Xiaomi SU7 အမှာစာ တမူထူးခြားသည့် ဆိုင်ငံ့ကာလကျင့်သုံး
မတ်လ ၂၈ ရက်နေ့တွင် တရားဝင်မိတ်ဆက်ပြီး အရောင်းစဖွင့်ခဲ့သည့် Xiaomi SU7 သည် ပထမ ၂၄ နာရီအတွင်း ခိုင်မာသောအမှာစာ ၈၈,၈၉၈ စီး ရရှိခဲ့သည်ဟု ကုမ္ပဏီမှ ပြောကြားသည်။
တရုတ်နိုင်ငံ အီးဗီ လုပ်ငန်းကဏ္ဍတွင် အချို့သော အီးဗီ ထုတ်လုပ်သူများသည် အရောင်း ကြိုတင် pre-sale ရောင်းချပြီး မော်ဒယ်အသစ်အတွက် ကြိုတင်အမှာစာများကို လက်ခံသည်။ အချိန်မရွေး အမှာစာ ပြန်ရုပ်သိမ်းနိုင်ပြီး စရန်ငွေကို ပြန်အမ်းပေးမည် ဖြစ်သည်။
ထိုသို့သော အမှာစာကို ရှောင်ဒင်း "小定" အမှာစာအသေးဟု ခေါ်ဝေါ်သုံးနှုန်းကြသည်။
မော်ဒယ်အသစ် မိတ်ဆက်ပြီး တရားဝင် အရောင်းစဖွင့်ကာ အမှာစု လက်ခံသည့်အခါ အရောင်၊ ဗားရှင်း အစရှိသည့် အချက်အလက်များကို အမှာစာ မှာကြားသူက ရွေးချယ်သတ်မှတ်ပေးပြီး မှာကြားရသည်။ ၎င်းအမှာစာသည် ခိုင်မာသောအမှာစာဖြစ်ပြီး အမှာစာ ရုပ်သိမ်းပါက စရန်ငွေ ပြန်မအမ်းပါ။
သို့သော် ၂ ရက် ၃ရက်အတွင်း အမှာစာ ရုပ်သိမ်းပါက လိုက်လျောသည့် အနေဖြင့် စရန်ငွေ ပြန်အမ်းပေးပါသည်။ ထိုသို့ ၂ ရက်တန်သည် ၃ ရက်တန်သည် စောင့်ပေးသည့် ရက်ပိုင်းကို 'ဆိုင်းငံ့ကာလ'ဟု ခေါ်ဝေါ်ကြသည်။ ၂ ရက် ၃ရက်အတွင်း မှာကြားသူက ရွေးချယ်သတ်မှတ်ချက်အတွက် ပြင်ဆင်ချက် ပေးလာလျှင်လည်း လက်ခံဆောင်ရွက်ပေးပါသည်။ ၃ ရက် ကျော်လွန်သွားလျှင် အမှာစာ ရုပ်သိမ်းပါက စရန်ငွေ ပြန်မအမ်းပါ။
၎င်း အမှာစာမျိုးကို ဒဒင်း "大定" အမှာစာအကြီး ဟု ခေါ်ဝေါ်သုံးနှုန်းကြသည်။
Xiaomi SU7 အတွက် အမှာစာ အသေး လက်ခံခြင်း မပြုခဲ့ပါ။ အမှာစာအကြီးကိုသာ လက်ခံခဲ့ပါသည်။ ယွမ် ၅,၀၀၀ (ကန်ဒေါ်လာ ၇၀၀) ဝန်းကျင် စရန်ပေးပြီး မှာကြားနိုင်သည်။
ထို့နောက် အချက်အလက်များ ရွေးချယ်သတ်မှတ်ပေးရမည် ဖြစ်ပါသည်။
Xiaomi SU7 ကို standard၊ Pro နှင့် Max ဗားရှင်းသုံးမျိုး ၊အရောင် ၉ မျိုးအနက် နှစ်သက်ရာ ရွေးချယ်နိုင်ပါသည်။
မတ်လ ၂၈ ရက်နေ့ ည ၁၀ နာရီ ပေကျင်းစံတော်ချိန်တွင် Xiaomi SU7 အရောင်းစဖွင့်ခဲ့ပါသည်။
ယခင်တင်ပြချက်
https://t.me/Guid4U/17046?single
👆👆👆 အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ
ထုံးစံဖြစ်သည့် ၂ ရက် ၃ ရက်အစား ၇ ရက်အတွင်း အမှာစာ ရုပ်သိမ်းပါက စရန်ငွေ ပြန်အမ်းပေးမည် ဖြစ်သည်။
Xiaomi SU7 ကိုကြည့်ရှုပြီး စမ်းသပ်မောင်းနှင်ရန် ရက်ချိန်းရယူကြသူများ များပြားသဖြင့် အမှာစာ ရုပ်သိမ်းခြင်းကို လိုက်လျောသည့် ကာလကို ၇ ရက်အထိ တိုးမြှင့်လိုက်ကြောင်း ရှောင်မီက ပြောကြားသည်။
အရောင်းပြခန်းတခုစီသည် တနေ့လျှင် လူ ၉၀ မှ ၁၂၀ အထိ စမ်းသပ်မောင်းနှင်ရန် စီစဉ်ပေးလျက်ရှိပြီး အလှည့်ကျဖို့ ၃ ရက်မှ ၅ ရက်အထိ စောင့်ရမည် ဖြစ်သည်ဟု ရှောင်မီက ပြောကြားသည်။
Xiaomi EV သည် လက်ရှိတွင် တရုတ်မြို့ကြီး ၂၉ တွင် အရောင်းဆိုင် ၅၉ ဆိုင်ရှိပါသည်။
အမှာစာ စရန်ငွေ ပေးသွင်းပြီးနောက် အကယ်၍ အချက်အလက်များ ရွေးချယ် သတ်မှတ်ပေးပြီးပြီဆိုပါက အမှာစာ ရုပ်သိမ်းလျှင် စရန်ငွေ ပြန်အမ်းပေးမည် မဟုတ်ပါ။
ဧပြီလကုန်တွင် Standard နှင့် Max ဗားရှင်းတို့ကို ကားများ စတင်ပေးအပ်မည် ဖြစ်သည်။
Pro ဗားရှင်းကို မေလကုန်တွင် ကားများ စတင်ပေးအပ်မည် ဖြစ်သည်။
ရှောင်မီမှာ ထုတ်လုပ်ပြီးသား SU7 များ ရှိနေသည်။ ၎င်းတို့အနက် အစီးရေ ၅,၀၀၀ ကို Founders Edition ဟု အမည်တပ်ပြီး အရောင်းဖွင့်သည်။
၎င်းကို အခိုင်အမာ အမှာစာ စရန်ငွေ ပေးသွင်းပြီးနောက် အမှာစာ ရုပ်သိမ်းမည်ဆိုလျှင် စရန်ငွေ ပြန်အမ်းမည် မဟုတ်ပါ။
Founders Edition အတွက် စရန်ငွေမှာ ယွမ် ၂ သောင်း ဖြစ်ပါသည်။
၎င်းအမှာစာများကို ဧပြီလ ၃ ရက်တွင် ကားများ စတင်ပေးအပ်မည် ဖြစ်သည်။
မတ်လ ၃၁ ရက်တွင် ရှောင်မီ၏ ထုတ်ပြန်ချက်အရ ယခုမှာကြားလျှင် ကားရဖို့ ၃ လမှ ၇ လအထိ စောင့်ရမည် ဖြစ်သည်။
SU7 Max သည် အောက်တိုဘာလ လယ်အထိ အမှာစာ ပြည့်သွားပြီ ဖြစ်သည်။
မတ်လ ၃၁ ရက် အမှာစာ စာရင်းအရ
• Standard ဗားရှင်းသည် ၁၃-၁၆ ပတ်
• Pro ဗားရှင်းသည် ၁၆-၁၉ ပတ်
• Max ဗားရှင်းသည် ၂၅-၂၈ ပတ်
စောင့်ကြရမည် ဖြစ်သည်။
စရန်ငွေ ပြန်မအမ်းသည့် အခိုင်အမာ အမှာစာအတွက်
• တက်စလာသည် Model 3 နှင့် Model Y အတွက် စရန်ငွေ ယွမ် ၁,၀၀၀ သတ်မှတ်ထားပြီး ဆိုင်းငံ့ကာလ မထားရှိပါ။
• Li Auto သည် မည်သည့် မော်ဒယ်အတွက်မဆီု စရန်ငွေ ယွမ် ၅,၀၀၀ သတ်မှတ်ထားပြီး ၂၄ နာရီ အတွင်း အမှာစာ ရုပ်သိမ်းပါက စရန်ငွေ ပြန်အမ်းပေးသည်။ အချက်အလက် ရွေးချယ်သတ်မှတ်ပေးထားသည်ကိုလည်း ၂၄ နာရီအတွင်း ပြင်ဆင်ချက် ပေးနိုင်သည်။
• Xpeng သည် G6 မော်ဒယ်အတွက် စရန်ငွေ ယွမ် ၅,၀၀၀ သတ်မှတ်ထားပြီး ၇၂ နာရီ အတွင်း အမှာစာ ရုပ်သိမ်းပါက စရန်ငွေ ပြန်အမ်းပေးသည်။ အချက်အလက် ရွေးချယ်သတ်မှတ်ပေးထားသည်ကိုလည်း ၇၂ နာရီအတွင်း ပြင်ဆင်ချက် ပေးနိုင်သည်။
• Nio ၏ ET5 နှင့် ES6 မော်ဒယ်တို့သည်လည်း Xpeng G6 မော်ဒယ်အတိုင်း သတ်မှတ်ထားပါသည်။ ယွမ် ၅,၀၀ နှင့် ၇၂ နာရီ ဖြစ်ပါသည်။
• ဟွာဝေး ကျောထောက်နောက်ခံ ပြုပေးထားသည့် Aito သည် M9 မော်ဒယ်သည် Li Auto ၏ မော်ဒယ်များအတိုင်း သတ်မှတ်ထားပါသည်။ ယွမ် ၅,၀၀ နှင့် ၂၄ နာရီ ဖြစ်ပါသည်။
Source cnevpost
Comments
Post a Comment