ပဉ္စမမြောက် ထိုင်း-လာအို ချစ်ကြည်ရေး တံတား နိုဝင်ဘာလတွင် ဖွင့်လှစ်မည်

 ထိုင်းနိုင်ငံ ဘန်ကန်ခရိုင်နှင့် လာအိုနိုင်ငံ ပတ်စင်မြို့တို့ကို ဆက်သွယ်ထားသည့် ပဉ္စမမြောက် ထိုင်း-လာအို ချစ်ကြည်ရေး တံတားကို ယခုနိုဝင်ဘာလတွင် အများပြည်သူ အသုံးပြုနိုင်ရန် ဖွင့်လှစ်မည်ဖြစ်ကြောင်း ထိုင်းပို့ဆောင်ရေး ဒုဝန်ကြီး Manaporn Charoensri က သောကြာနေ့ (ဧပြီ ၂၆)တွင် ပြောကြားသည်။


အဆိုပါ ဆောက်လုပ်ရေး စီမံကိန်းတွင် မဲခေါင်မြစ်ပေါ် ကျော်ဖြတ်ရန် ၁.၃၅ ကီလိုမီတာ နှစ်လမ်းသွားတံတား၊ ထိုင်းဖက်ခြမ်းတွင် လေးလမ်းသွား၊ လာအိုဘက်ခြမ်းတွင် နှစ်လမ်းသွား လမ်းပိုင်းများ ပါဝင်သည်။


စီမံကိန်းသည် ဘတ် ၃.၉၀၆ ဘီလီယံ ကုန်ကျပြီး လာမည့် နိုဝင်ဘာလတွင် အပြီးသတ်မည်ဟု Ms Manaporn က ပြောသည်။




Source Bangkokpost 


Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ