Interbrand ထုတ်ပြန်ချက်အရ ကမ္ဘာ့ထိပ်တန်း ကုန်ပစ္စည်းအမှတ်တံဆိပ်များစာရင်းတွင် Samsung Electronics မှ ငါးနှစ်ဆက်တိုက် နံပါတ် ၅ နေရာ၌ ရပ်တည်

 Samsung ၏ AI နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်နိုင်မှုများနှင့် ဘက်ပေါင်းစုံအဆင့်မြှင့်တင်မှုများအတွက် ယခုကဲ့သို့ အသိအမှတ်ပြုခံခဲ့ရခြင်းဖြစ်

 

ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီ Samsung Electronics သည် ဂုဏ်သိက္ခာကြီးမားလှသော ကမ္ဘာကျော် ကုန်အမှတ်တံဆိပ် အတိုင်ပင်ခံ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Interbrand ၏ ကမ္ဘာ့ထိပ်တန်း ကုန်ပစ္စည်းအမှတ်တံဆိပ်များစာရင်းတွင် နံပါတ် ၅ နေရာ၌ ငါးနှစ်ဆက်တိုက် ရပ်တည်နေနိုင်ခဲ့သည်။ အဆိုပါ သတ်မှတ်ချက်စာရင်းအား ကမ္ဘာပေါ်ရှိ ကုန်ပစ္စည်း အမှတ်တံဆိပ်များ၏ တီထွင်နိုင်မှု၊ လွှမ်းမိုးနိုင်မှု၊ ငွေကြေးအရ အောင်မြင်မှု စသည့် နယ်ပယ်အသီးသီး အပေါ် မူတည်၍ Interbrand မှ အကဲဖြတ်အမှတ်ပေးကာ နှစ်စဥ်ထုတ်ပြန်လေ့ရှိပြီး ယခုနှစ် ထုတ်ပြန်မှုစာရင်း၌ Samsung သည် ကုန်အမှတ်တံဆိပ်တန်ဖိုး ၁၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၀.၈ ဘီလီယံအထိ ရရှိခဲ့ကြောင်းကိုလည်း ဖော်ပြခဲ့သည်။  

Samsung Electronics သည် ၄င်း၏ ထုတ်ကုန်များ၌ စွမ်းဆောင်ရည်မြင့် AI နည်းပညာများအား ထည့်သွင်းလာနိုင်မှုနှင့် Semiconductor ထုတ်လုပ်ရောင်းချမှု ဈေးကွက်တွင် ဦးဆောင်နိုင်မှုများကြောင့် ယခုကဲ့သို့ အမှတ်တံဆိပ်တန်ဖိုး သိသိသာသာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ Samsung သည် ယခုကဲ့သို့ နံပါတ် ၅ နေရာ၌ ရပ်တည်ခဲ့သည့် ၂၀၂၀ ခုနှစ်မှစ၍ ၄ နှစ် အတွင်း ကုန်အမှတ်တံဆိပ်တန်ဖိုး ၆၂% အထိ တိုးတက်မှုရရှိခဲ့ပြီး၊ ကမ္ဘာ့ထိပ်တန်း ကုန်ပစ္စည်းအမှတ်တံဆိပ် ၅ ခုစာရင်းတွင် တစ်ခုတည်းသော အာရှကုန်အမှတ်တံဆိပ် တစ်ခုအဖြစ်လည်း ရပ်တည်လျက်ရှိသည်။

“ကျွန်မတို့ရဲ့ AI နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ချဲ့ထွင်မှုတွေနဲ့ ဒီအဆင့်မြင့်နည်းပညာတွေကို ကမ္ဘာတစ်ဝန်းက Samsung အသုံးပြုသူတွေလက်ထဲကို အရောက်ပေးပို့နိုင်မှုတွေက အခုလို ကုန်အမှတ်တံဆိပ်တန်ဖိုး သိသိသာသာ တိုးတက်လာစေဖို့ အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ကျွန်မတို့ရဲ့ အသုံးပြုသူတွေ အတွက် ပိုပြီးလက်တွေ့ကျ အသုံးဝင်စေမယ့် အရည်အသွေးမြှင့်တင်မှုတွေကို အစဉ်တစ်စိုက် ကြိုးပမ်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု Samsung Electronics ၏ President and Head of the Global Marketing Office ဖြစ်သူ YH Lee က ပြောကြားခဲ့သည်။

Interbrand မှ ထုတ်ပြန်ချက်ထဲတွင် ယခုကဲ့သို့ အောင်မြင်မှု ရရှိစေရန် Samsung အား အဓိက တွန်းအား ဖြစ်စေခဲ့သော အရာများကိုလည်း အောက်ပါအတိုင်း ဖော်ပြခဲ့သည်။

  • ထုတ်ကုန်များတွင် စွမ်းဆောင်ရည်မြင့် AI နည်းပညာများအား ထည့်သွင်းပေးနိုင်ခြင်းနှင့် On-Device AI ဈေးကွက်တွင် ဦးဆောင်နိုင်မှု
  • AI နည်းပညာအသုံးပြု ပလက်ဖောင်းများနှင့် ထုတ်ကုန်များမှတဆင့် ပိုမိုမြန်ဆန်ချောမွေ့သော ဆက်သွယ် ချိတ်ဆက်မှု အတွေ့အကြုံများအား ပေးအပ်နိုင်မှု
  • Semiconductor ထုတ်လုပ်မှု ကဏ္ဍအတွင်း ဦးဆောင်ထားနိုင်သည့်အတွက် AI နည်းပညာနယ်ပယ်တွင်လည်း ထိပ်တန်းအဆင့်တွင် ရပ်တည်နေနိုင်မှု
  • နိုင်ငံတကာဈေးကွက်အတွင်း ကုန်အမှတ်တံဆိပ်နည်းဗျူဟာများအား စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု
  • ပိုမိုရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေး လုပ်ငန်းစဉ်များအား ရည်သန်ဆောင်ရွက်နေမှု

 

၂၀၂၄ ခုနှစ်ထဲတွင် Samsung သည် ပိုမိုပြီးပြည့်စုံသော အသုံးပြုမှု အတွေ့အကြုံများ ရရှိစေရန်အတွက် ၎င်း၏ ထုတ်ကုန်များစွာတွင် AI နည်းပညာများအား စဉ်ဆက်မပြတ်ထည့်သွင်းပေးနိုင်ခဲ့သည်။ Samsung ၏ Galaxy S24 Series စမတ်ဖုန်းများသည် မိုဘိုင်း AI နယ်ပယ်တွင် ဦးဆောင်နိုင်ခဲ့သည့်အလားတူပင် AI Processors နှင့် AI Upscaling လုပ်ဆောင်ချက်များပါရှိသည့် AI TV များနှင့် Bespoke AI အိမ်သုံးလျှပ်စစ်ပစ္စည်းများကိုလည်း ဈေးကွက်အတွင်း မိတ်ဆက်နိုင်ခဲ့သည်။ ထို့အပြင် ပိုမိုပြီးပြည့်စုံမှုရှိသည့် SmartThings Ecosystem ဂေဟစနစ်ကိုလည်း ၎င်း၏ ကိုယ်ပိုင် ထုတ်ကုန်များတွင်သာကမ အခြား‌သာ Third-Party ထုတ်ကုန်များနှင့်ပါ ချိတ်ဆက်အသုံးပြုနိုင်အောင် ဖန်တီးလုပ်ဆောင်ပေးခဲ့သည်။

ထိုမျှသာမက Samsung သည် မိုဘိုင်းဖုန်း၊ ကွန်ယက်ချိတ်ဆက်မှု၊ Visual Display၊ ဒစ်ဂျစ်တယ် အိမ်သုံးပစ္စည်းများ နှင့် Semiconductors နယ်ပယ်တစ်ခုချင်းစီတွင်လည်း ပိုမိုကောင်းမွန်သော အသုံးပြုမှု အတွေ့အကြုံများကို ရရှိစေရန် အတွက် ပိုမိုမြင့်မားကောင်းမွန်သော နည်းပညာနှင့် လုပ်ဆောင်ချက်များအား စဉ်ဆက်မပြတ် ထည့်သွင်းပေးခဲ့သည်။ ၂၀၂၄ ခုနှစ်အတွင်း Samsung ၏ အောင်မြင်မှုများအကြောင်းနှင့် ပတ်သက်၍ Interbrand ၏ ထုတ်ပြန်ချက်အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက Samsung Global Newsroom တွင် အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်မည် ဖြစ်သည်။



Comments

Popular posts from this blog

MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းတွင် (၁၇၅) မြို့နယ်အထိ တိုးချဲ့အသုံးပြုနိုင်ပြီ

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်