ထိုင်းဒူးရင်း ဘတ် ၁၃၀ ဘီလီယံအထိ တင်ပို့ရန် မျှော်မှန်းထား

 ထိုင်းအစိုးရက ယခုနှစ် ဒူးရင်းတင်ပို့မှု ဘတ် ၁၃၀ ဘီလီယံအထိ ၈ ရာခိုင်နှုန်း တိုးမြှင့်ရန် မျှော်မှန်းထားကြောင်း ဝန်ကြီးချုပ် ဆရက်သာ သာဝီဆင်က စနေနေ့ (ဧပြီ ၂၇)တွင် အရည်အသွေးမြင့် ဒူးရင်းသီးများအတွက် လူသိများသည့် အရှေ့ပိုင်းပြည်နယ် ချန်သဘူရီသို့ လာရောက်လည်ပတ်စဉ် ကြေညာခဲ့သည်။


 ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဒူးရင်းတင်ပို့မှုမှ ၀င်ငွေ ဘတ် ၁၂၀ ဘီလီယံ ရရှိခဲ့သည်။


ခြံသမားများ၏ ဒူရင်းသီးများ အရည်အသွေး စံချိန်စံညွှန်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းရန် ဝန်ကြီးဌာန အသီးသီးက ကူညီပေးခဲ့သည်။


အစိုးရအနေဖြင့် ဒူးရင်းသီး ဝယ်လိုအား တိုးလာနေချိန်မှာ ဗီယက်နမ်နှင့် ယှဉ်ပြိုင်နိုင်စေရန် ဆောင်ရွက်သွားမည်ဟု ဆရက်သာက ပြောသည်။


 နိုင်ငံတကာဈေးကွက်တွင် “အသီးဘုရင်”ဟု ပြောဆိုကြသည့် ဒူရင်းသီးအတွက် ထိုင်းနိုင်ငံ၏ ဂုဏ်သတင်းကို ကာကွယ်ရန်အတွက် မမှည့်သေးသော ဒူးရင်းသီးများကို ဆွတ်ခူး ရောင်းချခြင်း မပြုရန် ဆရက်သာက မှာကြားပါသည်။

Source Bangkokpost 


Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး