ဒုံးပျံဖြင့် ပစ္စည်းပေးပို့မည်

 တရုတ်နိုင်ငံမှ ဒုံးပျံထုတ်လုပ်သူ Space Epoch သည် တစ်နာရီအတွင်း ကမ္ဘာတစ်‌နေရာရာသို့ အမြန်ပို့ဆောင်မှုအတွက် အလီဘာဘာ၏ အွန်လိုင်းစျေးဝယ်ပလက်ဖောင်း ထောင်းဘောင် Taobao နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း Space Epoch မှ တနင်္ဂနွေနေ့(မတ် ၃၁)တွင် ကြေညာခဲ့သည်။


စီမံကိန်းသည် ပဏာမ စမ်းသပ်အဆင့်တွင် ရှိပြီး ကုဗမီတာ ၁၂၀ ကွန်တိန်နာအတွင်း ကုန်စည် ၁၀ တန်အထိ တင်ဆောင်နိုင်သည့် ဒုံးပျံကို တီထွင်ရန် ရည်မှန်းထားသည်။

 ပေကျင်းအခြေစိုက် Space Epoch သည် ယမန်နှစ်တွင် ပစ်လွှတိခြင်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် ပြန်လည်ဆယ်တင်ရေးစမ်းသပ်မှုများ ပြီးမြောက်ခဲ့သည့် 'Yuanxing-1' ဒုံးပျံကို အသုံးပြုမည် ဖြစ်သည်။

Source Reuters 

Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ