MPT ၏ “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်” အစီအစဥ်ကို အောင်မြင်စွာကျင်းပခဲ့ပြီး အထူးဆု [ကျပ်သိန်း (၁,၀၀၀)] ဆုကံထူးရှင် (၁) ဦး၊ ကျပ်သိန်း (၁၀၀) ဆု ကံထူးရှင် (၁၀) ဦး နှင့် ရွှေ [(၂) ကျပ်ခွဲသား] ကံထူးရှင် (၁) ဦး တို့ကို ရွေးချယ်ခဲ့

 MPT မှ စက်တင်ဘာလ (၃၀) ရက် တွင် ပြီးဆုံးခဲ့သည့် ၎င်း၏ “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်”အစီအစဉ်၏ နောက်ဆုံးကျန်ရှိနေသော ကံထူးရှင်များကို ဂုဏ်ယူ ဝမ်းမြောက်စွာ ထုတ်ပြန်ကြေညာလိုက်ပါသည်။ စက်တင်ဘာလအတွက် ကံထူးရှင်များကို MPT ၏ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ရွေးချယ်ခဲ့ပြီး အထူးဆု [ကျပ်သိန်း(၁,၀၀၀)] ဆုရှင် (၁)ဦး၊ စုစုပေါင်း သိန်း (၁,၀၀၀) တန်ဖိုးရှိသည့် ငွေသားဆု သိန်း (၁၀၀) ဆုရှင် (၁၀) ဦးအား နှင့် အထူးဆု ရွှေ [(၂) ကျပ်ခွဲသား] ဆု ကံထူးရှင် (၁) တစ်ဦးတို့ကို ရွေးချယ်ခဲ့ပါသည်။  




ကံထူးရှင်များနှင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအားလုံး အနေဖြင့် MPT ၏ “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်”အစီအစဉ်မှတစ်ဆင့် ပျော်ရွှင်မှုများနှင့် ကျေနပ်နှစ်သိမ့်မှုများကို ရရှိခံစားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ပထမဆုံး ပြည်တွင်း အော်ပရေတာ တစ်ခုဖြစ်သည့် MPT အနေဖြင့် သုံးစွဲသူများ၏ နေ့စဥ်ဘဝကို ပြီးပြည့်စုံစေရန် လုပ်ဆောင်လျက်ရှိပြီး အနာဂတ်တွင် လည်း ပိုမိုစိတ်လှုပ်ရှား ရင်ခုန်ဖွယ်ရာ အစီအစဥ် များကို ယူဆောင်လာဦးမည် ဖြစ်ပါသည်။

နောက်ဆုံးတိုက်ရိုက်ထုတ်လွှင့်နေစဉ်ကာလအတွင်း MPT မှ သီတင်းကျွတ်ဆုမွန်ကောင်းများနှင့်အတူ တိုက်ရိုက်ထုတ်လွှင့်သည့် ပို့စ်ကို Like လုပ်ကာ public ဖြင့် share ပေးသော သုံးစွဲသူများအတွက် အထူးလက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ အဆိုပါ ပါဝင်သူများထဲမှ ကံထူးရှင်တစ်ဦးကို MPT မှ ကျပန်းစနစ်ဖြင့် ရွေးချယ်ကာ ရွှေ တစ်မတ်သားဆု ချီးမြှင့်သွားမည်ဖြစ်ပြီး ကံထူးရှင်အား အောက်တိုဘာလတွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။

ထို့အပြင် ယခင်လက မိတ်ဆက်ခဲ့သည့် MPT ၏ "တူတူဆော့မယ် MPTတစ်ဆယ်တစ်ဆယ်" အစီအစဉ်ကိုလည်း အောက်တိုဘာလ (၁၅)ရက်အထိ သက်တမ်းတိုးမြှင့်ပေးထားပြီးဖြစ်ပါသည်။ စည်းမျဉ်းစည်းကမ်းများနှင့် အသေးစိတ်အချက်အလက်ကို https://mpt.com.mm/mm/tiktok-mpt1010 ကတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT ၏ “(၁၀)နှစ်ပြည့်ဝယ်ငွေထုပ်ပိုက်မယ်” အစီအစဉ်နှင့် အထူးပရိုမိုးရှင်းများအကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm/mm/mpt-10th-year-promotion/ သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

.

.

.


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်