MPT မှ ကျန်းမာရေးစောင့်ရှောက်မှုအထောက်အပံ့အဖြစ် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန နှင့် (YGW) ဘိုးဘွားရိပ်သာတို့တွင် Oxygen Concentrators များ လှူဒါန်း

 MPT သည် တာဝန်သိလူမှုအကျိုးပြု လုပ်ငန်းများကို ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် အဓိက မဏ္ဍိုင်ကြီး သုံးရပ်တွင် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ လူအများ၏ အသက်ကို ကယ်ဆယ်နိုင်ရေးနှင့် ကျန်းမာရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်နိုင်ရန်နှင့် သက်ကြီးရွယ်အို ဘိုးဘွားများနှင့် ဆေးရုံတက်ရောက် ကုသမှုခံယူနေသော ပြည်သူများ၏ အောက်စီဂျင်အရေးပေါ်လိုအပ်မှုအခက်အခဲမှ ပြေလည်မှုရရှိရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုအား ပံ့ပိုးရန် ရည်ရွယ်၍ Oxygen Concentrators (၁၂) လုံးကို ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် (YGW) ဘိုးဘွားရိပ်သာတို့တွင် လှူဒါန်းခဲ့ပါသည်။


အဆိုပါ လှူဒါန်းပွဲသို့ MPT - KSGM JO မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ MPT သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပေးအပ်နေသည့်အပြင် လူမှုအကျိုးပြု လှုပ်ရှားမှုများမှတစ်ဆင့် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများကို ဆောင်ရွက်ခြင်းဖြင့် ၎င်း၏ကတိကဝတ်များကို ပြသလျက်ရှိပါသည်။ MPT သည် ကျန်းမာရေးနှင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ပံ့ပိုးပေးခြင်းဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ လူနေမှုဘဝများ တိုးတက်ရေးကို ဖော်ဆောင်ရာတွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

“အတူလက်တွဲအမြဲရှိမည် MPT” ဟူသည့် ကတိကဝတ်နှင့်အညီ MPTအနေဖြင့် အာယုဆေးရုံကြီးနှင့် ပန်းလှိုင်ဆေးရုံကြီးတို့နှင့်အတူပူပေါင်းပြီး ကျန်းမာရေးပညာပေးရုပ်သံ ဗီဒီယိုများကိုလည်း LoTaYa Portal တွင် MPT သုံးစွဲသူတိုင်း အင်တာနက် ဒေတာဖိုးကုန်ကျရန်မလိုဘဲ အခမဲ့ကြည့်ရှုနိုင်ရန်ဆောင်ရွက်‌ပေးထားပါသည်။ အလားတူပင် လူငယ်များအတွက် လိုအပ်သော စွမ်းဆောင်နိုင်ရည်၊ ကျွမ်းကျင်မှုနှင့် ဗဟုသုတများကို ဖြည့်ဆည်းပေးနိုင်ရန် CSR E-Learning အစီအစဉ်ကို ၂၀၂၃ ခုနှစ် မေလ(၃၁) ရက်တွင် စတင်မိတ်ဆက်ခဲ့ပြီး ပညာလိုလားသူ လူငယ်များအတွက် ပိုမို၍အကျိုးရှိစေရန် ပညာရေးနယ်ပယ်နှင့် အသက်မွေးဝမ်းကျောင်း နယ်ပယ်တွင် နာမည်ကောင်းရှိထားသည့် အိုင်တီနည်းပညာအတွက် KMD Institute ၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များအတွက် Center for Vocational Training Ltd Gty နှင့် ဂျပန်ဘာသာစကားအတွက် စိုးစံ ဂျပန်ဘာသာစကားသင်တန်း၊ ဆရာမ ဒေါ်သန်းသန်းနိုင်၏ တရုတ်ဘာသာစကားသင်တန်း၊ မိတ်ကပ်လိမ်းချယ်နည်းနှင့် တစ်ကိုယ် သန့်ရှင်းမှုအသိပညာများအတွက် မိတ်ကပ်ပညာရှင် KT ၏ မိတ်ကပ်လိမ်းချယ်နည်းသင်တန်းနှင့် မိုဘိုင်းလ်ဖုန်းဆော့ဖ်ဝဲ ပြုပြင်ရေးဆိုင်ရာအတွက် သန်းတိုးအောင် မိုဘိုင်းလ်ဖုန်းဆော့ဖ်ဝဲ ပြုပြင်ရေးတို့နှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

MPT ၏ လူမှုအကျိုးပြုလုပ်ငန်းနှင့်ဆိုင်သည့် လှုပ်ရှားမှုများကို ပိုမိုသိရှိလိုပါက https://mpt.com.mm/en/about-home/csr-activities/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ