KBZPay Mini App Solution ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေမည့် အခွင့်အလမ်းများရှာဖွေခြင်း၌ အားပေးကူညီရန် ရည်ရွယ်သော KBZPay Ecosystem Summit ကို ကမ္ဘောဇဘဏ်မှ ကြီးမှူးကျင်းပခဲ့

KBZPay Mini App Solution ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေမည့် အခွင့်အလမ်းများရှာဖွေခြင်း၌ အားပေးကူညီရန် ရည်ရွယ်သော KBZPay Ecosystem Summit ကို ကမ္ဘောဇဘဏ်မှ ကြီးမှူးကျင်းပခဲ့


 မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး နိုင်ငံအတွင်း ဦးဆောင်မိုဘိုင်းပိုက်ဆံအိတ်တစ်ခုဖြစ်သည့် KBZPay အား စီမံခန့်ခွဲနေသော ကမ္ဘောဇဘဏ်သည် KBZPay Ecosystem Summit အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် Wyndham Grand Yangon ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို စီးပွားရေးလုပ်ငန်းရှင် ၁၀၀ကျော်၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် နည်းပညာဆိုင်ရာ Developer များ တက်ရောက်ခဲ့ကြပြီး KBZPay မှတစ်ဆင့် ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးပြုပြီး စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် အကြောင်းအရာများကို ဆွေးနွေးအဖြေရှာခဲ့ကြပါသည်။


KBZPay Ecosystem Summit သည် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာနိင်ငံမှ Developer Community ကို ချိတ်ဆက်ပေးရန် နိဒါန်းပျိုး အစပြု ဆောင်ရွက်ခြင်းဖြစ်ပါသည်။  ယခုလို ဆွေးနွေးပွဲများကို မြန်မာနိုင်ငံတစ်ဝန်း ဆက်လက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ၊ Developer များအနေဖြင့် Summit မှ တဆင့် KBZPay Mini App solution ၏ စွမ်းဆောင်ရည်ကို အသုံးချနိုင်စေရန် ရည်ရွယ်ထားပါသည်။ KBZPay Mini App solution ဆိုသည်မှာ KBZPay App ထဲ၌တည်ရှိပြီး KBZPay မိတ်ဖက်စျေးဆိုင်များနှင့် အသုံးပြုသူများကို အဆင်ပြေလွယ်ကူစွာ ချိတ်ဆက်ပေးမည့် ပေါ့ပါးပြီး စွမ်းဆောင်ရည်မြင့်သည့် Mini အက်ပလီကေးရှင်းများ ဖြစ်ပါသည်။

 

 ဦးဇော်လင်းအောင်၊ကမ္ဘောဇဘဏ်၏ အဖွဲ့ဆောင်အရာရှိချုပ်မှ KBZPay Ecosystem Summit အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတတ်မှုများကို အားကောင်းစေသည့် လှုပ်ရှားမှုများကို ဦးဆောင် လျက်ရှိသော ကမ္ဘောဇဘဏ်သည် ဒစ်ဂျစ်တယ် ငွေပေးချေမှုများမှတစ်ဆင့်  လူတိုင်းလက်လှမ်းမီနိုင်မည့် ငွေကြေး စနစ်တစ်ခုကို ပုံဖော်ရန် စွမ်းစွမ်းတမံ အဓိကထားလုပ်ဆောင်နေပါသည်။ ကမ္ဘောဇဘဏ်လီမိတက် အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းအောင်မှ အစည်းအဝေးတွင် ကမ္ဘောဇဘဏ်၏ ကတိကဝတ်ဖြစ်သော ဒစ်ဂျစ်တယ်စနစ်ဖြင့် မြန်မာ့စီးပွားရေးကို မြှင့်တင်ပြီး လူတိုင်းလက်လှမ်းမီနိုင်သော ငွေကြေးစနစ်ပုံဖော်လုပ်ဆောင်လျက်ရှိကြောင်း အဖွင့် အမှာစကားအနေဖြင့် အလေးပေးပြောကြားခဲ့ပါသည်။

"တစ်နိုင်ငံလုံးမှာ လူတိုင်းလက်လှမ်းမီနိုင်တဲ့ ငွေကြေးစနစ် ရရှိနိုင်ဖို့နဲ့ နိုင်ငံရဲ့ လူဦးရေ အများစုကို ဒစ်ဂျစ်တယ် ငွေကြေးဂေဟစနစ်ဆီကို ခေါ်ယူဖို့ အားထုတ်တဲ့နေရာမှာ KBZPay ဂေဟစနစ် Ecosystem ကို ပိုပြီး ကျယ်ပြန့် တိုးတက်အောင် တည်ဆောက်ဖို့ ကျွန်တော်တို့ ကြိုးစားလျက်ရှိပါတယ်။ ဒါကြောင့် KBZPay ထဲမှာ Mini Apps တွေ ဖန်တီးပြုလုပ်ပြီး အကောင်အထည်ဖော်ကြဖို့အတွက် လုပ်ငန်းတွေကို အားပေးတိုက်တွန်းနေတာဖြစ်ပြီး ကျွန်တော်တို့ရဲ့  အသုံးပြုသူတွေကို ပိုမိုကောင်းမွန်စုံလင်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်မှာဖြစ်ပါတယ်။ တစ်ချိန်တည်း မှာပဲ လုပ်ငန်းတွေအနေနဲ့လည်း  အသုံးပြုသူအများအပြားနဲ့ ချိတ်ဆက်လာနိုင်မှာဖြစ်ပြီး သူတို့ရဲ့ ဒစ်ဂျစ်တယ်ပိုင်း ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုတွေမှာချောမွေ့လွယ်ကူလာမှာပဲဖြစ်ပါတယ်။"ဟူ၍ကမ္ဘောဇဘဏ်လီမိတက် အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းအောင်မှ ပြောကြားခဲ့ပါသည်။


ကမ္ဘောဇဘဏ်လီမိတက်ဒုတိယမန်နေးဂျင်းဒါရိုက်တာ ဦးစိုးကိုကိုက KBZPay Mini App solution သည် စီးပွားရေးလုပ်ငန်းများကို အွန်လိုင်းသို့ ပြောင်းရွှေ့၍ ဖွံ့ဖြိုး တိုးတက်လာစေရန် ကူညီပေးနိုင်မည့်အကြောင်းအရာများကို KBZPay Ecosystem Summit တွင် ရှင်းလင်းပြောကြားခဲ့ပါသည်။

အမှုဆောင်အရာရှိချုပ်ဦးဇော်လင်းအောင်၏မိန့်ခွန်းအပြီးတွင် ကမ္ဘောဇဘဏ်လီမိတက်ဒုတိယမန်နေးဂျင်းဒါရိုက်တာ ဦးစိုးကိုကိုက KBZPay Mini App solution သည် စီးပွားရေးလုပ်ငန်းများကို အွန်လိုင်းသို့ ပြောင်းရွှေ့၍ ဖွံ့ဖြိုး တိုးတက်လာစေရန် ကူညီပေးနိုင်မည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။  KBZPay Ecosystem Summit ၏ "ဒစ်ဂျစ်တယ်လူနေမှုဘ၀၏ အနာဂတ်ကို စူးစမ်းခြင်း" ဟူသောခေါင်းစဉ်နှင့်အညီ မြန်မာနိုင်ငံတစ်ဝန်းရှိ စီးပွားရေး လုပ်ငန်းကြီးငယ် တို့က KBZPay ကို ဒစ်ဂျစ်တယ်စီးပွားရေးအတွက် အသုံးချပြီး အခွင့်အလမ်းများနှင့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေနိုင်သော ရလဒ်တစ်ခု ဖန်တီးပေးမည့် အနာဂတ်ကိုမျှော် မှန်းတွေးဆထား ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။


 

KBZPay ၏ အကြီးတန်းအထွေထွေမန်နေဂျာ ဖြစ်သူ ဒေါ်အိသန္တာလှိုင်မှ KBZPay Ecosystem ၏ တမူထူးခြား သည့် အားသာချက်များအကြောင်းကို မိတ်ဖက်လုပ်ငန်းများ၊ Developer များ၊ အသုံးပြုသူများထံ KBZPay Ecosystem Summit တွင်တင်ပြပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး KBZPay ၏ အကြီးတန်းအထွေထွေမန်နေဂျာ ဖြစ်သူ ဒေါ်အိသန္တာလှိုင်မှ KBZPay Ecosystem ၏ တမူထူးခြား သည့် အားသာချက်များအကြောင်းကို မိတ်ဖက်လုပ်ငန်းများ၊ Developer များ၊ အသုံးပြုသူများထံ ဝေမျှပြော ကြားခဲ့ပါသည်။ KBZPay Ecosystem Summit တွင် လက်ရှိ Mini App မိတ်ဖက်လုပ်ငန်းများဖြစ်သော ခရီးသွား လုပ်ငန်း JJ Express၊ ခရီးသွားလက်မှတ်ရောင်းဝယ်ရေးကုမ္ပဏီ Innoveller (MMBusTicket) နှင့် တယ်လီ ကျန်းမာရေး ဝန်ဆောင်မှု My-Medicine တို့မှ ၎င်းတို့လုပ်ငန်းများနှင့် KBZPay တို့၏ပူးပေါင်းလက်တွဲ မှုများမှရရှိခဲ့သော အောင်မြင်မှုများ၊ အတွေ့အကြုံများကို တင်ဆက်ပြသမှုများနှင့် အခမ်း အနားကို အဆုံးသတ်ခဲ့ ပါ သည်။ ယခုကဲ့သို့ မိတ်ဖက်လုပ်ငန်းများ၏ အောင်မြင်မှုများမှတစ်ဆင့် ပွဲတက်လာ သူများအား KBZPay ၏ Mini App solution ကို အသုံးပြု၍ လုပ်ငန်းများအနေဖြင့် ဖောက်သည်အသစ်များနှင့် ချိတ်ဆက်ပြီး လုပ်ငန်းဆက် လက်တိုးချဲ့နိုင်မည့် အခွင့် အလမ်းများကို ဖော်ပြနိုင်ခဲ့ပါသည်။

 

My Medicine ၏ Principal Officer မသက်မွန်သက်မှ My Medicine Mini-app နှင့်ပတ်သက်၍ ဝေမျှပြောကြားစဉ်


Innoveller ၏ CEO ဦးကျော်ကျော်ဝင်း မှ Innoveller Mini-app နှင့်ပတ်သက်၍ ဝေမျှပြောကြားစဉ်


KBZPay Mini App solution အကြောင်း ပိုမိုသိရှိလိုပါက (သို့မဟုတ်) KBZPay ecosystem ထဲ၌ အခွင့်အလမ်းကောင်းများကို ရှာဖွေလေ့လာလိုပါက https://www.kbzpay.com/my/mini-app-mm တွင် ဝင်ရောက်လေ့လာနိုင်သလို   kbzpay.miniapp@kbzbank.com  သို့ ဆက်သွယ်နိုင်ပါသည်။


KBZPay အကြောင်း

KBZPay သည် ပြည်သူလူထုအား တစ်ချိန်က လူအများစု လက်လှမ်းမမီခဲ့သည့် ဒစ်ဂျစ်တယ် စီးပွားရေးစနစ် တစ်ခုနှင့် ချိတ်ဆက်ပေးလျက်ရှိသည့် မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေး ရည်မှန်းချက်များနှင့် လိုအပ်ချက်များအား ထောက်ပံ့ကူညီပေးရန်အတွက် အားလုံးအသုံးပြုနိုင်သော ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ် နိုင်ရန်ဆိုသည့် ကမ္ဘောဇဘဏ်၏ ရည်မှန်းချက်နှင့်အညီ ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး KBZPay သည် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဘဏ်ခွဲပြင်ပရှိ အသုံးပြုသူများ၏ လက်ထဲတွင် ရယူအသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိနေပြီ ဖြစ်သည်။

သန်းပေါင်းများစွာသော အသုံးပြုသူများသည် KBZPay ကို အသုံးပြုပြီး ငွေကြေးများ စီမံခန့်ခွဲခြင်း၊ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ငွေပေးချေခြင်း၊ ငွေလက်ခံခြင်း၊ ချစ်ခင်ရသူများထံ ငွေလွှဲခြင်း အပါအဝင် ယခင်က အချိန်ကုန်၊ လူပင်ပန်းခံပြီး ပြုလုပ်ရသော နေ့စဉ် ငွေကြေးလုပ်ဆောင်ချက်များကို အချိန်ကုန်သက်သာ၊ လွယ်ကူစွာ ဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။ KBZPay သည် အကောင်းဆုံးနှင့် အလုံခြုံဆုံး နည်းပညာအား အသုံးပြုထားသည့် မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ်အဖြစ် ရပ်တည်လျက်ရှိကာ နေ့စဉ် မြန်မာနိုင်ငံ တစ်ဝန်းရှိ  သန်းပေါင်းများစွာသော အသုံးပြုသူများကို သိန်းပေါင်းများစွာသော KBZPay မိတ်ဖက်ဈေးဆိုင်များ၊ ကိုယ်စားလှယ်များဖြင့် ချိတ်ဆက်ပေးလျက်ရှိပါသည်။ အသေးစိတ် ပိုမိုသိရှိလိုပါက  www.kbzpay.com နှင့် www.facebook.com/KBZPay  တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ 




KBZ Bank Hosts KBZPay Ecosystem Summit to Encourage Businesses to Explore Growth Opportunities with the KBZPay Mini App Solution

 KBZ Bank, Myanmar’s largest private bank and operator of KBZPay, the country's leading mobile wallet, hosted the inaugural KBZPay Ecosystem Summit at the Wyndham Grand Yangon Hotel on 29 March 2024. The event brought together 100 business owners, entrepreneurs, and developers to explore the potential of the KBZPay platform for digitisation opportunities and business growth.

The summit marks the beginning of a series of events to be held across Myanmar which are aimed at connecting local businesses together with the developer community in Myanmar. This initiative aims to encourage businesses to leverage the power of the KBZPay Mini App solution, which are mini-applications (or in-app e-commerce stores) embedded within the KBZPay super app that serve as a gateway for merchants to connect seamlessly with millions of KBZPay customers.

KBZ Bank is determined to be a key driver for financial inclusion through digital payments, leading a movement that boosts businesses and fuels economic growth. In his opening remarks at the summit, U Zaw Lin Aung, CEO of KBZ Bank, emphasised the bank's commitment to digitising Myanmar's economy and achieving financial inclusion for all.

"In our drive to achieve nationwide financial inclusion and bring more of the country's population into the digital financial ecosystem, we seek to build a richer KBZPay ecosystem. Therefore, we are encouraging businesses to develop and implement Mini Apps in KBZPay to provide our customers with a wider range of convenient services, while simultaneously enabling businesses to tap into a vast user base and streamline their digital presence,” said U Zaw Lin Aung.

Following the CEO's address, U Soe Ko Ko, Deputy Managing Director of KBZ Bank, delivered a speech to share about how the KBZPay Mini App solution helps businesses move online and grow. In line with the theme of the summit, "Explore the Future of Digital Living," he also envisioned a future where businesses across Myanmar, big and small, utilise KBZPay for digital commerce, creating a ripple effect of increased opportunities and prosperity.

Daw Ei Thanda Hlaing, Senior General Manager of KBZPay, delivered a presentation about the KBZPay ecosystem and its value proposition for merchants, developers, and customers. The summit concluded with a showcase of existing Mini App merchants, including travel operator JJ Express, travel ticketing company Innoveller (MMBusTicket), and telehealth service provider My-Medicine. These success stories provided attendees with a glimpse into how businesses are leveraging the KBZPay platform and the Mini App solution to secure new customers and expand their reach.

To learn more about the KBZPay Mini App solution, and explore the opportunities within the KBZPay ecosystem, please visit https://www.kbzpay.com/my/mini-app-mm/  or contact the KBZPay team at kbzpay.miniapp@kbzbank.com .

About KBZPay

KBZPay is a mobile wallet that connects people to a digital economy that was once out of reach for many. Introduced in 2018 in line with KBZ Bank’s ambition toward 100% financial inclusion to support Myanmar’s development ambitions and needs, KBZPay brings financial services beyond the physical branches of the bank and into the palms of customers’ hands.

Millions of customers now enjoy a new banking experience, using KBZPay to manage their money, pay for goods and services, store cash, remit to loved ones and conduct daily financial tasks that were once labour-intensive and time consuming. KBZPay utilises the best and safest technology and it is the leading mobile wallet in Myanmar, connecting millions of customers with hundreds of thousands of merchants and agents across the country every day. For more information, please visit www.kbzpay.com  and www.facebook.com/KBZPay.  

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်