Be Safe with TikTok: ဖုန်းသုံးချိန်စီမံခန့်ခွဲသည့် လုပ်ဆောင်ချက်များဖြင့် ဒစ်ဂျစ်တယ် ကျန်းမာရေးကို အလေးထားဆောင်ရွက်

 အသုံးပြုသူအသိုင်းအဝိုင်း၏ ဒစ်ဂျစ်တယ်ကျန်းမာရေးအတွက် ပံ့ပိုးပေးနေစဉ် ဘေးကင်းပြီး အပြုသဘောဆောင်သော ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးရန်မှာ TikTok ၏ ထိပ်တန်းဦးစားပေးဖြစ်ပါသည်။ ဤကတိကဝတ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် TikTok သည် အသုံးပြုသူများအား အကောင်းဆုံး အက်ပ်အသုံးပြုမှု အတွေ့အကြုံကို ခံစားနိုင်ရန် ကူညီပေးသည့် အက်ပ်အတွင်း Tools များနှင့် ပဏာမခြေလှမ်းများကို မိတ်ဆက်ပေးထားပါသည်။ ယခုအခါတွင် သင်အနေဖြင့် သင်၏ အက်ပ်အသုံးပြုမှုကို စီမံခန့်ခွဲနိုင်ပြီး ကျန်းမာသည့် ဖုန်းသုံးချိန်ရှိနိုင်ရန်အတွက် ဒစ်ဂျစ်တယ်ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်တစ်ခု ဖြစ်သည့် "ဖုန်းသုံးချိန်" (Screen Time) နှင့် ပတ်သက်ပြီး အသိပေးဝေမျှဖော်ပြသွားမည်ဖြစ်ပါသည်။







Screen Time Management ဆက်တင်များ အသုံးပြုနည်း

TikTok ၏ ဖုန်းသုံးချိန်ဆိုင်ရာ လုပ်ဆောင်ချက်များကို အောက်ပါအတိုင်း အလွယ်တကူ အသုံးပြုနိုင်ပါသည်။

၁။ TikTok အက်ပ်ကို ဖွင့်ပြီး သင့်ပရိုဖိုင်သို့သွားပါ။

၂။ ညာဘက်အပေါ်ထောင့်ရှိ လိုင်းသုံးကြောင်းကို နှိပ်ပြီး ဆက်တင်များနှင့် ကိုယ်ရေးလုံခြုံမှုသို့ သွားပါ။

၃။ အကြောင်းအရာနှင့် ပြသမှု (Display) အောက်ရှိ ဖုန်းသုံးချိန်ကို ရွေးချယ်ပါ။

၄။ ထို့နောက် လိုသလို ဆက်တင်များကို စိတ်ကြိုက်ပြင်ဆင်ပါ။


သင်၏ TikTok အသုံးပြုမှု အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ခြင်း

"ဖုန်းသုံးချိန်" (Screen Time) အောက်တွင် သင်၏ ဒစ်ဂျစ်တယ်အလေ့အထများကို စီမံခန့်ခွဲရန် အထောက်အကူဖြစ်စေသော လုပ်ဆောင်ချက် ၅ ခု ရှိပါသည်။


၁။ နေ့စဥ်ဖုန်းသုံးချိန်

ဤလုပ်ဆောင်ချက်တွင် TikTok အသုံးပြုသည့် နေ့စဥ်ဖုန်းသုံးချိန်ကို သတ်မှတ်နိုင်ပါသည်။ သတ်မှတ်ထားသော အချိန်ပြည့်သွားသည်နှင့် သင့်အသုံးပြုမှုကို သတိရှိစေရန် ကူညီပေးသည့် အကြောင်းကြားချက်တစ်ခု ရရှိမည်ဖြစ်သည်။ ဤဆက်တင်ကို အချိန်မရွေး ဖွင့်နိုင် သို့မဟုတ် ပိတ်နိုင်ပြီး ဖုန်းသုံးချိန်အကျဉ်းချုပ်ကို လုပ်ဆောင်ချက်စင်တာတွင် ကြည့်ရှုနိုင်ပါသည်။


၂။ ဖုန်းသုံးစွဲမှု နားချိန်များ

ဖုန်းသုံးချိန်မများအောင် အနားယူရန် သတိပေးချက်များ လိုအပ်ပါသလား။ ဖုန်းသုံးစွဲမှုနားချိန်များ လုပ်ဆောင်ချက်ဖြင့် ဆက်တိုက် ဖုန်းအသုံးပြုချိန်တစ်ခုပြီးနောက် အနားယူရန် သတိပေးမည့် အချိန်ဇယားတစ်ခု စိတ်ကြိုက်သတ်မှတ်နိုင်ပါသည်။ သတ်မှတ်ထားသော နားချိန်သို့ ရောက်ရှိသောအခါ အနားယူချိန်ရောက်ပြီဟု TikTok က အက်ပ်တွင်းသတိပေးချက်ကို ပေးပို့မည်ဖြစ်ပါသည်။


၃။ အိပ်ရန်သတိပေးချက်များ

လုံလောက်စွာ အိပ်စက်အနားယူခြင်းသည် ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါသည်။ TikTok ၏ အိပ်စက်ရန်သတိပေးချက်လုပ်ဆောင်ချက်ဖြင့် အိပ်ရာဝင်ချိန်ကို သတ်မှတ်နိုင်ပြီး အိပ်ချိန်စတင်ပါက TikTok၏ Push Notification များမ၀င်လာအောင် ပိတ်ပေးကာ ညအချိန် အနှောင့်အယှက်များကို လျှော့ချပေးမည်ဖြစ်ပါသည်။ ထို့အပြင် အသက်အရွယ်နှင့် ကျွမ်းကျင်သူများ၏ လမ်းညွှန်ချက်များအပေါ် မူတည်၍ အကြံပြုထားသော အိပ်စက်ချိန်ပမာဏကိုပါ တွက်ချက်ပြီး အနားယူရန်သတိပေးသွားမည်ဖြစ်ပါသည်။ ဥပမာအားဖြင့်

- အသက် ၁၃ မှ ၁၇ နှစ်ကြား အသုံးပြုသူများသည် အနည်းဆုံး ၈ နာရီ အိပ်ရန် အကြံပြုထားပါသည်။

- အသက် ၁၈ နှစ်နှင့်အထက် အသုံးပြုသူများသည် ၇ နာရီ သို့မဟုတ် ထို့ထက်ပို၍ အိပ်စက်ရန် အကြံပြုထားပါသည်။

အနားယူချိန်ရောက်သည့်အခါ TikTok က သင့်အတွက် အက်ပ်အတွင်း အကြောင်းကြားစာ ပို့သွားမည်ဖြစ်ပါသည်။


၄။ အပတ်စဥ်ဖုန်းသုံးချိန်အပ်ဒိတ်များ

အပတ်စဉ် သင်၏ ဖုန်းသုံးချိန် ပုံစံများအကြောင်း သိရှိထားရန် လိုအပ်ပါသည်။ ဤလုပ်ဆောင်ချက်တွင် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း အသုံးပြုခဲ့သည့် ဖုန်းသုံးချိန် အကျဉ်းချုပ်ဆိုင်ရာ အသိပေးချက်ကို လက်ခံရရှိမည်ဖြစ်ပါသည်။ မိမိ၏ ဖုန်းသုံးချိန်ပုံစံများကို နှိုင်းယှဥ် ချင့်ချိန်ပြီး စိတ်ကြိုက် ချိန်ညှိနိုင်ရန် ရိုးရှင်းသော နည်းလမ်းတစ်ခုဖြစ်ပါသည်။


၅။ Screen Time Dashboard

ဖုန်းသုံးချိန်ဆိုင်ရာ လုပ်ဆောင်ချက် အကျဉ်းချုပ်နှင့် အသေးစိတ်အချက်အလက်များကို Screen Time Dashboard တွင် ကြည့်ရှုနိုင်ပါသည်။ သင်၏ အလေ့အထများကို ပိုမိုကောင်းမွန်စွာ နားလည်ရန် အသုံးပြုနိုင်သည့် အဆိုပါ Screen Time Dashboardကို လုပ်ဆောင်ချက်စင်တာမှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ထို့ကြောင့် TikTok ၏ ဖုန်းသုံးချိန်ဆိုင်ရာ လုပ်ဆောင်ချက်များကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ပြီး သင့် လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အက်ပ်အတွင်း ရှာဖွေပြီး စိတ်ကြိုက်ပြင်ဆင်သင့်ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ အသုံးပြုသူ အသိုင်းအဝိုင်းအတွက် အထူးဖန်တီးထားသည့် TikTok ၏ Be Safe With Soe စီးရီးတွင် ဤလုပ်ဆောင်ချက်များကို ဖန်တီးပြုလုပ်ထားပါသည်။ အဆိုပါ ဗီဒီယိုစီးရီးသည် ဖုန်းအသုံးပြုချိန်ကို ထိန်းချုပ်ကာ ဒစ်ဂျစ်တယ်ကျန်းမာရေးကို မြှင့်တင်ရန်နှင့် ပိုမိုကျန်းမာပြီး ဟန်ချက်ညီကာ ဖန်တီးမှုအားကောင်းသည့် အချင်းချင်းအပြန်အလှန် ဆက်သွယ်မှုများကို ခံစားနိုင်ရန် ကူညီပေးမည်ဖြစ်ပါသည်။

ပျော်ရွှင်စရာကောင်းသည့် ပညာပေးအစီအစဉ်တစ်ခုအနေဖြင့် နေ့စဉ်ဘ၀တွင် ကြုံတွေ့ရလေ့ရှိသော အဖြစ်အပျက်များနှင့် ဖန်တီးထားသည့် Be Safe with Soe ဗီဒီယိုများကို TikTok ၏ Myanmar Digital Literacy Hub  တွင် ကြည့်ရှုနိုင်ပါသည်။


.

.

.

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်