ဘော်လ်တီမိုးမှ တံတားပျက် ဖယ်ရှားရှင်းလင်းမည့် အစီအစဉ် အကြမ်းဖျဉ်း ပြောကြား

 မေရီလန်းပြည်နယ်အုပ်ချုပ်ရေးမှူး Wes Moore က ဘော်လ်တီမိုးမှ တံတားပျက် ဖယ်ရှားရှင်းလင်းမည့် အစီအစဉ် အကြမ်းဖျဉ်း ပြောကြားသည်။


အရေးပေါ်ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၆၀ တောင်းခံထားသည်ကို ဘိုင်ဒန်အစိုးရက အတည်ပြုပေးသည်။

အပျက်အစီး အပိုင်းအစများကို ရှင်းလင်း၊ သင်္ဘောကို ဖယ်ရှား၊ တံတားအပိုင်းအစများကို ဖြတ်ထုတ် ယူပြီး ဖယ်ရှား၊ တံတားပြန်လည်တည်ဆောက် အဆင့်ဆင့် လုပ်ကိုင်ရမည်။ 

ကြာမြင့်မည် ဖြစ်သော်လည်း နံပါတ်တစ် ဦးစားပေးအနေဖြင့် ဘော်လ်တီမိုး ဆိပ်ကမ်းကို တတ်နိုင်သမျှ မြန်မြန် ဘေးကင်းလုံခြုံစွာဖြင့် ပြန်ဖွင့်ရန် လုပ်ဆောင်မည်  ဖြစ်သည်။

တံတားပျက်သည် အီဖယ်လ်မျှော်စင်နီးပါး ရှည်သည်။


ဒါလီ သင်္ဘောဦးတွင် ပိနေသည့် တံတားအပိုင်းသည် စတီးထည် တန်ချိန် သုံးထောင်ကျော်မည်ဟု ခန့်မှန်းသည်။ အသုံးပြုမည့် ကရိန်းများမှာ တန်၁,၀၀၀ ကရိန်းတခု၊ တန်၄၀၀ ကရိန်းတခု ဖြစ်သဖြင့် ကရိန်းဖြင့် မ,နိုင်အောင် ကျိုးကျနေသည့်တံတားအပိုင်းကို အပိုင်းပိုင်းအရင် ဖြတ်တောက်မည်ဖြစ်သည်။

Source CNA

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး