TikTok က အကြောင်းအရာဖန်တီးသူများ၊ မိသားစုများနှင့် အသုံးပြုသူများအတွက် ယုံကြည်မှုနှင့် လုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်အသစ်များ မိတ်ဆက်

 TikTok သည် တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးပြီး ကမ္ဘာတစ်ဝန်းရှိ အသုံးပြုများကို ပျော်ရွှင်စေမည့် လုပ်ဆောင်ချက် (Feature) အသစ်များကို ကြေညာလိုက်ပါသည်။ ဤလုပ်ဆောင်ချက်များသည် TikTok တွင် ရှာဖွေလေ့လာသင်ယူကြသည့် ဆယ်ကျော်သက်များနှင့် မိသားစုများ၊ အကြောင်းအရာဖန်တီးသူများ၊ ချိတ်ဆက်အသုံးပြုသူများအတွက် အသုံးပြုမှုအတွေ့အကြုံကို မြှင့်တင်ပေးမှာဖြစ်ပါသည်။ ၎င်းတို့သည် TikTok ၏ လုံခြုံမှု၊ ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးတို့တွင် ဆက်လက်ရင်းနှီးမြုပ်နှံမှုများကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။


မိသားစုများအတွက် လုပ်ဆောင်ချက်များ

ဆယ်ကျော်သက်အကောင့်များတွင် ၎င်းတို့ အသုံးပြုဖို့အတွက်သာ ဒီဇိုင်းထုတ်ထားသည့် မတူညီသော လုပ်ဆောင်ချက်ပေါင်း (၅၀) နှင့် ဆက်တင်များ ပါရှိသောကြောင့် ၎င်းတို့၏ ဖန်တီးနိုင်စွမ်းကို ဘေးကင်းစွာ ဖော်ပြနိုင်ခြင်း၊ သူငယ်ချင်းများနှင့် ချိတ်ဆက်ခြင်း၊ TikTok တွင် လေ့လာသင်ယူနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ အဆိုပါ Built-in အကာအကွယ်များအပြင် TikTok သည် မိဘများနှင့် အုပ်ထိန်းသူများကို မိမိတို့ ဆယ်ကျော်သက်လူငယ်များ၏ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်စေအောင် လုပ်ဆောင်နိုင်သည့် မိသားစုချိတ်ဆက်ခြင်း (Family Pairing) ဝန်ဆောင်မှုကိုလည်း ပေးထားပါသည်။ TikTok ၏ ဒစ်ဂျစ်တယ်ဘေးကင်းလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု (Digital Safety Partnership for Families) ဖြင့် ပေါင်းစပ်ပြီး ဆယ်ကျော်သက်လူငယ်များ၏ အွန်လိုင်းအတွေ့အကြုံများကို ပွင့်လင်းစွာ ပြောဆိုမှုများပြုလုပ်နိုင်ရန် မိသားစုဝင်များကို လုပ်ဆောင်ချက်များ ပံ့ပိုးပေးထားပါသည်။

TikTok က မိဘများအတွက် ၎င်းတို့၏ ဆယ်ကျော်သက်ရွယ်လူငယ်များအကောင့်နှင့် ပတ်သက်ပြီး ပိုမိုသိရှိမြင်သာနိုင်ရန် မိသားစုချိတ်ဆက်ခြင်း (Family Pairing) ဝန်ဆောင်မှုအသစ်များကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး အောက်ပါလုပ်ဆောင်ချက်များ ပါဝင်လာမည်ဖြစ်ပါသည်။

  • TikTok တွင် ဆယ်ကျော်သက်ရွယ်လူငယ်များသည် အခြားသူများမြင်နိုင်သည့် ဗီဒီယို၊ Story သို့မဟုတ် ဓာတ်ပုံကို တင်သည့်အခါ TikTok က Family Pairing ချိတ်ဆက်ထားသည့် မိဘတစ်ဦးဦးကို အလိုအလျောက်အကြောင်းကြားပေးမည်ဖြစ်ပါသည်။ ၎င်းသည် ဆယ်ကျော်သက်ရွယ်လူငယ်များ၏ တီထွင်ဖန်တီးနိုင်မှု သို့မဟုတ် လွတ်လပ်မှုကို မထိခိုက်စေဘဲ မိဘများအနေဖြင့် မိမိတို့၏ ဆယ်ကျော်သက်ရွယ်များ တင်သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ပွင့်လင်းစွာ ပြောဆိုမှုများကို စတင်နိုင်ရန် ကူညီပေးပါသည်။
  • ဆယ်ကျော်သက်ရွယ်လူငယ်များ ရွေးချယ်ထားသော ကိုယ်ရေးကိုယ်တာဆက်တင်များအကြောင်း ပိုမိုသိရှိနိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် ဆယ်ကျော်သက်ရွယ်လူငယ်များ (အသက် ၁၆-၁၇ နှစ်) သည် ၎င်းတို့တင်သည့် အကြောင်းအရာများကို အခြားသူများ ဒေါင်းလုတ်လုပ်နိုင်ရန် ဖွင့်ထားခြင်း ရှိ၊ မရှိ သို့မဟုတ် ၎င်းတို့ follow လုပ်ထားသူစာရင်းကို အခြားသူများ မြင်နိုင်ရန် ဖွင့်ထားခြင်း ရှိ၊ မရှိ မိဘများအနေဖြင့် ကြည့်နိုင်မည်ဖြစ်ပါသည်။ TikTok ၏ Manage Topics လုပ်ဆောင်ချက်မှ တစ်ဆင့် ဆယ်ကျော်သက်ရွယ်လူငယ်များသည် ၎င်းတို့၏ feed ကို ပုံသွင်းရန် ရွေးချယ်ထားသည့် အကြောင်းအရာများကိုလည်း မိဘများ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

ယနေ့ကြေညာထားသော မိသားစုများအတွက် လုပ်ဆောင်ချက်အသစ်များအကြောင်းကို ဒီနေရာတွင် https://newsroom.tiktok.com/en-us/supporting-families-with-new-family-pairing-features ပိုမိုလေ့လာနိုင်ပါသည်။


အသိုင်းအ၀ိုင်း၏ ကောင်းကျိုးအတွက် ပံ့ပိုးပေးခြင်း

TikTok ၏ Screen Time Management နှင့် Sleep Hours ကဲ့သို့သော လုပ်ဆောင်ချက်များသည် အသုံးပြုများအတွက် အဆင်ပြေစေမည့် Digital Routine များကို ဖန်တီးရန် ပိုမိုလွယ်ကူစေခဲ့ပါသည်။ ထို့ပြင် TikTok က အသုံးပြုသူတွေအတွက် ပိုမိုအဆင်ပြေစေမည့် ဒစ်ဂျစ်တယ်အတွေ့အကြုံများကို ယူဆောင်ပေးနိုင်ရန်အတွက် ရှိပြီးသား သုတေသနများ၊ TikTok ၏ ကမ္ဘာလုံးဆိုင်ရာ လူငယ်ကောင်စီမှ လမ်းညွှန်ချက်များနှင့် ဘော့စတွန် ကလေးဆေးရုံရှိ Digital Wellness Lab မှ ကျွမ်းကျင်သူများနှင့် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။

ထို့ကြောင့် ယနေ့တွင် Well-being Missions ဟုခေါ်သော လုပ်ဆောင်ချက်အသစ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါသည်။ ၎င်းတို့သည် လူများကို ရေရှည်ဟန်ချက်ညီသော ဒစ်ဂျစ်တယ်အလေ့အထများ ဖွံ့ဖြိုးလာစေရန်အတွက် ဒီဇိုင်းထုတ်ထားသော တိုတောင်းပြီး ဆွဲဆောင်မှုရှိသည့် မစ်ရှင်လုပ်ဆောင်ချက်များဖြစ်သည်။ မစ်ရှင်တစ်ခုပြီးသည့်အခါတိုင်း တတ်ကြွသည့် လုပ်ဆောင်မှုများကို အားပေးပြီး သတိပြုသုံးစွဲနိုင်စွမ်းကို ခိုင်မာစေမည့် ဆုတံဆိပ်များရရှိမည်ဖြစ်သည်။

ယနေ့ကြေညာထားသော ဒီဂျစ်တယ်ကောင်းကျိုးဆိုင်ရာ လုပ်ဆောင်ချက်အသစ်များအကြောင်း ဒီနေရာတွင် https://newsroom.tiktok.com/en-us/new-ways-to-help-our-community-build-balanced-digital-habits ပိုမိုလေ့လာနိုင်ပါသည်။


Tool အသစ်များဖြင့် အကြောင်းအရာဖန်တီးသူများကို ခွန်အားဖြစ်စေခြင်း

TikTok သည် ဖန်တီးသူများကို ကာကွယ်ရန်နှင့် အောင်မြင်မှုရရှိပြီး လူအများနှစ်သက်သော အကြောင်းအရာများကို ဆက်လက်ဖန်တီးနိုင်စေမည့် လုပ်ဆောင်ချက်အသစ်များကို ယနေ့တွင် ကြေညာလိုက်ပြီဖြစ်ပါသည်။ အဆိုပါ အဆင့်မြှင့်တင်မှုများတွင် အောက်ပါလုပ်ဆောင်ချက်များ ပါဝင်လာမည်ဖြစ်ပါသည်။

Creator Care Mode သည် ဖန်တီးသူများအတွက် မလိုလားအပ်သော မှတ်ချက်များနှင့် မသင့်လျော်သော မှတ်ချက်များကို ပိုမိုကောင်းမွန်စွာ စစ်ထုတ်နိုင်ရန် ကူညီပေးပါသည်။

TikTok LIVE အတွက် Mute လုပ်ဆောင်ချက်အသစ်သည် LIVE လွှင့်နေစဥ် စကားလုံးများ၊ စကားစုများနှင့် Emoji များကို တစ်ခါတည်း စုပေါင်း Mute လုပ်နိုင်ရန် ကူညီပေးပါသည်။

Content Check Lite သည် ဖန်တီးသူများအနေဖြင့် အကြောင်းအရာတစ်ခု မတင်မီ အဆိုပါအကြောင်းအရာသည် For You feed တွင် ပေါ်နိုင်ခြေ ရှိ မရှိကို ကြိုတင်စစ်ဆေးနိုင်စေပါသည်။

Creator Inbox သည် Inbox မက်ဆေ့များကို ပိုမို ထိရောက်စွာ စီမံနိုင်ရန် ဖန်တီးသူများအတွက် အသစ်ထည့်သွင်းထားသော လုပ်ဆောင်ချက်ဖြစ်ပါသည်။

Creator Chat Room သည် ဖန်တီးသူများအနေဖြင့် TikTok တွင် သတ်မှတ်ချက်ပြည့်မီသော Follower များနှင့် တိုက်ရိုက်ချိတ်ဆက်ကာ အပြန်အလှန် ဆက်သွယ်နိုင်စေပါသည်။

ယနေ့ကြေညာထားသော ဖန်တီးသူများအတွက် လုပ်ဆောင်ချက်အသစ်များအကြောင်းကို ဒီနေရာတွင် https://newsroom.tiktok.com/en-us/new-tools-for-creators ပိုမိုလေ့လာနိုင်ပါသည်။


TikTok သည် ဒီဂျစ်တယ်ကောင်းကျိုးအပေါ် အာရုံစိုက်ပြီး အထောက်အကူပြု Tool များနှင့် လုပ်ဆောင်ချက်များကို တစ်နေရာတည်းတွင် စုပေါင်းထားသည့် App အတွင်း အတွေ့အကြုံအသစ်ကိုလည်း လေ့လာ ဖော်ဆောင်လျက်ရှိပါသည်။



#


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်