တရုတ်ထိပ်တန်းလေကြောင်းလိုင်းများ လေးနှစ်ဆက်တိုက် အရှုံးပေါ်

 တရုတ်ထိပ်တန်းလေကြောင်းလိုင်းများ ၂၀၂၃ ခုနှစ်တွင် လေးနှစ်ဆက်တိုက် အရှုံးပေါ်ခဲ့သည်။ ယခုနစ် ၂၀၂၄ ခုနှစ်တွင် အခြေအနေ ပြန်ကောင်းမွန်မည်ဟု မျှော်လင့်ထားသည်။


၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့လေကြောင်းလိုင်းလုပ်ငန်းကဏ္ဍသည် မြောက်အမေရိက၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းရှိ လေကြောင်းလိုင်းများမှ ခိုင်မာသော အခြေအနေ ကောင်းမွန်မှုများကြောင့် အမြတ်ပြန်လည်ရရှိခဲ့သည်။  လေကြောင်းလိုင်းလုပ်ငန်းအဖွဲ့ IATA က အာရှ-ပစိဖိတ်ဒေသသည် ၂၀၂၄ ခုနှစ်တွင်လည်း လေကြောင်းလိုင်းများ အမြတ် ရရှိမည်ဟု မျှော်လင့်ထားသည်။


တရုတ်နိုင်ငံသည် ကိုဗစ်ကပ်ရောဂါနှင့်ပတ်သက်သော နိုင်ငံတကာခရီးသွားကန့်သတ်ချက်များကို ရုပ်သိမ်းသည့် နောက်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်အစတွင် ရုပ်သိမ်းခဲ့သည်။

သို့ဖြစ်ရာ ကိုဗစ်လွန်ကာလ ခရီးသည်ပို့ဆောင်ရေး လေကြောင်းကဏ္ဍ ပြန်နာလန်ထဖို့ နောက်ကျသွားစေခဲ့သည်။


ရှန်ဟိုင်းအခြေစိုက် နိုင်ငံပိုင်လေကြောင်းလိုင်း China Eastern Airlines သည် ၂၀၂၂ ခုနှစ်တွင် ယွမ် ၃၇.၄ ဘီလီယံ စံချိန်တင် အရှုံးပေါ်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ယွမ် ၈.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၁၃ ဘီလီယံ) ဆုံးရှုံးခဲ့သည်။ သို့ဖြစ်ရာ အရှုံးပမာဏ သိသိသာသာ လျော့ကျခဲ့သည်။ 


နောက်ထပ် နိုင်ငံပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်သည့် ကွမ်ကျိုးအခြေစိုက် China Southern Airlines သည်လည်း အရှုံးပမာဏ သိသိသာသာ လျော့ကျခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ယွမ် ၃၂.၇ ဘီလီယံ အရှုံးပြခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ယွမ် ၈.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၁၃ ဘီလီယံ) ရှုံးခဲ့သည်။  

ယခုနှစ်ကုန်တွင် တစ်ပတ်လျှင် ခရီးသည် ၆,၀၀၀ သို့ ရောက်ရှိမည်ဟု မျှော်မှန်းထားကြောင်း တရုတ်နိုင်ငံ လေကြောင်းထိန်းသိမ်းရေးအဖွဲ့မှ ဇန်နဝါရီတွင် ပြောကြားခဲ့သည်။ ကိုဗစ်အကြိုကာလ ရေချိန်၏ ၈၀ ရာခိုင်နှုန်းခန့်သို့ ပြန်မြင့်တက်မည် ဖြစ်သည်။

Source: Reuters

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး