ချောင်ဖရာမြစ်အတွင်းမှ စွန့်ပစ် ဓာတုပစ္စည်းများ ဆယ်ယူဖယ်ရှား

 ဘန်ကောက်၏ အဓိကမြစ်ကြီး ချောင်ဖရာမှ အမှိုက်များကို နေရောင်ခြည်စွမ်းအင်သုံး ဝမ်းပြားရေယာဉ်တစင်းဖြင့် ဖယ်ရှားသည့် Ocean Cleanup စီမံကိန်း မတ် ၃၀ တွင် စတင်သည်။


၂၀၁၃ ခုနှစ်တွင် ဆယ်ကျော်သက် Boyan Slat မှ တည်ထောင်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ အကျိုးအမြတ် မယူသော အဖွဲ့အစည်းသည် စွန့်ပစ် ဓာတုပစ္စည်းများကို မြစ်အတွင်းမှ ဆယ်ယူဖယ်ရှားကာ သမုဒ္ဒရာအထိ မရောက်ရှိအောင် ကာကွယ်ခြင်းဖြင့် ပင်လယ်ပြင် ပလတ်စတစ်ညစ်ညမ်းမှုကို တစ်စိတ်တစ်ပိုင်းအားဖြင့် ဖယ်ရှားရန် ရည်ရွယ်သည်။

ပင်လယ်သို့ မရောက်‌အောင် ကြားဖြတ်ရယူသည့် စီမံကိန်းကို ဘန်ကောက်တွင် လုပ်ဆောင်ရန် ၂နှစ်ဝန်းကျင် အချိန်ယူခဲ့သည်။

Ocean Cleanup ၏ ပဉ္စမမြောက် ကြားဖြတ်ရယူ ရေယာဉ် စီမံကိန်းဖြစ်သည်။

 Ocean Cleanup သည် ချူလာလောင်ကွန်းတက္ကသိုလ်နှင့်အတူ လုပ်ကိုင်ကာ ချောင်ဖရာမြစ်တွင် ကြားဖြတ်ရေယာဉ် ထားရှိရန်  အကောင်းဆုံးတည်နေရာကို ရွေးချယ်ခဲ့သည်။



"ချောင်ဖရာဟာ တကယ်တော့ ထိုင်းပင်လယ်ကွေ့အတွက် ပလတ်စတစ်ညစ်ညမ်းမှုရဲ့ တစ်ခုတည်းသော အကြီးမားဆုံး အရင်းအမြစ် ဖြစ်ပါတယ်" ဟု Mr Slat က ပြောကြားသည်။

Source AFP


Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး