ဟိုချီမင်းစီးတီးမှာ ခွေးအကောင် ၁၀၀ မွေးထားတဲ့အိမ်မှ ဆူညံသံနှင့် အနံ့အသက် အရေးယူဖို့ ခက်နေ

ဟိုချီမင်းစီးတီး Ho Chi Minh City (HCMC) အမှတ်(၄)ခရိုင်မှာ နေထိုင်ကြတဲ့ အိမ်ထောင်စု ၅၀ ကျော်တို့ဟာ ခွေးအကောင် ၁၀၀ မွေးထားတဲ့အိမ်မှ ဆူညံသံနှင့် အနံ့အသက်တို့ကို သည်းမခံနိုင်တော့တာကြောင့် အာဏာပိုင်တို့ကို အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။


“တံခါးတွေ ပြတင်းပေါက်တွေကို တင်းတင်းစေ့နေအောင် ပိတ်ထားတာတောင်မှ ခွေး အညစ်အကြေးတွေရဲ့ အနံ့အသက်တွေက အိမ်ထဲကို ဝင်လာပြီး ငါတို့မိသားစုကို ဒုက္ခပေးနေတာ အတော်ကြာပြီ" လို့ 

(၉)ရပ်ကွက်မှ သုံးထပ်အိမ်မှာ နေထိုင်တဲ့ အသက် ၅၀ နှစ်အရွယ် ငုယင်ခအိုင်က ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက သူ့အိမ်နီးချင်းက ခွေးအနည်းအကျဉ်းသာ မွေးမြူခဲ့သော်လည်း နောက်တော့ နောက်ထပ်‌ သခင်မရှိတဲ့ ခွေးတွေ  မွေးစားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ငုယင်ခအိုင်က ပြောပြပါတယ်။


ယခုအခါ အိမ်နီးချင်းရဲ့ ၂၆ စတုရန်းမီတာ အကျယ်ရှိ အိမ်မှာ ခွေးကောင်ရေ ၁၀၀ နီးပါး မွေးထားပါတယ်။

နေ့နေ့ညည တစိမ်း ဖြတ်သွားရင် ကျယ်ကျယ်လောင်လောင် ဆူညံနေအောင် ဟောင်ကြလိူ့ ညဘက် ငုယင်ခအိုင်တို့ တအိမ်သားလုံး လန့်နိုးကြရပါတယ်။ 

ဧရိယာအတွင်း အခန်းငှားပြီး စားသောက်ဆိုင် လာဖွင့်တဲ့သူတွေလည်း ခွေးအနံ့အသက်‌ကြောင့် သိပ်မကြာခင်မှာပဲ ဆိုင်ပိတ်သိမ်းသွားခဲ့ကြပါတယ်။

 

အိမ်နီးနားချင်းတွေက ခွေးတွေ မွေးထားတဲ့ မိသားစုထံ သွားရောက် ပြောဆိုကြပေမဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ပေ။

၂၀၂၁ ခုနှစ်အစောပိုင်းမှာ မိသားစုပေါင်း ၅၀ က အာဏာပိုင်များထံ စာတင်ပြီး တိုင်ကြားခဲ့သော်လည်း ပြဿနာကို ယခုထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။


"ကျွန်တော်က တိရိစ္ဆာန်တွေကို ချစ်ပေမယ့် ခွေးတပြုံတမ မွေးမြူပြီး တခြားသူတွေကို ထိခိုက်တာတော့ အဆင်မပြေဘူး"လို့ ငုယင်ခအိုင်က ပြောပါတယ်။ 

၉ ရပ်ကွက်  ပြည်သူ့ကော်မတီ ဥက္ကဋ္ဌVo Kim Anh Phuong က အာဏာပိုင်များကို အသိပေးခြင်း မရှိဘဲ ခွေးများကို ကိုယ့်သဘောဖြင့် မွေးမြူထားကြောင်း ပြောကြားပါတယ်။

အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် မတ်လမှာ ၎င်းမိသားစုကို ပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက် ဒေါင် ၆၄ သန်း (ဒေါ်လာ ၂,၅၀၀) ဒဏ်ရိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ဥပဒေကြောင်းအရ ဘောင်မဝင်တာကြောင့်  အာဏာပိုင်များက စီရင်ချက်ကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ 

အိမ်ထောင်စု တခုမှာ ခွေးဘယ်နှကောင်အထိသာ မွေးခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားတာ မရှိတော့ ၎င်းမိသားစုကို ခွေးအနည်းအကျဉ်းသာ မွေးဖို့ ဥပဒေအရ ကန့်သတ်လို့မရကြောင်း Phuong က ပြောပါတယ်။  ကာကွယ်ဆေး အပြည့်ထိုးထားဖိူ့အတွက်သာ ပြဋ္ဌာန်းထားပါတယ်။


(၉)ရပ်ကွက်မှသာမက အခြားရပ်ကွက်အချို့မှာလည်း ခွေးတွေ ကြောင်တွေ မွေးထားတာကို တိုင်တန်းတာတွေ ရှိပါတယ်။ 

လက်ရှိတွင် မြို့တော် HCMC တွင် မိသားစု ၁၀၆,၀၀၀ ခန့်တို့က ခွေးနှင့် ကြောင် ၁၈၄,၀၀၀ မွေးမြူထားကြပါတယ်။ ၆၅ ရာခိုင်နှုန်းကို မြို့လယ်ပိုင်း ခရိုင်များတွင် မွေးမြူထားကြပါတယ်။

မြူနီစီပယ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်သူ့ကိုယ်စားလှယ်တစ်ဦးက မူဝါဒများ ကင်းမဲ့ခြင်းကြောင့် အိမ်မွေးတိရစ္ဆာန် ပိုင်ရှင်အများစုဟာ အာဏာပိုင်များကို အကြောင်းကြားခြင်းမရှိဘဲ အိမ်မွေးတိရစ္ဆာန်များကို မွေးမြူထားကြတယ်လို့ ဆိုပါတယ်။


ယခုအခါ စိုက်ပျိုးရေးဌာန အိမ်မွေးတိရစ္ဆာန်များ စီမံခန့်ခွဲမှုအတွက် ယာယီစည်းမျဉ်းများကို ရေးဆွဲနေပြီး အိမ်မွေးတိရစ္ဆာန်များ အရေအတွက်က ကန့်သတ်မှာ ဖြစ်တဲ့အပြင်  အိမ်မွေးတိရစ္ဆာန်များကို မှတ်ပုံတင်ရန် လိုအပ်ပါမယ်လို့ ခရိုင်အမ‌ှတ် (၁၂) ရှိ ရပ်ကွက်တခုရဲ့ လက်ထောက်ဥက္ကဋ္ဌ Le Dang Thang က ပြောပါတယ်။ 

အိမ်မွေးတိရစ္ဆာန် အရေအတွက် ကန့်သတ်ချက်မှာ တိုက်ခန်းတစ်ခန်းလျှင် အိမ်မွေးတိရစ္ဆာန် ငါးကောင် သို့မဟုတ် ၎င်းထက်နည်းနိုင်တယ်လို့Thang က ပြောပါတယ်။ 

Source vnexpress 


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်