Carabao Futsal Champion Cup 2025 ပွဲမှတစ်ဆင့် မြန်မာလူငယ်များ၏ စိတ်ဓာတ်စွမ်းအားကို မြှင့်တင်ပေးခဲ့

 အပြည်ပြည်ဆိုင်ရာမှ အသိအမှတ်ပြုထားသည့် ခွန်အားဖြည့် အချိုရည် အမှတ်တံဆိပ်ဖြစ်သော Carabao Myanmar က English Football League (EFL) ဖလား၏ ဂုဏ်ယူစွာ ပါဝင်ပံ့ပိုးသူအဖြစ် အားကစားလောကကို ပံ့ပိုးကူညီနေမှုကို Carabao Futsal Champion Cup 2025 ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့်ပူးပေါင်းကျင်းပတဲ့ ယခုပြိုင်ပွဲဟာ လူငယ်အားကစားသမားများရဲ့ ဇွဲ၊ ကျွမ်းကျင်မှုနဲ့ အသင်းအဖွဲ့လုပ်ဆောင်မှုများကို ဂုဏ်ပြုတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ Carabao Futsal Champion Cup 2025 ပြိုင်ပွဲရဲ့ နောက်ဆုံးနေ့မှာ စိတ်လှုပ်ရှားအားရစရာ ယှဥ်ပြိုင်မှုများ၊ နောက်ဆုံးမိနစ်ဂိုးများနဲ့အတူ ပရိသတ်များရဲ့ အားပေးသံများဖြင့် အပြင်းအထန် ကစားခဲ့ကြပါတယ်။ မြန်မာနိုင်ငံအနှံ့မှ အသင်းများက Carabao Myanmar ၏ စိတ်ဓာတ်စွမ်းအားကို အပြည့်အဝပြသခဲ့ပြီး Winner Generations FC သည် MIU FC နှင့် ရင်ဆိုင်ယှဥ်ပြိုင်ခဲ့ပြီး စိတ်လှုပ်ရှားဖွယ်ရာ နောက်ဆုံးပွဲစဉ်တွင် ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

Carabao Myanmar နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF မှ တာဝန်ရှိသူများသည် ပြိုင်ပွဲအောင်ပွဲကို အတူတကွ ဂုဏ်ပြုခဲ့ပြီး အားကစားသမားများရဲ့ စိတ်အားထက်သန်မှု၊ အားထုတ်ကြိုးစားမှုနှင့် အသင်းအဖွဲ့လိုက် ယှဥ်ပြိုင်မှုများကို အသိအမှတ်ပြုခဲ့ပါတယ်။ အခုလို ပံ့ပိုးပူးပေါင်းမှုများကနေတစ်ဆင့် Carabao Myanmar ရဲ့ ရည်မှန်းချက်မှာ လူငယ်များကို စိတ်ဓာတ်စွမ်းအားဖြည့်ပေးနိုင်ရုံဖို့ သာမကဘဲ ကွင်းပြင်ပတွင်ပါ စွမ်းရည်မြှင့်တင်ပေးရန်ဖြစ်ကြောင်း၊ အင်္ဂလန်ရှိ EFL ဖလားအပါအဝင် Carabao Myanmar ၏ ကမ္ဘာလုံးဆိုင်ရာ အားကစားပံ့ပိုးမှုများတွင်လည်း တွေ့မြင်နိုင်သည့် တူညီသော brand ကတိကဝတ်များဖြစ်ဖြစ်ကြောင်း သက်သေပြသခဲ့ခြင်း ဖြစ်ပါတယ်။

Carabao Myanmar အကြောင်း

Carabao သည် ထိုင်းနိုင်ငံမှ ကမ္ဘာကျော် ခွန်အားဖြည့်အချိုရည် အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး အားကစားကဏ္ဍ ကြိုးစားအားထုတ်မှုများကို အားဖြည့်ပေးသည့် အမှတ်တံဆိပ်အနေဖြင့် အသိအမှတ်ပြုခံထားရပါသည်။ Carabao သည် အားကစားလိုက်စားသူ လူငယ်တစ်ဦးချင်းစီကို စွမ်းအားဖြည့်ပေးရုံသာမက ဒေသဆိုင်ရာ futsal ပြိုင်ပွဲများမှသည် အင်္ဂလန်ရှိ English Football League (EFL) ဖလား၏ အဓိကပံ့ပိုးသူအဖြစ်အထိ လူမှုအသိုင်းအဝိုင်းကို မြှင့်တင်ရန် ကတိပြုထားသည်။


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အကြောင်း

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာနိုင်ငံရှိ ဘောလုံးအားကစားကို အုပ်ချုပ်သည့် တရားဝင်အဖွဲ့အစည်းဖြစ်ပြီး အခြေခံမှသည် ပရော်ဖက်ရှင်နယ်လိဂ်အဆင့်အထိ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ၏ နောက်မျိုးဆက်သစ် ဘောလုံး အားကစားသမားများကို ပျိုးထောင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်