အက်တမ် (ATOM) ၏ အကြီးမားဆုံး “ကံထူးကံမြူး” ပရိုမိုးရှင်းကြီးမှ သုံးစွဲသူ များအတွက် သိန်းပေါင်း (၆,၀၀၀) အထိ ဆုလက်ဆောင်များပေးအပ်

  •  အက်တမ် (ATOM)သုံးစွဲသူများအတွက် အခမ်းနားဆုံး “ကံထူးကံမြူး သိန်းပေါင်း (၆,၀၀၀) အထိဆွတ်ခူး” အစီအစဉ်ကြီး ပြန်လည်ရောက်ရှိလာ
  • ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အတွင်း ၉၉၉ ကျပ်နှင့်အထက် ကြိုက်နှစ်သက်ရာ အက်တမ်ပက်ကေ့ချ်များ ဝယ်ယူလိုက်ရုံဖြင့် ဆုကြီးများ ကံထူးခွင့်ရရှိနိုင်
  • အက်တမ် (ATOM)မှ သုံးစွဲသူများ၏ အစဉ်တစိုက်အားပေးမှုအတွက် အထူးဆုကြီးများနှင့် အပတ်စဉ် ကံစမ်းမဲဆုလက်ဆောင်ကံထူးခွင့်များ ပြန်လည်ပေးအပ်



မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသော အက်တမ် (ATOM) သည် တယ်လီကွန်းစျေးကွက်တွင်အကြီးမားဆုံး “ကံထူးကံမြူး သိန်းပေါင်း (၆၀၀၀)အထိ ဆွတ်ခူး” ပရိုမိုးရှင်းမှတစ်ဆင့် အထူးဆုကြီးပေးအပ်ချီးမြှင့်သွားမည့် အစီအစဉ်ကို ဂုဏ်ယူစွာ ထပ်မံမိတ်ဆက်လိုက်ပါသည်။ အက်တမ် (ATOM) ၏ ပရိုမိုးရှင်းအစီအစဉ်များအနက် တန်ဖိုးကြီး ငွေသားဆုလက်ဆောင်များ ပါဝင်ထည့်သွင်းထားသည့် ဤအစီအစဉ်ကို ဇူလိုင်လ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ၂၀၂၅ ခုနှစ် အထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး အက်တမ်သုံးစွဲသူများမှ ၉၉၉ကျပ်နှင့်အထက် ကြိုက်နှစ်သက်ရာ အက်တမ်ပက်ကေ့ချ်၊ ဝန်ဆောင်မှုများအား ကြိုက်ရာချန်နယ်များမှ ဝယ်ယူလိုက်ရုံဖြင့် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းသော အထူးဆုကြီးများနှင့်အတူ အပတ်စဉ် ဆုငွေလက်ဆောင်များကို ကံထူးခွင့်ရရှိနိုင်ကြမည်ဖြစ်ပါသည်။

အထူးဆုကြီးအနေဖြင့် ကံထူးသူ (၆) ဦးအား တစ်ဦးလျှင် သိန်း (၁,၀၀၀)ကျပ်စီ လစဉ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး အပတ်စဉ်ဆုလက်ဆောင်များအနေဖြင့် ကံထူးသူ (၅) ဦးအား အက်တမ်ဖုန်းဘေလ် (၁)သိန်းကျပ်စီ အပတ်စဉ် ကျေးဇူးတုံ့ပြန် ပေးအပ်သွားမည်ဖြစ်ပါသည်။ ထို့အပြင် သုံးစွဲသူများပိုမိုကောင်းမွန်သော အကျိုးခံစားခွင့်များ ရရှိစေရန် ပရိုမိုးရှင်းကာလအတွင်း ၉၉၉ ကျပ်နှင့်အထက် ကြိုက်ရာအက်တမ်ပက်ကေ့ချ်နှင့် ဝန်ဆောင်မှုများ ဝယ်ယူမှုတိုင်းအတွက် အက်တမ်စတားပွိုင့် (၂)ဆ ကိုလည်းထပ်မံ ပေးအပ်သွားမည်ဖြစ်ပါသည်။

စိတ်ကူးမျှော်လင့်ချက်နှင့် ဆက်သွယ်ချိတ်ဆက်မှုများ လိုအပ်နေသော ယခုလိုအချိန်ကာလတွင် မြန်မာနိုင်ငံ အတွင်းရှိ မိသားစုတိုင်းအတွက် “ကံထူးကံမြူး” ပရိုမိုးရှင်းအစီအစဉ်က ပျော်ရွှင်စရာအခိုက်အတန့်များ ယူဆောင် လာပေးသွားမည်ဖြစ်ပါသည်။ ကျောင်းသားလူငယ်တစ်ဦးအတွက် ပညာသင်ကြားရေးအပိုင်းတွင် အထောက်အကူ ဖြစ်စေရန်သော်လည်းကောင်း၊ မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုခု စတင်နိုင်ရန်အတွက် သော်လည်းကောင်း၊ သို့မဟုတ် ခက်ခဲနေသောအချိန်များတွင် အကူအညီ၊ အထောက်အပံ့ဖြစ်စေရန် အတွက် ယခုပေးအပ်ချီးမြှင့်သွားမည့် ဆုလက်ဆောင်များသည် ကိန်းဂဏန်းတစ်ခုထက်ပိုသောအမှတ်ရစရာ အကြောင်းအရာလေးများ ဖြစ်ပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပြုလုပ်သွားမည့် ဤအစီအစဉ်သည် ဆက်သွယ်ချိတ်ဆက်မှုသာမက နိုင်ငံအနှံ့ ကောင်းမွန်သော အကျိုးသက်ရောက်မှုကောင်းများ ပေးစွမ်းလိုသည့် အက်တမ် (ATOM) ၏ ကတိကဝတ်ကို ထင်ဟပ်နေစေပါသည်။

 အက်တမ်၏ အမှုဆောင်အရာရှိချူပ် Ahmad Abdallah က “ကျွန်တော်တို့ အက်တမ် (ATOM) က သုံးစွဲသူတွေကို ခေတ်မီဆန်းသစ်တဲ့ အတွေ့အကြုံတွေကတစ်ဆင့် ပျော်ရွှင်မှုနဲ့စိတ်ဝင်စားစရာတွေ ယူဆောင်လာပေးပြီး ဖျော်ဖြေမှုရသအစုံကို လက်ဖျားလေးနဲ့တင် ရရှိပိုင်ဆိုင်ခံစားစေချင်တာဖြစ်ပါတယ်။ “ကံထူးကံမြူး” ပရိုမိုးရှင်းကြီး ကလည်း သုံးစွဲသူတွေနဲ့ ဆက်သွယ်ချိတ်ဆက်မှုပိုကောင်းလာစေဖို့နဲ့ မြန်မာ့လူမှုအသိုင်းအဝိုင်းကို ကောင်းမွန်တဲ့ ရလဒ်တွေ ပေးစွမ်းချင်တဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကို ပေါ်လွင်စေပါတယ်။ သုံးစွဲသူတွေကို ပြီးပြည့်စုံတဲ့ ဒစ်ဂျစ်တယ်လူနေမှုဘဝ ရရှိစေချင်ပြီး အစဉ်တစိုက် အားပေးလာသူတွေကို ကျေးဇူးတုံ့ပြန်သောအားဖြင့် အကြီးမားဆုံးဆုလက်ဆောင် သိန်း (၆,၀၀၀) အထိ ပေးအပ်ကာ အက်တမ် (ATOM) ရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ရပါတယ်” ဟု ပြောကြားခဲ့ပါသည်။

“ကျွန်တော်တို့က သုံးစွဲသူတွေရဲ့ အကြိုက်နဲ့ သူတို့တန်ဖိုးထားတဲ့အရာတွေကို သေချာနားထောင်ပါတယ်။ အခု ပရိုမိုးရှင်းအစီအစဉ်က သုံးစွဲသူတွေရဲ့ အကြိုက်ဆုံးလည်းဖြစ်ပြီး အားလုံးရဲ့ တောင်းဆိုမှုနဲ့ စိတ်လှုပ်ရှားစရာတွေ ပေးအပ်နိုင်ဖို့ ပြန်လည်မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ သုံးစွဲသူတွေရဲ့ အစဉ်တစိုက်အားပေးမှုနဲ့ သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေတဲ့ အထိမ်း အမှတ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် “ကံထူးကံမြူး” အစီအစဉ်က အက်တမ် (ATOM) ရဲ့ တီထွင် ဆန်းသစ်မှု၊ သုံးစွဲသူတွေအပေါ် ဂရုစိုက်မှု၊ လုပ်ငန်းလည်ပတ်ရာမှာ ကျွမ်းကျင်မှု စတာတွေအပြင် ကျွန်တော်တို့ အဖွဲ့သားတွေ၊ ချန်နယ်လ်တွေနဲ့ မိတ်ဖက်ပါတနာတွေအားလုံးက သုံးစွဲသူတွေအတွက် တူညီသောပန်းတိုင်ကို လျှောက်လှမ်း နေတယ်ဆိုတာကို ဖော်ညွှန်းနေပါတယ်။ အနာဂတ်မှာလည်း ဂိမ်းအသစ်တွေနဲ့ မိုဘိုင်းအတွေ့အကြုံ သစ်တွေကို ယူဆောင်လာပေးပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတန်ဖိုးတွေကို ဆက်လက်ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်” ဟု အက်တမ်(ATOM) ၏ Chief Commercial Officer ဖြစ်သူ Ahsan Syed က ပြောကြားခဲ့ပါသည်။

သုံးစွဲသူများအနေဖြင့် ATOM Store App၊ USSD codes၊ Eload နှင့် POS Stores၊ Kwat Ti Po Ya (*1#)၊ IVR, SMS၊ ATOM မြန်မာဝက်ဘ်ဆိုဒ်၊ iPCN၊ iBCN အစရှိသော ကြိုက်နှစ်သက်ရာ subscription ပလက်ဖောင်းများ အပါအဝင် အွန်လိုင်း https://atomstore.page.link/data1 မှတဆင့် ပက်ကေ့ချ်နှင့် ဝန်ဆောင်မှုများ ဝယ်ယူကာ ပရိုမိုးရှင်းအစီအစဉ်တွင် လွယ်ကူသက်သာ၊ အဆင်ပြေစွာ ပါဝင်နိုင်မည်ဖြစ်ပါသည်။ အက်တမ် (ATOM) သည် ခေတ်မီဆန်းသစ်သော gaming ဝန်ဆောင်မှုများမှတစ်ဆင့် အကောင်းဆုံး ဖျော်ဖြေရေး ရသအတွေ့အကြုံများအား ပေးအပ်လျက်ရှိပါသည်။ မကြာသေးမီက အက်တမ် (ATOM) မှ တစ်နေရာတည်း၌ စုံလင်လှသော ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများ၊ အစားအသောက်နှင့် ခရီးသွားလမ်းညွှန် ဗွီဒီယိုများ၊ သီချင်းများ၊ တီဗွီချန်နယ်နှင့် ဘ၀နေထိုင်မှု ဆိုင်ရာ ဖျော်ဖြေရေးရသမျိုးစုံအား ပေးစွမ်းနေသော “အက်တမ်ရသ (ATOM Yatha)” ဖျော်ဖြေရေး application ကို မိတ်ဆက်ခဲ့ပါသည်။ ထို့အပြင် သုံးစွဲသူများအတွက် အလုပ်လုပ်ကိုင်ရာတွင် ပိုမိုစမတ်ကျပြီး လွယ်ကူလျင်မြန် လာစေရန်နှင့် အိုင်ဒီယာစိတ်ကူးစိတ်သန်းများအား လွတ်လပ်စွာ ရှာဖွေဖော်ထုတ်နိုင်စေရန် Teeoff နည်းပညာနဲ့ ပူးပေါင်း ဖန်တီးထားသည့် AI-powered featured ATOMXpert ကိုလည်း ATOM Store App တွင် ထည့်သွင်း မိတ်ဆက်ထားနိုင်ခဲ့ပါသည်။ အက်တမ် (ATOM)အနေဖြင့် မတူညီသော ကမ်ပိန်း၊ ထုတ်ကုန်၊ ဝန်ဆောင်မှုများမှ တစ်ဆင့် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော အခိုက်အတန့်များ ဖန်တီးပေးစွမ်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက် လျက်ရှိနေပါသည်။





Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်