Huawei Technologies ၄ နှစ်တာမှာ ဝင်ငွေကြီးထွားနှုန်း အများဆုံး ၂၀၂၃ ခုနှစ်တွင် ရရှိခဲ့

 Huawei Technologies သည် ၂၀၁၉ နောက်ပိုင်း ၄ နှစ်တာမှာ ဝင်ငွေကြီးထွားနှုန်း အများဆုံးကို ၂၀၂၃ ခုနှစ်တွင် ရရှိခဲ့သည်။

၂၀၂၃ တွင် ဝင်ငွေ ယွမ် ၇၀၄.၂ ဘီလီယံ (ကန်ဒေါ်လာ ၉၇.၄၈ ဘီလီယံ) ရရှိခဲ့သည်။ အသားတင်အမြတ်သည် ၂၀၂၂ ခုနှစ်ထက် ၂ ဆ ယွမ် ၈၇ ဘီလီယံ ရရှိသည်။


“လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ စိန်ခေါ်မှုတွေ အများကြီး ဖြတ်သန်းခဲ့ပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှု တစ်ခုပြီးတစ်ခု ဖြတ်ကျော်ရင်း ကြီးပွားးအောင် လုပ်နိုင်ခဲ့တယ်"ဟု အလှည့်ကျ ဥက္ကဋ္ဌ Ken Hu က သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ယမန်နှစ်က ဟွာဝေး ဘဏ္ဍာရေးမှူးချုပ်နှင့် ဟွာဝေး တည်ထောင်သူ၏သမီးဖြစ်သူ Meng Wanzhou က Huawei သည် ဘေးကျပ်နံကျပ် အခြေအနေတွင် မရှိတော့ဟု ကြေညာခဲ့သည်။

Honor စမတ်ဖုန်းလုပ်ငန်းကဏ္ဍ  ၂၀၂၀ နိုဝင်ဘာလတွင် ရောင်းချခဲ့ခြင်းမှ ရရန်ကျန်ရှိသည့် ထံမှလည်း ဝင်ငွေ ရရှိခဲ့သည်။

ဟွာဝေး၏ 5G စမတ်ဖုန်းအသစ် ရောင်းအား အထူးတလည် မြင့်မားခဲ့သည်။

ကုမ္ပဏီ၏ အဓိက အိုင်စီတီ အခြေခံအဆောက်အအုံ လုပ်ငန်းကဏ္ဍသည် တည်တည်ငြိမ်ငြိမ် ရှိပြီး cloud လုပ်ငန်းကဏ္ဍ ဝင်ငွေ ဆက်လက်ကြီးထွားခဲ့ရာ ယွမ် ၅၅.၃ ဘီလီယံ ရရှိခဲ့သည်။

၄ နှစ်သက်တမ်းရှိ စမတ်ကား ဆော့ဖ်ဝဲနှင့် ပစ္စည်းကိရိယာများ လုပ်ငန်းကဏ္ဍသည် သုတေသနနှင့် ဖွံ့ဖြိုးရေး စရိတ်ကြီးမားသဖြင့် ယွမ်ဘီလီယံချီ ရှုံးနေဆဲ ဖြစ်သော်လည်း လာမည့် ဧပြီလမှစ၍ အမြတ်ရရှိမည်ဟု ဟွာဝေး၏ စမတ်ကားကဏ္ဍ မန်နေးဂျင်းဒါရိုက်တာနှင့် ဥက္ကဋ္ဌ Richard Yu က ပြောကြားသည်။ 

ဟွာဝေးသည် စမတ်ကားယူနစ်ကို ကုမ္ပဏီအသစ်တစ်ခုအဖြစ်သို့ ခွဲထုတ်ပစ်ပြီး တစင်ထောင်စေမည်ဟု ပြီးခဲ့သည့်နှစ်က ကြေညာခဲ့သည်။

Source Reuters 

#ICTGuide 


Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး