စစ်မှန်ပြီး အတည်ပြုထားသော Viber အသုံးပြုသူများနှင့် လုံခြုံစိတ်ချစွာ ချိတ်ဆက်နိုင်စေမည့် Rakuten Viber ၏ နောက်ဆုံးပေါ် Dating ဝန်ဆောင်မှုအား ဦးဆုံးရယူ အသုံးပြုနိုင်ရန် Waitlist စာရင်းပေးသွင်းထားနိုင်တော့မည်

 မြန်မာနိုင်ငံသည် ယခုဝန်ဆောင်မှုအသစ်အား ကမ္ဘာတစ်ဝန်းတွင် ပထမဦးဆုံး စမ်းသပ်အသုံးပြုခွင့် ရရှိသွားမည့် နိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်



 မြန်မာနိုင်ငံမှ Viber အသုံးပြုသူများအနေနှင့် စိတ်လှုပ်ရှားစရာ ဝန်ဆောင်မှုအသစ်တစ်ခု ဖြစ်သည့် Viber Dating အား အစောဆုံးအသုံးပြုနိုင်ရန်အတွက် (ကြိုတင်စောင့်ဆိုင်းမှု) Waitlist စာရင်း ပေးသွင်းထားနိုင်မည် ဖြစ်ကြောင်း Rakuten Viber မှ ယနေ့ကြေညာခဲ့သည်။ Rakuten Viber မှ အသစ် မိတ်ဆက်ခဲ့သည့် Viber Dating ဝန်ဆောင်မှုအား Viber Super App ထဲမှပင် အသုံးပြုသွားနိုင်မည် ဖြစ်ကာ အသုံးပြုသူများအနေနှင့် လုံခြုံစိတ်ချစွာ ဆက်သွယ်ချိတ်ဆက်သွားနိုင်မည် ဖြစ်သည်။


Viber Dating ဝန်ဆောင်မှု စတင်အသက်ဝင်သည်နှင့် တစ်ပြိုင်နက် အသုံးပြုသူများအနေနှင့် လိုအပ်သည့် အချက်အလက် များအား ဖြည့်သွင်းကာ ၎င်းတို့၏ ပရိုဖိုင်များအား အလွယ်တကူ စတင်ဖန်တီးသွားနိုင်မည် ဖြစ်သည်။ ထို့နောက်တွင် အသုံးပြုသူများအနေနှင့် Viber အက်ပလီကေးရှင်းထဲမှပင် Viber Dating ဝန်ဆောင်မှုသို့ ဝင်ရောက်၍ အခြားသော အသုံးပြုသူ ပရိုဖိုင်များနှင့် လုံခြုံစိတ်ချစွာ ရှာဖွေချိတ်ဆက်သွားနိုင်မည် ဖြစ်သည်။ Viber Dating အားအသုံးပြုသည့် ပရိုဖိုင်သည် ပင်မ Viber ပရိုဖိုင် နှင့် တူညီမှုရှိမည် မဟုတ်ပဲ ဖုန်းနံပါတ်များကိုလည်း Viber Dating အသုံးပြုနေစဉ် တစ်ဦး နှင့် တစ်ဦး ကြည့်ရှုနိုင်မည်မဟုတ်ပေ။

Viber Dating အတွက် ကြိုတင် Waitlist စာရင်းပေးသွင်းနိုင်ရန် အသုံးပြုသူများအနေနှင့် Viber အက်ပလီကေးရှင်းအား Latest Version သို့ Update ပြုလုပ်ထားရန်လိုအပ်မည်ဖြစ်သည်။ ပြီးနောက်တွင် Viber အက်ပလီကေးရှင်းအတွင်းသို့ ဝင်ရောက်၍ ညာဖက်အောက်ထောင့်မှ အစက် ၃ စက်ဖြင့် ပြထားသော ‘More’ အားမှတဆင့် ၎င်းတို့၏ ပရိုဖိုင် ဓာတ်ပုံအောက်ရှိ ‘Viber Dating Beta’ အားသွားရောက်၍ ‘Join Waitlist’ အား ရွေးချယ်ကာ စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။ ဤကဲ့သို့ လွယ်ကူသော အဆင့်အနည်းငယ်အား လုပ်ဆောင်ပြီးသည်နှင့် တစ်ပြိုင်နက် အသုံးပြုသူများအနေနှင့် မကြာမီ ရက်သတ္တပတ်အနည်းငယ် အတွင်း စတင်မိတ်ဆက်သွားမည့် Viber Dating ဝန်ဆောင်မှုအား ရယူအသုံးပြုသွား နိုင်ရန် အဆင်သင့်ဖြစ်နေတော့မည် ဖြစ်သည်။

Viber Dating နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များအား ဝန်ဆောင်မှု စတင်အသုံးပြုနိုင်သည့် အချိန်တွင် ထပ်မံအကြောင်းကြားပေးသွားမည် ဖြစ်သည်။

Viber Dating ဝန်ဆောင်မှုအား ပထမဦးဆုံး စတင်အသုံးပြုနိုင်ရန်အတွက် ယခုပဲ Wailist ကို စာရင်းပေးသွင်းလိုက် ကြရအောင်။






.

.

.

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်