲ့ တခြားသော ရေဘေးသင့်ဒေသအတွက် ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ လိုအပ်တဲ့ပစ္စည်းတွေ လှူဒါန်းခဲ့ပြီးနောက် ယခုအခါ သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စောင်တွေကို ဆက်လက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ OPPO Myanmar AED က ယခုအခါ ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ကလော ၊ အင်းလေး တို့အပြင် ဆင်တောင်ရွာ နဲ့ ပလောင်တောင်ရွာတို့မှာ နေထိုင်ကြတဲ့ပြည်သူတွေကို အနွေးဓာတ်ရရှိစေရန် အလို့ငှာ သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စောင်တွေကို သွားရောက်ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဒီလိုတောင်ပေါ်ဒေသတွေဟာ နဂိုတည်းက အေးချမ်းတဲ့ ရာသီဥတုရှိသည့်အလျောက် သိပ်မကြာခင်မှာလဲ ဆောင်းရာသီကို ရောက်ရှိလာတော့မှာဖြစ်တာကြောင့် အများပြည်သူ နွေးထွေးမှုရရှိစေရန်ရည်ရွယ်ချက်နဲ့ အခုလို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း OPPO Myanmar AED က လိုအပ်နေတဲ့ နေရာဒေသတွေမှာ ပြည်သူတွေအတွက် ဆက်လက်ကူညီထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ကတိကဝတ်ပြ...