သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ် စွမ်းဆောင်ရည် နှစ်ဆကျော်အထိ တိုးမြှင့်

 ထိုင်းနိုင်ငံ အဓိကလေဆိပ်နှစ်ခုဖြစ်သည့် သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်တို့၏ အော်ပရေတာ Airports of Thailand (AOT) Public Company Limited သည် ကိုဗစ်လွန်ကာလ၏ ခရီးသွားလာမှု မြင့်တက်လာမှုကို ရင်ဆိုင်ရန်အတွက် ဆယ်စုနှစ်ကုန်ပိုင်းတွင် စွမ်းဆောင်ရည် နှစ်ဆကျော်အထိ တိုးမြှင့်ပေးရန်အတွက် အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံခန့် သုံးစွဲရန် စီစဉ်ထားသည်။


 စမွတ်ပရာကန်ပြည်နယ်တွင် သုဝဏ္ဏဘူမိလေဆိပ်ကို ၂၀၀၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံး တိုးချဲ့မှုအဖြစ် ပြေးလမ်းအသစ် ၂ ခု၊ တာမင်နယ် အသစ်တခုနှင့် လက်ရှိခရီးသည် တာမင်နယ်ကို တိုးချဲ့ခြင်းတို့ကို ဆောင်ရွက်ပေးမည်။ ယခုအခါ တနှစ်လျှင် ခရီးသွား သန်း ၆၀ ခန့် ကိုင်တွယ်ပေးနိုင်ရာမှ ၁၃၅ သန်းအထိ ကိုင်တွယ်ပေးနိုင်မည် ဟု AOT ၏ ဥက္ကဋ္ဌ Kerati Kijmanawat က တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ စီမံကိန်းသည် ဘတ်ငွ ၁၄၀ ဘီလီယံ (ဒေါ်လာ ၃.၇ ဘီလီယံ) ခန့် ကုန်ကျမည်ဟု ၎င်းက ဆိုသည်။


 ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်တွင် တည်ဆောက်မည့် နိုင်ငံတကာ လေဆိပ်သစ်တစ်ခုနှင့် လက်ရှိ အဆောက်အအုံကို ဘတ် ၃၆ ဘီလီယံ အကုန်အကျခံ ပြုပြင်မွမ်းမံပြီးလျှင် ယခုအခါ သန်း ၃၀ မှ ၂၀၃၀ ခုနှစ်တွင် တစ်နှစ်လျှင် ခရီးသည် သန်း ၅၀ အထိ တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း Mr Kerati က ပြောကြားသည်။  ဒွန်မောင်း‌လေဆိပ်အဟောင်းတွင် ဒေသတွင်း ခရီးစဉ်များ ပျံသန်းသည့်လေယာဉ်များ၊ လေယာဉ်ခ တန်ဖိုးနည်းသည့် ဘတ်ဂျက်လေကြောင်းလိုင်းများမှ လေယာဉ်များကို အများဆုံး ဝန်ဆောင်မှု ပေးသည်။


နိုင်ငံပိုင်ကုမ္ပဏီ AOT သည် လာမည့် စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးမည့် ဘဏ္ဍာနှစ်တွင် အသားတင်အမြတ် ဘတ် ၂၁ ဘီလီယံရမည်ဟု ခန့်မှန်းထားသည်။ သို့ဖြစ်ရာ ၎င်းစီမံကိန်းများကို ကုမ္ပဏီဝင်ငွေဖြင့် အကောင်အထည်ဖော်မည်။ ဘဏ်ချေးငွေကို မလွှဲမရှောင်သာ လိုအပ်မှသာ ချေးယူမည်။

Source Bangkokpost 


Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး