ပဉ္စမမြောက် ထိုင်း-လာအို ချစ်ကြည်ရေး တံတား နိုဝင်ဘာလတွင် ဖွင့်လှစ်မည်

 ထိုင်းနိုင်ငံ ဘန်ကန်ခရိုင်နှင့် လာအိုနိုင်ငံ ပတ်စင်မြို့တို့ကို ဆက်သွယ်ထားသည့် ပဉ္စမမြောက် ထိုင်း-လာအို ချစ်ကြည်ရေး တံတားကို ယခုနိုဝင်ဘာလတွင် အများပြည်သူ အသုံးပြုနိုင်ရန် ဖွင့်လှစ်မည်ဖြစ်ကြောင်း ထိုင်းပို့ဆောင်ရေး ဒုဝန်ကြီး Manaporn Charoensri က သောကြာနေ့ (ဧပြီ ၂၆)တွင် ပြောကြားသည်။


အဆိုပါ ဆောက်လုပ်ရေး စီမံကိန်းတွင် မဲခေါင်မြစ်ပေါ် ကျော်ဖြတ်ရန် ၁.၃၅ ကီလိုမီတာ နှစ်လမ်းသွားတံတား၊ ထိုင်းဖက်ခြမ်းတွင် လေးလမ်းသွား၊ လာအိုဘက်ခြမ်းတွင် နှစ်လမ်းသွား လမ်းပိုင်းများ ပါဝင်သည်။


စီမံကိန်းသည် ဘတ် ၃.၉၀၆ ဘီလီယံ ကုန်ကျပြီး လာမည့် နိုဝင်ဘာလတွင် အပြီးသတ်မည်ဟု Ms Manaporn က ပြောသည်။




Source Bangkokpost 


Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး