MPT က သီတင်းကျွတ် အထူးပရိုမိုးရှင်း အစီအစဉ်များအား စတင်မိတ်ဆက်

 ကာလ အထိမ်းအမှတ်အဖြစ် MPT က သုံးစွဲသူများအတွက် ပြန်အမ်းငွေလက်ဆောင် ၅ဆ ရရှိနိုင်မည့် အထူးပက်ကေ့ချ်၊ MPT Club အဖွဲ့ဝင်များအတွက် အထူးအကျိုးခံစားခွင့်နှင့် လျှော့ဈေးများပါဝင်သည့် MPT Club ပွိုင့်လဲလှယ်ခြင်း ပရိုမိုးရှင်း အစီအစဉ်များကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။

သုံးစွဲသူများသည် ဒေတာ 500 MB၊ MPT အချင်းချင်းဖုန်းခေါ်ဆိုခွင့် မိနစ် (၅၀) ၊ အကန့်အသတ်မရှိ စာတို (SMS) ပေးပို့ခွင့်နှင့် ပြန်အမ်းငွေ (၅) ဆ (၉,၉၉၅ ကျပ်) ပါဝင်သည့် "ရှယ်တန် Combo” ပက်ကေ့ချ် ကို ၁,၉၉၉ ကျပ် ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ အဆိုပါပရိုမိုးရှင်းမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်မှ နိုဝင်ဘာလ (၃၀) ရက်အထိဖြစ်ပြီး သုံးစွဲသူများအနေဖြင့် သီတင်းကျွတ်ပိတ်ရက်ကာလများတွင် မိမိတို့၏ ချစ်ခင်ရသူများနှင့် ဆက်သွယ်ကာ တန်ဖိုးရှိသော အချိန်များကို ရရှိနိုင်မည် ဖြစ်သည်။


MPT Club အဖွဲ့ဝင်များအတွက် MPT Club ပွိုင့် (၁၀) ပွိုင့် တည်းဖြင့် MPT အချင်းချင်း ဖုန်းခေါ်ဆိုခွင့် (၁၀) မိနစ်ကို လဲလှယ်အသုံးပြုနိုင်မည့် “Happy Call” ပရိုမိုးရှင်းကိုလည်း အောက်တိုဘာလ (၁၀) ရက်မှ (၁၉) ရက်အတွင်း ရယူနိုင်မည်ဖြစ်ကာ မိမိတို့ချစ်ခင်ရသူများနှင့် ၂၄ နာရီအတွင်း ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်သည်။

ထို့အပြင် MPT Club အဖွဲ့ဝင်များအတွက် နောက်ထပ် အကျိုးခံစားခွင့် အနေဖြင့် MPT Club ပွိုင့် (၇) ပွိုင့် တည်းဖြင့် MPT Club ၏ မိတ်ဖက်ဆိုင် (၇) ဆိုင် မှ (၃၅%) အထိ အထူးလျှော့ဈေး ခံစားခွင့်အား အောက်တိုဘာလ (၇) ရက် မှ (၂၀) ရက်အတွင်း လဲလှယ်ရယူနိုင်မည် ဖြစ်သည်။ အဆိုပါအစီအစဉ်တွင် ပါဝင်သည့် မိတ်ဖက်ဆိုင်များမှာ American Flyer Luggage၊ Breeze Restaurant & Lounge၊ Coffee Lab၊ Crocodile၊ Eliza၊ Noodle Bowl နှင့် Pierre Cardin Luggage တို့ ဖြစ်ပါသည်။

MPT Club အဖွဲ့ဝင်များသည် ပရိုမိုးရှင်းကာလအတွင်း “Happy Call” ပရိုမိုးရှင်းကို တစ်ရက်လျှင် တစ်ကြိမ်လဲလှယ်သုံးစွဲနိုင်ပြီး MPT Club မိတ်ဖက်ဆိုင်များနှင့် ပရိုမိုးရှင်း အစီအစဉ်ကိုမူ အကြိမ်အကန့်အသတ်မရှိ လဲလှယ်ရယူနိုင်ပါသည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshinori YAGI က “သီတင်းကျွတ်အခါသမယကို ကျွန်တော်တို့ရဲ့ အထူးပရိုမိုးရှင်းတွေနဲ့အတူ ကျင်းပဆောင်ရွက်ခွင့်ရတဲ့အတွက် အထူးပဲ ဝမ်းမြောက်မိပါတယ်။ “ရှယ်တန် Combo” ပက်ကေ့ချ် ဟာ အထူးအကျိုးခံစားခွင့်တွေကို ပေးအပ်နိုင်ရုံသာမက အခုလိုသီတင်းကျွတ်အခါသမယမှာ သုံးစွဲသူတွေကို မိမိတို့ချစ်ခင်ရသူတွေနဲ့ ပိုမိုဆက်သွယ်နိုင်စေဖို့ ဆောင်ရွက်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် “Happy Call” ပရိုမိုးရှင်းကလည်း သုံးစွဲသူတွေကို မိမိချစ်ခင်ရတဲ့သူတွေနဲ့ MPT Club ပွိုင့် (၁၀)ပွိုင့်ကို အသုံးပြုလဲလှယ်ပြီး ဆက်သွယ်နိုင်စေမယ့် အထူးအကျိုးခံစားခွင့်တွေကို ပေးအပ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် သုံးစွဲသူတွေအနေနဲ့ ကျွန်တော်တို့ တန်ဖိုးထားရတဲ့ မိတ်ဖက်ဆိုင်တွေရဲ့ ပရိုမိုးရှင်းတွေကတစ်ဆင့် အထူးလျှော့စျေးတွေကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ အထူးအကျိုးခံစားခွင့်တွေကိုရယူပြီး မိမိတို့ ချစ်ရတဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့အတူ တန်ဖိုးရှိတဲ့အချိန်တွေဖန်တီးနိုင်ဖို့အတွက် ဒီအခွင့်အရေးတွေကို အရယူဖို့ တိုက်တွန်းလိုပါတယ်။ သီတင်းကျွတ်အခါသမယမှာ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ။” ဟု ပြောကြားခဲ့ပါသည်။

MPT Club အဖွဲ့ဝင်မဖြစ်သေးသည့် သုံးစွဲသူများအနေဖြင့် MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် (သို့မဟုတ်) 345 သို့ “REG M/F” (ဥပမာ အမျိုးသမီး REG F/ အမျိုးသား REG M) ဟု စာတို (SMS)ပေးပို့ခြင်းဖြင့် လွယ်ကူစွာ စာရင်းသွင်းနိုင်ပြီး ကြိုဆိုလက်ဆောင်အဖြစ် MPT Club ပွိုင့် ၅၀ ပွိုင့်ကို ရရှိမည် ဖြစ်ပါသည်။ MPT Club ပွိုင့်များကို ဒေတာ၊ အသံ နှင့် စာတို အစရှိသော MPT ၏ ဝန်ဆောင်မှုများဖြင့် လဲလှယ်နိုင်သည့်အပြင် MPT Club ၏ မိတ်ဖက်ဆိုင်များမှ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများတွင် လျှော့ဈေးရရှိနိုင်မည် ဖြစ်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ နေ့စဉ်ဘဝအတွက် ဆန်းသစ်ပြီး အဆင်ပြေ လွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။ MPT သုံးစွဲသူများအားလုံး ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယ‌ ဖြစ်ပါစေကြောင်းနှင့် စိတ်၏ ကျန်းမာခြင်း ကိုယ်၏ ချမ်းသာခြင်းများဖြင့် ပြည့်စုံနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။


MPT အကြောင်းပိုမိုသိရှိလိုပါက MPT ၏ တရားဝင်ဝက်ဘ်ဆိုက် www.mpt.com.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ပြီး 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။



.

.

.

.








Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်