သေဆုံးသူ မြန်မာလုပ်သား ၆ ဦးအတွက် တစ်ဦးလျှင် ဘတ်ငွေ ၁ ဒသမ ၆ သန်း ပေးလျော်ရန် သဘောတူညီမှု ရရှိ

 ရယောင်းမှာ ကရိန်းပြိုကျရာမှ သေဆုံးသူ မြန်မာလုပ်သား ၆ ဦးအတွက် လျော်ကြေးရဖို့ ဆန္ဒပြ တောင်းဆိုနေသည့် မြန်မာလုပ်သားများနှင့် မတ်လ ၃၀ ရက် မနက်မှာ တစ်ဦးလျှင် ဘတ်ငွေ ၁ ဒသမ ၆ သန်း ပေးလျော်ရန် သဘောတူညီမှု ရရှိခဲ့ပါတယ်။



သောကြာနေ့ မတ် ၂၉ ညနေ ၅ နာရီခန့်မှာ ထိုင်းနိုင်ငံ ရယောင်ပြည်နယ် Pluak Daeng ခရိုင်ရှိ တရုတ်ကုမ္ပဏီရဲ့ ၆ ထပ် စတီးစက်ရုံ Sin Ker Yuan မှာ တာဝါကရိန်း ပြိုလဲကျခဲ့ရာသေဆုံးသူများ၏ အလောင်းများနှင့် ဒဏ်ရာရသူများကို သယ်ထုတ်ရန် ကယ်ဆယ်ရေးလုပ်သားများက အခင်းဖြစ်ပွားရာသို့ သွားရောက်စီစဉ်ခဲ့သော်လည်း ရွှေ့ပြောင်းအလုပ်သမားများက စုရုံး ပိတ်ဆို့ထားကြပြီးသေဆုံးသူများ၏ မိသားစုဝင်များကို နစ်နာကြေး ဘတ်ငွေ ၅ သိန်း ပေးဆောင်ရန် တောင်းဆိုကြပါတယ်။

စက်ရုံတည်ဆောက်ရေး လုပ်ငန်းခွင်မှာ မြန်မာ ဆောက်လုပ်ရေး အလုပ်သမား ၅၀၀ လောက်က ဆန္ဒပြခဲ့ကြပါတယ်။

ယခင်က အလုပ်သမားတစ်ဦး လျှပ်စစ်ရှော့ခ်တိုက်မှုကြောင့် သေဆုံးသွားခဲ့ရာ လျော်ကြေး မပေးတာကြောင့် အလုပ်ရှင်အား မယုံကြတဲ့အတွက် ယခုလို တုံ့ပြန်ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။

လွှတ်တော်အမတ်နှင့် ဒေသအာဏာပိုင်တို့က သေဆုံးသူများ၏ ရုပ်အလောင်းများကို သယ်ယူရန် ဒဏ်ရာရ အလုပ်သမားများအား ဒေသဆိုင်ရာ ဆေးရုံများသို့ ပို့ဆောင်ခွင့်ပြုရန် ကြားဝင် ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ 

ည ၁၁ နာရီ ဝန်းကျင်မှာ သေဆုံးသူများ၏ ဆွေမျိုးများ၊ စက်ရုံအလုပ်အမှုဆောင်များနှင့် ဆွေနွေးညှိနှိုင်းခဲ့ပါတယ်။ 

လျော်ကြေး တောင်းဆိုမှုကို သေဆုံးသူ တဦးလျှင် ဘတ်ငွေ ၅ သန်းအစား လူမှုဖူလုံရေးမှ ပေးချေမှု မပါ ဘတ်ငွေ ၂ သန်း ပေးလျော်ရန် လျှော့ပေါ့ပေးခဲ့တာကိုလည်း အမှုဆောင် အရာရှိများက ပယ်ချခဲ့ပြီးနောက် ဆက်လက် ညှိနှိုင်းခဲ့ကြပါတယ်။ တနာရီ ဝန်းကျင် အကြာမှာ လူမှုဖူလုံရေးမှ ပေးချေမှု အပါအဝင်  ဘတ် ၁.၆သန်းဖြင့် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဈာပနအတွက် ကုန်ကျစရိတ်ကိုလည်း ကုမ္ပဏီမှ ကျခံရမှာ ဖြစ်ပါတယ်။ အသက်အာမခံ လျော်ကြေးကို ထည့်မတွက်ထားပါ။ အလုပ်သမားများကို အသက်အာမခံ ထားရှိတာကြောင့် အာမခံလျော်ကြေး ဘတ် ၈ သိန်း ရမည် ဖြစ်သော်လည်း တရားဝင်လျှောက်ထားဖို့ လိုအပ်ပါတယ်။

မြန်မာလုပ်သား ၆ ဦးနှင့် တရုတ်လုပ်သား ၁ ဦး စုစုပေါင်း သေဆုံးသူ ၇ ဦးအတွက် ကနဦးအနေဖြင့် ၁ ဦး ဘတ် ၅ သိန်းပေးလျော်မှာဖြစ်ပြီး ကျန်ငွေကို ၃ လအတွင်း ပေးလျော်မှာ ဖြစ်ပါတယ်။


အလုပ်သမား ကိုယ်စားလှယ်များက သဘောတူညီချက်ကို ကြေညာခဲ့ရာ လုပ်သားများ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြပါတယ်။

Pluak Daeng ဆေးရုံတွင် အလောင်းများကို ရင်ခွဲ စစ်ဆေးနိုင်ရန် သယ်ယူသွားဖို့ ကယ်ဆယ်ရေးယာဉ်များကို ခွင့်ပြုခဲ့ပါတယ်။

မြန်မာအလုပ်သမားတဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

#Jobboard 


Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး