မိုဘိုင်းဂိမ်းနဲ့ ပတ်သက်လာရင် တစ်ဆစ်ချိုး အပြောင်းအလဲတွေကို ဖန်တီးပေးလာနိုင်မဲ့ OPPO Reno13 Series
OPPO Reno13 Series ဟာ အကောင်းဆုံးကင်မရာနဲ့ ကောင်းမွန်တဲ့ ဓာတ်ပုံနည်းပညာအပြင် Performance ပါ ထူးခြားကောင်းမွန်လာတဲ့ Game Master ဖုန်းတစ်လုံးဖြစ်ပါတယ်။ လူတွေရဲ့ နေ့စဉ်ဘဝတွေမှာ မိုဘိုင်းဂိမ်းတွေက ဖျော်ဖြေရေးအတွက် နေရာတစ်နေရာမှာ ပါဝင်လာနေကြပြီဖြစ်ပြီး eSports ကဏ္ဍတွေက ခေတ်သစ်မျိုးဆက်အတွက် အရေးကြီးတဲ့ ကဏ္ဍတစ်ခုအဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။ OPPO ရဲ့ Reno Series တွေဟာဆိုရင် ယခင်တည်းက Photography နဲ့ ပတ်သက်လို့ နာမည်ကျော်ကြားခဲ့တဲ့ ထုတ်ကုန် Series တစ်ခုဖြစ်သလို ဒီတစ်ခေါက် OPPO Reno13 Series မှာဆိုရင် သုံးစွဲသူတွေအတွက် ပိုမို အဆင်ပြေလာစေဖို့ ရည်ရွယ်ချက်နဲ့အတူ Photography ပိုင်းမှာ အားကောင်းရုံတင်သာမက ဂိမ်းပိုင်းဆိုင်ရာ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာတွေမှာ ပိုပြီးအားစိုက်လာပြီဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သုံးစွဲသူပေါင်းများစွာကို ကိုယ်စားပြုတဲ့အနေနဲ့ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က Reno Series တွေမှာ သုံးစွဲသူတွေအတွက် တကယ်လိုအပ်တဲ့အချက်တွေ ထည့်သွင်းနိုင်ဖို့ စဉ်ဆက်မပြတ် ဖန်တီးထုတ်လုပ်လျက်ရှိပါတယ်။ ယခုဆိုရင် Photography နည်းပညာမှာပါ ကောင်းမွန်ထူးခြားတဲ့ OPPO...