ကိုရီးယားတွင် အီးဗီအတွက် ဒေါ်လာ ၅၁ ဘီလီယံ ဟွန်ဒိုင်း ရင်းနှီးမြှုပ်နှံမည်

တောင်ကိုရီးယားတွင် လျှပ်စစ်ကားထုတ်လုပ်ရေးနှင့် ရွေ့လျားသွားလာရေးဆိုင်ရာ လုပ်ငန်းသစ်များကို မြှင့်တင်ရန်အတွက် Hyundai Motor Group သည်  သုံးနှစ်အတွင်း ဝမ် ၆၈ ထရီလီယံ (ကန်ဒေါ်လာ ၅၁ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဟု မတ်လ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ဝန်ထမ်းအသစ် ၈ သောင်း အလုပ်ခန့်မည်။

 

ရင်းနှီးမြှုပ်နှံမှု၏ ထက်ဝက်ကျော် ရှိသည့် ဝမ် ၃၅.၅ ထရီလီယံကို  အီးဗီ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံ၊ တပ်ဆင်ရေးလိုင်းသစ်များအတွက် သုံးစွဲမည်ဖြစ်ကြောင်း ကားထုတ်လုပ်သူမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အမှုဆောင်အရာရှိချုပ် Jose Munoz က ဟွန်ဒိုင်းသည် အီးဗီအတွက်  အရှိန်အဟုန်အပြည့်ဖြင့် ရှေ့ဆက်မည်ဟု ပြောကြားသည်။


ဟွန်ဒိုင်းသည် အမေရိကန်တွင်လည်း အီးဗီအတွက် ကန်ဒေါ်လာ ၁၂.၆ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ အီးဗီနှင့် ဘက်ထရီ ထုတ်လုပ်ရေး စက်ရုံများ တည်ဆောက်လျက်ရှိသည်။ တောင်ကိုရီးယား ပြင်ပတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။


Hyundai Motor Group တွင်  Hyundai Motor နှင့်  Kia တို့ ပါဝင်သည်။

Hyundai Motor နှင့်  Kia တို့သည် ရောင်းအားအရ ကမ္ဘာ့တတိယအကြီးမားဆုံး မော်တော်ယာဉ်လုပ်ငန်း ဖြစ်သည်။

မော်တော်ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်သည့် Hyundai Mobis နှင့် Hyundai Engineering & Construction တို့သည်လည်း လုပ်ငန်းစုကြီး လက်အောက်တွင် ရှိနေသည်။

Source Reuters 


Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး