ဘောလ်တီမိုးဆိပ်ကမ်း သင်္ဘော ၄ စီး ဆိပ်ကမ်းမှ ထွက်ခွာ

 မတ် ၂၆ ရက်က ကွန်တိန်နာသင်္ဘော Dali သည် ဓာတ်အားပြတ်တောက်ကာ မြစ်ကူးတံတားဝင်တိုက်ခဲ့ရာမှ ရေလမ်းကြောင်းကို ပိတ်ဆို့ခဲ့ပြီးနောက် ဘောလ်တီမိုးဆိပ်ကမ်းမှ သင်္ဘောများ ပိတ်မိနေခဲ့သည်။

မော်တော်ယာဥ် ရေကြောင်းပို့ဆောင်မှုအတွက် အမေရိကန်ပြည်ထောင်စုတွင် အစည်ကားဆုံးဖြစ်သည့် ဆိပ်ကမ်းသို့ သင်္ဘောကြီးများ အသွားအလာ ပြတ်တောက်နေခဲ့သည်။ 


ယခုအခါ ရေစူးများသည့် သင်္ဘောကြီးများ သွားလာနိုင်သည့် အကျယ် ၉၁ မီတာ အနက် ၁၁ မီတာရှိ ရေလမ်းကြောင်းတခု ယာယီဖွင့်ပေးနိုင်ခဲ့သဖြင့် သင်္ဘော ၄ စီး ဆိပ်ကမ်းမှ ထွက်ခွာခဲ့ကြသည်။

• ပနားမား အလံတင် အထွေထွေ ကုန်စည်တင်သင်္ဘော Balsa 94

• ထိုင်းနိုင်ငံ Precious Shipping Plc ၏ ဝမ်းပုံတင်သင်္ဘော MV Phatra Naree

• နယ်သာလန်အလံတင် ကုန်တင်သင်္ဘော Saimaagracht

• ကားတင်သင်္ဘောလိုင်း Wallenius Wilhelmsen မှ ကားတင်သင်္ဘော Carmen 

တို့ဖြစ်ပါသည်။


ဒတ်ခ်ျအလံတင် အထွေထွေကုန်တင်သင်္ဘော Frisian Ocean သည် ဆိပ်ကမ်းသို့ဝင်ရောက်ခဲ့သည်။


ဒါလီ သင်္ဘောဦးပေါ်မှ တံတားအပိုင်းကို ဖယ်ရှားရန် ရေလမ်းကြောင်းကို တနင်္လာနေ့တွင် ပြန်ပိတ်ထားမည်။

မေလကုန်တွင် ပြန်လည်ဖွင့်လှစ်ပေးရန် ရည်မှန်းထားသည်။


ရေစူးနည်းသော ဝမ်းပြားရေယာဉ် bargeများအတွက် ရေစူးတိမ်သည့် ရေလမ်းကြောင်းတခု စီစဉ်ပေးထားပါသည်။ လယ်ယာထွက်ကုန်များ၊ ကျောက်မီးသွေးနှင့် သတ္တုများကို ဝမ်းပြားရေယာဉ်များဖြင့် သယ်ယူ ပို့ဆောင်


ပါသည်။


ဘောလ်တီမိုးဆိပ်ကမ်းသည် ဗာဂျီးနီးယား၊ နော‌ဖေါ့ဆိပ်ကမ်းပြီးလျှင် အမေရိကန်ကျောက်မီးသွေးတင်ပို့မှုအတွက် ဒုတိယအကြီးဆုံးဆိပ်ကမ်းဖြစ်ပါသည်။

ယခင်တင်ပြချက်

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး