MPT ၏ “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်မှ အထူးဆုကံထူးရှင်ဖြစ်သူ တောင်ကြီးမြို့နယ်မှ ကံထူးရှင်အား ငွေသား ကျပ် သိန်း (၁,၀၀၀) ကို လွှဲပြောင်းပေးအပ်

 MPT သည် “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်၏ အထူးဆုကံထူးရှင်ဖြစ်သူ တောင်ကြီးမြို့နယ်၊ အရိယမဂ္ဂင်ဝိပဿနာရိပ်သာ၏ ဆရာတော်အား ငွေသား ကျပ် သိန်း (၁,၀၀၀) ကို အောင်မြင်စွာ လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်ပါသည်။ အဆိုပါ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ MPT ၏ တိုင်းဒေသကြီး မန်နေဂျာရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


MPT ၏ ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်သုံးစွဲနေသူများအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် MPT သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကံစမ်းမဲအစီအစဉ်နှစ်ခုဖြစ်သည့် “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်” အစီအစဉ် နှင့် “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်ကို ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ ကံစမ်းမဲအစီအစဉ်များမှတစ်ဆင့် နိုင်ငံတစ်ဝန်းရှိ ကံထူးရှင်များသို့ အထက်ပါ ငွေသား ကျပ် သိန်း (၁,၀၀၀) အပါအဝင် စုစုပေါင်း ငွေသား ကျပ်သိန်း (၈,၀၀၀) ဆုများနှင့် တယ်လီကွန်းဆုများကို ပေးအပ်ခဲ့ပြီး MPT ၏ တန်ဖိုးထားရသော သုံးစွဲသူများနှင့် ကံထူးရှင်များသို့ စိတ်ကျေနပ်မှုများစွာ ယူဆောင်ပေးခဲ့ပြီး ဖြစ်ပါသည်။

လက်ရှိတွင်လည်း MPT သည် “နှစ်သစ်မင်္ဂလာ သိန်း ၁,၅၀၀” အစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ မတ်လ (၁၁) ရက်မှ ဇူလိုင်လ (၃၁) ရက်အထိ ပေးအပ်လျက်ရှိပြီး MPT သုံးစွဲသူများအားလုံး အစီအစဉ်ကာလအတွင်း မည်သည့်နည်းလမ်းဖြင့်မဆို ကြိုက်နှစ်သက်ရာ ပက်ကေ့ချ် (စာတို၊ ဖုန်းခေါ်ဆိုမှု၊ ဒေတာ၊ ထပ်ဆောင်းဝန်ဆောင်မှုများ အစရှိသည်) တို့ကို ဝယ်ယူခြင်းဖြင့်

  • ငွေသားကျပ်သိန်း (၁,၀၀၀) ဆုကြီး (၁) ဆု
  • ငွေသားကျပ်သိန်း (၁၀၀) ဆု (၅) ဆု နှင့်

အပတ်စဉ် တယ်လီကွန်းဆုများကို ကံထူးနိုင်သည့် အခွင့်အရေးများ ရရှိမည်ဖြစ်ပါသည်။

MPT သည် ငွေသားဆု ကံထူးရှင်များအားလုံးကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း တိုက်ရိုက်ထုတ်လွှင့်ရွေးချယ်သွားမည် ဖြစ်ပါသည်။

ထို့အပြင် MPT ၏ “တူတူကပါ TikTok မှာ နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” အစီအစဉ်သည် အကဝါသနာရှင်များ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အထိ အဆိုပါအစီအစဉ်တွင်ပါဝင်ခြင်းဖြင့် ငွေသားဆုများနှင့် တယ်လီကွန်းဆုများကံထူးနိုင်ရန်အခွင့်အလမ်းကို ပေးအပ်ထားပါသည်။ စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို https://bit.ly/MPT1500Dance တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ Mr. Yoshinori YAGI က ““ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်ရဲ့ အထူးဆု ကံထူးရှင်ဖြစ်တဲ့ တောင်ကြီးမြို့နယ်က အရိယမဂ္ဂင်ဝိပဿနာရိပ်သာရဲ့ ဆရာတော်ကို ကျွန်တော်တို့ ငွေသား ကျပ် သိန်း (၁,၀၀၀) ကို အောင်မြင်စွာ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဘုန်းဘုန်းအနေနဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်တဲ့အခါမှာ ဒီအထူးဆုကြီးက အထောက်အပံ့ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ ကံစမ်းမဲအစီအစဉ်နှစ်ခုလုံးမှာ ပါဝင်ခဲ့သူတိုင်းကို ကျေးဇူးအထူးတင်ရှိပြီး ကံထူးရှင်တွေအားလုံးကိုလည်း ဂုဏ်ပြုလိုက်ရပါတယ်။ ဒီအစီအစဉ်တွေဟာ MPT ရဲ့ ဝန်ဆောင်မှုကို စဉ်ဆက်မပြတ်သုံးစွဲနေတဲ့ သုံးစွဲသူတွေအပေါ်ထားရှိတဲ့ ကျွန်တော်တို့ရဲ့ ကျေးဇူးတုံ့ပြန်မှုကို အထင်အရှား ပြသနေတယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် ငွေသားဆုတွေကံထူးဖို့ အခွင့်အရေးတွေရရှိနိုင်တဲ့ “နှစ်သစ်မင်္ဂလာ သိန်း ၁,၅၀၀” အစီအစဉ်မှာ ပါဝင်ကြဖို့ ကျွန်တော်တို့ရဲ့ သုံးစွဲတွေကို ဖိတ်ခေါ်လိုက်ပါရစေ” ဟုပြောကြားခဲ့ပါသည်။

ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော MPT သည် သုံးစွဲသူများ၏ နေ့စဉ်ဘဝများကို မြှင့်တင်ရန် ခိုင်မာစွာ ကတိပြုထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝန်ဆောင်မှုများကို ပိုမိုမြှင့်တင်ရန် နည်းလမ်းသစ်များကို စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက် အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူး တင်ရှိပါသည်။ MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့် လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။




Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်