ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာများ

Tesla စတော့ရှယ်ယာများ မြင့်တက်လာမှုနှင့် SpaceX ၏ တန်ဖိုးမြှင့်တက်လာမှုကြောင့် အီလွန်မတ်စ်သည် တရုတ်အခြေစိုက် မီဒီယာနှင့် သုတေသနကုမ္ပဏီ Hurun ထံမှ နှစ်ပတ်လည် စစ်တမ်းတစ်ခုဖြစ်သည့် 13th Hurun Global Rich Report ၏ ဘီလျံနာများ စာရင်းမှ နှစ်စဉ် ဘီလီယံနာအဆင့်တွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ပြန်လည်ရရှိခဲ့သည်။ 

မတ်စ်သည် ၄ နှစ်တာအတွင်း နံပါတ် (၁) နေရာကို ၃ ကြိမ်တိုင်တိုင် ရရှိထားသည်။

မတ်စ်၏ ကန်ဒေါ်လာ ၂၃၁ ဘီလီယံ ချမ်းသာကြွယ်ဝမှုသည် Amazon အမှုဆောင်ဥက္ကဋ္ဌ Jeff Bezos (အမေရိကန်ဒေါ်လာ ၁၈၅ ဘီလီယံ) နှင့် LVMH အမှုဆောင်အရာရှိချုပ် Bernard Arnault (အမေရိကန်ဒေါ်လာ ၁၇၅ ဘီလီယံ) တို့ထက် သာလွန်ခဲ့သည်။


Jeff Bezos က ကမ္ဘာ့ ဒုတိယအချမ်းသာဆုံးနှင့် Bernard Arnault က ကမ္ဘာ့ တတိယအချမ်းသာဆုံး အဆင့် အသီးသီး ရရှိကြသည်။ 


Meta Platforms Inc. ၏ စီအီးအို မတ် ဇပ်ကာဘတ်  (အမေရိကန်ဒေါ်လာ ၁၅၈ ဘီလီယံ) သည် ထိပ်တန်း (၁၀) စာရင်းထဲ စတင် ဝင်ရောက်လာရာ နံပါတ် (၄) နေရာကို ရရှိသည်။



• လျှမ်းလျှမ်းတောက် အောင်မြင်နေသော အဆိုတော် တေလာဆွစ်ဖ်သည် ဘီလျံနာစာရင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာသည်။ သူမသည့် ကန်ဒေါ်လာ ၁.၂ ဘီလီယံ ချမ်းသာကြွယ်ဝသည်ဟု ခန့်မှန်းထားသည်။  သူမ၏ Eras Tour နှင့် သူမ၏ ဂီတအယ်လ်ဘမ်များ ပြန်လည်ထုတ်လုပ်ခြင်းများမှ အခကြေးငွေများ သောက်သောက်လဲ ရရှိနေသည်။


• မိုင်ယာမီအခြေစိုက် စွန့်ဦးတီထွင်သူ အသက် ၃၀ နှစ်အရွယ် Ryan Breslow (အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ)သည် fintech ပလက်ဖောင်း Bolt ၏ ဥက္ကဋ္ဌဖြစ်ပြီး ယခုနှစ်တွင် ၎င်း၏ အသက်အငယ်ဆုံး ကိုယ်ထူးကိုယ်ချွန် ဘီလျံနာဖြစ်လာသူအဖြစ်  မှတ်တမ်းဝင်သည်။

• စာရင်းပါ ဘီလျံနာတို့၏ ပျမ်းမျှအသက်မှာ ၆၆ နှစ် ဖြစ်သည်။

• အသက် ၄၀ နှစ်န‌ှင့်အောက် ဘီလျံနာ ၉၃ ဦး ပါသည်။ 

• ယခုစာရင်းတွင် ဘီလျံနာ ၃,၂၇၉ ဦး ပါသည်။ ယမန်နှစ်က ၃,၁၁၂ ဦး ပါသည်။ ဘီလျံနာ ဦးရေ ၅% တိုးသည်။ ၎င်းတို့၏ စုစုပေါင်း ချမ်းသာကြွယ်ဝမှု ၉% တိုးသည်ဟု Hurun ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

• စာရင်းမှ ချမ်းသာကြွယ်ဝမှုများသည် ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်အတွက် ဖြစ်သည်။ 

• စာရင်းတွင် ထက်ဝက်ကျော်သည် ဉာဏ်ရည်တု AI ဖြင့် ချမ်းသာကြွယ်ဝမှု တိုးခဲ့ကြသည်။

• စာရင်းပါ ဘီလျံနာ ၁,၃၄၆ ဦးသည် ချမ်းသာကြွယ်ဝမှု လျော့ကျခဲ့သည်။ ၂၇၈ ဦးသည် ဘီလျံနာ စာရင်းတွင် မပါတော့ချေ။

Source Hurun


Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး