TikTok က အကြောင်းအရာဖန်တီးသူများ၊ မိသားစုများနှင့် အသုံးပြုသူများအတွက် ယုံကြည်မှုနှင့် လုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်အသစ်များ မိတ်ဆက်

TikTok သည် တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးပြီး ကမ္ဘာတစ်ဝန်းရှိ အသုံးပြုများကို ပျော်ရွှင်စေမည့် လုပ်ဆောင်ချက် (Feature) အသစ်များကို ကြေညာလိုက်ပါသည်။ ဤလုပ်ဆောင်ချက်များသည် TikTok တွင် ရှာဖွေလေ့လာသင်ယူကြသည့် ဆယ်ကျော်သက်များနှင့် မိသားစုများ၊ အကြောင်းအရာဖန်တီးသူများ၊ ချိတ်ဆက်အသုံးပြုသူများအတွက် အသုံးပြုမှုအတွေ့အကြုံကို မြှင့်တင်ပေးမှာဖြစ်ပါသည်။ ၎င်းတို့သည် TikTok ၏ လုံခြုံမှု၊ ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးတို့တွင် ဆက်လက်ရင်းနှီးမြုပ်နှံမှုများကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ မိသားစုများအတွက် လုပ်ဆောင်ချက်များ ဆယ်ကျော်သက်အကောင့်များတွင် ၎င်းတို့ အသုံးပြုဖို့အတွက်သာ ဒီဇိုင်းထုတ်ထားသည့် မတူညီသော လုပ်ဆောင်ချက်ပေါင်း (၅၀) နှင့် ဆက်တင်များ ပါရှိသောကြောင့် ၎င်းတို့၏ ဖန်တီးနိုင်စွမ်းကို ဘေးကင်းစွာ ဖော်ပြနိုင်ခြင်း၊ သူငယ်ချင်းများနှင့် ချိတ်ဆက်ခြင်း၊ TikTok တွင် လေ့လာသင်ယူနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ အဆိုပါ Built-in အကာအကွယ်များအပြင် TikTok သည် မိဘများနှင့် အုပ်ထိန်းသူများကို မိမိတို့ ဆယ်ကျော်သက်လူငယ်များ၏ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်စေအောင် လုပ်ဆောင်နိုင်သည့် မိ...