ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အင်ဒိုနီးရှားသို့ လာရောက်မည်

 သက်တော် ၈ရ နှစ်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် စက်တင်ဘာလ ၃ ရက်တွင် အင်ဒိုနီးရှားသို့ လာရောက်မည်ဟု သာသနာရေးဝန်ကြီး Yaqut Cholil Qoumas က ပြောသည်။

၂၀၂၂ ခုနှစ် ဇွန်လတွင် ထိုစဉ်က သမ္မတ ဂျိုကို ဝီဒိုဒိုက အင်ဒိုနီးရှားသို့ လာရောက်ရန် ပုပ်ရဟန်းမင်းကြီးအား ဖိတ်ကြားခဲ့သည်။

 “နှစ်နှစ်လောက် စောင့်ပြီးချိန်မှာ နောက်ဆုံးတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အင်ဒိုနီးရှားကို ကြွလာလိမ့်မယ်။ ဒါဟာ ကက်သလစ်ဘာသာဝင်တွေအတွက် အထူးလက်ဆောင်တစ်ခုဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု ၎င်းက ပြောကြားသည်။


Pew Research Centre ၏ အဆိုအရ အင်ဒိုနီးရှားတွင် မွတ်စလင် ၂၄၂ သန်းနှင့် ခရစ်ယာန်ဘာသာဝင် ၂၉ သန်းခန့်ရှိပြီး ၎င်းတို့အနက် ၈.၅ သန်းမှာ ကက်သလစ်ဘာသာဝင်များဖြစ်သည်။


Source AFP

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်