ဗီယက်နမ် အီးဗီစက်ရုံ အစီအစဉ် BYD တုံ့နှေးထား

BYD သည် ဗီယက်နမ်တွင် အီးဗီ စက်ရုံတည်ဆောက်ရန် အစီအစဉ်ကို တုံ့နှေးထားကြောင်း အဆိုပါ စက်ရုံတည်ဆောက်မည့် စက်မှုဇုန်မှ  မန်နေဂျာတစ်ဦးက ကြာသပတေးနေ့ (မတ် ၂၈)တွင် အစုရှယ်ယာရှင်များ အစည်းအဝေးမှာ ပြောကြားခဲ့သည်။

 ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Phu Tho တွင် လျှပ်စစ်ကားများ တပ်ဆင်ထုတ်လုပ်ရန် BYD မှ စက်ရုံတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဗီယက်နမ် အစိုးရက မေလတွင် ပြောကြားခဲ့သည်။

BYD ၏ အီလက်ထရွန်းနစ် လုပ်ငန်းကဏ္ဍသည် Phu Tho တွင် Apple အတွက် တက်ဘလက်များ ထုတ်လုပ်သည့် စက်ရုံရှိသည်။

"ကုမ္ပဏီရဲ့ မဟာဗျူဟာနှင့် လျှပ်စစ်ကားစျေးကွက် ရောင်းအား နှေးကွေး‌နေတာတို့ကြောင့် BYD က ဆောက်လုပ်ရေးစရန် အစီအစဉ်များကို တုံ့နှေးထားပါတယ်"BYD စက်ရုံသစ်တည်ဆောက်မည့် စက်မှုဥယျာဉ်ကို လည်ပတ်သည့် Gelex Group ၏ ဒုတိယဥက္ကဋ္ဌ Luong Thanh Tung က ပြောသည်။

BYD နှင့် ရှည်ရှည်ကြာကြာ ဆွေးနွေး ညှိနှိုင်းပြီးနောက် Gelex သည် Phu Ha စက်မှုဥယျာဉ်တွင် လျှပ်စစ်ကားစက်ရုံတစ်ခုအတွက် မြေ ၁၀၀ ဟက်တာ (၂၅၀ ဧက) ကို ချန်ပေးထားကြောင်း Tung မှ ပြောကြားခဲ့သည်။

အစိုးရများက အီးဗီအတွက် ထောက်ပံ့မှုများ လျှော့ချကြခြင်းကြောင့် ကမ္ဘာ့ အီးဗီ စျေးကွက်တွင် ယခုနှစ်အတွင်း ရောင်းအား နှေးကွေးမည်ဟု မျှော်လင့်ထားကြသည်။

BYD သည် ထိုင်းနိုင်ငံတွင် အီးဗီ စက်ရုံတစ်ခုတည်ဆောက်နေပြီး အင်ဒိုနီးရှားတွင် အီးဗီ စက်ရုံ တည်ဆောက်ရန် စီစဉ်နေသည်။

Source Reuters 


Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး