ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိပစ္စည်းများ လှူဒါန်းခဲ့ပြီးနောက် သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စောင်များ ဆက်လက်လှူဒါန်းခဲ့တဲ့ OPPO Myanmar AED

 ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO မှ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေဆဲဖြစ်တဲ့ ရေဘေးအခြေအနေတွေအတွက် ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ လိုအပ်နေတဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံနေရာအနှံ့ လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ OPPO Myanmar AED အနေနဲ့ တခြားသော ရေဘေးသင့်ဒေသအတွက် ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ လိုအပ်တဲ့ပစ္စည်းတွေ လှူဒါန်းခဲ့ပြီးနောက် ယခုအခါ သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စောင်တွေကို ဆက်လက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

OPPO Myanmar AED က ယခုအခါ ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ကလော ၊ အင်းလေး တို့အပြင် ဆင်တောင်ရွာ နဲ့ ပလောင်တောင်ရွာတို့မှာ နေထိုင်ကြတဲ့ပြည်သူတွေကို အနွေးဓာတ်ရရှိစေရန် အလို့ငှာ သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စောင်တွေကို သွားရောက်ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဒီလိုတောင်ပေါ်ဒေသတွေဟာ နဂိုတည်းက အေးချမ်းတဲ့ ရာသီဥတုရှိသည့်အလျောက် သိပ်မကြာခင်မှာလဲ ဆောင်းရာသီကို ရောက်ရှိလာတော့မှာဖြစ်တာကြောင့် အများပြည်သူ နွေးထွေးမှုရရှိစေရန်ရည်ရွယ်ချက်နဲ့ အခုလို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လည်း OPPO Myanmar AED က လိုအပ်နေတဲ့ နေရာဒေသတွေမှာ ပြည်သူတွေအတွက် ဆက်လက်ကူညီထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ကတိကဝတ်ပြုအပ်ပါတယ်။

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး