MPT က တာချီလိတ်မြို့ရှိ ဖန်ကြိုးမျှင် (Fiber Cable) နှင့် ဂဏန်း ၇ လုံးပါရှိသည့် (VoIP) အော်တိုတယ်လီဖုန်းဝန်ဆောင်မှုများကို နေရာအသစ်သို့ ပြောင်းရွှေ့ဆောင်ရွက်သွားမည်

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)အနေဖြင့် ၎င်း၏ ကတိကဝတ်နှင့်အညီ နည်းပညာအဆင့်မြှင့်တင်မှုပြုလုပ်ခြင်းနှင့်အတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ဖန်ကြိုးမျှင် (Fiber Cable) အသုံးပြုစနစ်သုံး အင်တာနက်လိုင်းများနှင့် ဂဏန်း ၇ လုံးပါရှိသည့် (VoIP) အော်တိုတယ်လီဖုန်းဝန်ဆောင်မှုများအား ချိတ်ဆက်ထားသော ဖန်ကြိုးမျှင်အသုံးပြုတယ်လီဖုန်းစနစ် (OLT) အိတ်ချိန်းများကို ပြောင်းရွှေ့မည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်တွင် အသိပေးထုတ်ပြန်လိုက်ပါသည်။ 

အဆိုပါ ဆောင်ရွက်မှုသည် နည်းပညာအဆင့်မြှင့်တင်မှု ပြုလုပ်ခြင်းအတွက် လိုအပ်ပြီး ဝန်ဆောင်မှု ပြတ်တောက်မှုများကို အနည်းဆုံးဖြစ်စေရန်၊ ကွန်ရက်တည်ငြိမ်မှုကို မြှင့်တင်ရန် နှင့် ဒေသတွင်းရှိ MPT သုံးစွဲသူများအတွက် ဝန်ဆောင်မှုအရည်အသွေးကို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

အိတ်ချိန်းနေရာအသစ်သို့ ပြောင်းရွှေ့ခြင်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ ပြောင်းလဲခြင်းလုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း ဖန်ကြိုးမျှင် (Fiber Cable) အသုံးပြုစနစ်သုံး အင်တာနက်လိုင်းများနှင့် ဂဏန်း ၇ လုံးပါရှိသည့် (VoIP) အော်တိုတယ်လီဖုန်းဝန်ဆောင်မှု သုံးစွဲသူများမှာ (၁၀) မိနစ်မှ (၂) နာရီခန့်အထိ အချိန်အနည်းငယ်မျှ ခေတ္တယာယီ ဆက်သွယ်ရေးဝန်ဆောင်မှု ပြတ်တောက်မှုကြုံ့တွေ့နိုင်မည် ဖြစ်ပါသည်။ 



အဆင်မပြေမှုဖြစ်ပေါ်ရသည့်အတွက်လည်း သည်းခံပေးနိုင်ပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။


ပိုမိုသိရှိလိုပါက 106 Call Center (သို့မဟုတ်) ၀၉၄၂၃၀၀၆၇၉၅ သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။



MPT


Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး