အိမ်တွင်း လေသန့်စင်ပေးနိုင်တဲ့ Spider Plant(သဇင်မင်း)အပင်

 အိမ်တွင်း လေသန့်စင်ပေးနိုင်တဲ့ Spider Plant(သဇင်မင်း)အပင် (သိပ္ပံအမည် - Chlorophytum comosum)သည် ယေဘူယျအားဖြင့် မျိုးကွဲ ၂ မျိုးရှိပါတယ်။ 

•  ဗစ်တာတမ် (Vittatum) အရွက် အလယ်မှာ အဖြူရောင် အစင်းကြောင်း ပါရှိပါတယ်။ 

• ဗယ်ရီဂါတမ်  (Variegatum) အရွက် ဘေးအနားသတ်‌ေတွမှာ အဖြူရောင် အစင်းကြောင်းပါရှိပါတယ်။ 




အလင်းရောင်ကောင်းကောင်းရတဲ့ နေရာမျိုးမှာ ထားပေးသင့်ပြီး မနက်နေရောင် မပူပြင်းသဖြင့် တိုက်ရိုက်ထိတွေ့ရင် ပြဿနာ မရှိပေမဲ့ ည‌နေနေရောင် တိုက်ရိုက်ထိတွေ့ရင် အရွက်နာသွားတတ်ပါတယ်။

ကြီးထွားနှုန်း မြန်ဆန်တာကြောင့် အိုးကျပ်လာရင် အသစ်လဲပေးသင့်ပါတယ်။ အပင်အသစ်တွေ ထွက်နေတာကို မူလအပင် အရင်းမှ ဖဲ့ယူကာ စိုက်ပျိုးနိုင်ပါတယ်။

အပင်သက်တမ်း နှစ် ၂၀ ဝန်းကျင် ရှိပါတယ်။

ကာဗွန်မိုနောက်ဆိုဒ်၊ ဖော်မယ်လ်ဒီဟိုက်၊ benzene နှင့် ဇိုင်လင်းတိုကို လေလုံနေတဲ့ အခန်းရဲ့ လေထုထဲမှ ၂၄ နာရီအတွင်း ၉၅% အထိ ဖယ်ရှားပေးပါတယ်။


သဇင်မင်းအပင်ဟာ အဆိပ်မရှိလို အိမ်မွေးတိရစ္ဆာန်များနှင့် ကလေးများအတွက်လည်း ဘေးကင်းပါတယ်။

#Guide4U

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး