ဆန်၊ သကြား၊ ကြက်သွန်နီ ဖိလစ်ပိုင် တင်သွင်းမည်

 ဖိလစ်ပိုင်နိုင်ငံသည် အ‌ခြေခံစားသောက်ကုန်အချို့ မလုံလောက်သဖြင့်  အမျိုးသားစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ National Economic and Development Authority (NEDA) မှ သွင်းကုန်တိုးမြှင့်ရန် တိုက်တွန်းထားသည်။ ဆန်၊ သကြား၊ ကြက်သွန်နီ တင်သွင်းရာတွင် လုပ်ထုံးလုပ်နည်း အဆင့်ဆင့် လွယ်ကူမြန်ဆန်စေရန် NEDA မှ အမိန့်စာ ထုတ်ပြန်သည်။


၂၀၂၄ ခုနှစ်တွင် ပြည်တွင်း ဆန်ထုတ်လုပ်မှု ၀.၇ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားသော်လည်း ပြည်တွင်း ဆန်ထွက်ရှိမှုသည် လိုအပ်ချက်ထက် ၁၅ ရာခိုင်နှုန်း လျော့နည်းနေဆဲ ဖြစ်သည်ဟု NEDA မှ ပြောကြားသည်။

လိုအပ်ချက် တန်ချိန် ၂.၀၃ သန်း ရှိသည်ဟု ခန့်မှန်းရပြီး ဆန်မလုံလောက်သဖြင့် မတ်လတွင် ဆန်ဈေး တက်ခြင်းကြောင့် ကုန်ဈေးနှုန်း ၃.၇% မြင့်တက်ခဲ့သည်။

 

ကြံစိုက်ဧရိယာ လျော့ကျခြင်း၊ ဓာတ်မြေဩဇာ သုံးစွဲမှု လျော့နည်းခြင်း၊ တိုင်ဖွန်းမုန်တိုင်းကြောင့် ကြံခင်းများ ပျက်စီးခြင်းတို့ကြောင့် ပြည်တွင်း သကြားထုတ်လုပ်မှု လျော့ကျသည်။


ယခုနှစ်တွင် ကြက်သွန်နီ ၄.၇% အထွက်တိုးခဲ့သော်လည်း ပြည်တွင်းစားသုံးမှု ဖူလုံရန် ၁၀% လိုအပ်နေဆဲဖြစ်သည်။

Source bilyonryo


Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ