ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အင်ဒိုနီးရှားသို့ လာရောက်မည်

 သက်တော် ၈ရ နှစ်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် စက်တင်ဘာလ ၃ ရက်တွင် အင်ဒိုနီးရှားသို့ လာရောက်မည်ဟု သာသနာရေးဝန်ကြီး Yaqut Cholil Qoumas က ပြောသည်။

၂၀၂၂ ခုနှစ် ဇွန်လတွင် ထိုစဉ်က သမ္မတ ဂျိုကို ဝီဒိုဒိုက အင်ဒိုနီးရှားသို့ လာရောက်ရန် ပုပ်ရဟန်းမင်းကြီးအား ဖိတ်ကြားခဲ့သည်။

 “နှစ်နှစ်လောက် စောင့်ပြီးချိန်မှာ နောက်ဆုံးတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အင်ဒိုနီးရှားကို ကြွလာလိမ့်မယ်။ ဒါဟာ ကက်သလစ်ဘာသာဝင်တွေအတွက် အထူးလက်ဆောင်တစ်ခုဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု ၎င်းက ပြောကြားသည်။


Pew Research Centre ၏ အဆိုအရ အင်ဒိုနီးရှားတွင် မွတ်စလင် ၂၄၂ သန်းနှင့် ခရစ်ယာန်ဘာသာဝင် ၂၉ သန်းခန့်ရှိပြီး ၎င်းတို့အနက် ၈.၅ သန်းမှာ ကက်သလစ်ဘာသာဝင်များဖြစ်သည်။


Source AFP

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး