သီရိလင်္ကာ ဒေါ်လာ ၂၀၉ သန်းတန် လေဆိပ်စီမံခန့်ခွဲမှုကို အိန္ဒိယနှင့် ရုရှား ကုမ္ပဏီတို့ထံ လွှဲပြောင်းပေးအပ်မည်

 သီရိလင်္ကာသည် နိုင်ငံပိုင်လုပ်ငန်းများမှ ဆုံးရှုံးမှုများကို လျှော့ချရန် ကြိုးပမ်းနေချိန်တွင်  တရုတ်တည်ဆောက်သော ကန်ဒေါ်လာ ၂၀၉ သန်းတန် Mattala Rajapaksa International Airport (MRIA) လေဆိပ်စီမံခန့်ခွဲမှုကို အိန္ဒိယနှင့် ရုရှား ကုမ္ပဏီတို့ထံ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။ 

လေဆိပ်စီမံခန့်ခွဲမှုအား အိန္ဒိယမှ  Shaurya Aeronautics (Pvt) Ltd. နှင့် ရုရှားနိုင်ငံရှိ Airports of Regions Management Company တို့အား နှစ် ၃၀ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။


China EXIM Bank မှ ရန်ပုံငွေပံ့ပိုးထားသည့် ၎င်းလေဆိပ်သည် လေယာဉ်ပျံသန်းမှု နည်းပါးခြင်း၊ ပတ်ဝန်းကျင် ထိခိုက်လွယ်သော တည်နေရာတွင်တည်ရှိခြင်း၊ ငွေကြေးဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းတို့ကြောင့် ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးကတည်းက ကြွေးမြီထောင်ချောက်ဟု ဝေဖန်ပြစ်တင်ခံရသည်။


သီရိလင်္ကာနိုင်ငံသည် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများအတွက် ချေးယူထားသည့် ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံတွင် အပါအဝင်ဖြစ်သော လေဆိပ်ချေးငွေကို ပြန်ဆပ်မည့် အစီအစဉ်ကို ဖြေလျော့ပေးရန် China EXIM Bank နှင့် ညှိနှိုင်းနေသည်။

#LogisticsGuide 


Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး