ပစ်တိုင်းထောင် မီးသတ်ရေယာဉ် ဟောင်ကောင်မီးသတ်ဌာန အမှာစာအပ်နှံ

ဟောင်ကောင်မီးသတ်ဌာနသည် တိမ်းမှောက်နေရာမှ ကိုယ်စွမ်းကိုယ်စဖြင့် ခြောက်စက္ကန့်အတွင်း ပြန်လည်တည့်မတ်နိုင်သည့် ပစ်တိုင်းထောင် မီးသတ်ရေယာဉ် အကြီးစား တစင်း တည်ဆောက်ပေးရန်အတွက် အမေရိကန်ဒေါ်လာ ၁၆ သန်းဖြင့် တိုင်ဝမ်မှ Lungteh Shipbuilding ထံ အမှာစာအပ်နှံခဲ့သည်။ 

ထိုင်ဝမ်မှ သင်္ဘောကျင်း Lungteh Shipbuilding၊ ကင်းလှည့်‌ရေယာဉ်များ၊ ကြားဖြတ်ဟန့်တား ရေယာဉ် Interceptor များနှင့် အခြားမြန်နှုန်းမြင့်နှင့် စွမ်းဆောင်ရည်မြင့်ရေယာဉ်များ အထူးပြုတည်ဆောက်ပေးသည့် ပုဂ္ဂလိကပိုင်သင်္ဘောကျင်း ဖြစ်ပါသည်။

၎င်းရေယာဉ်သည် ကမ္ဘာ့အကြီးဆုံး ပစ်တိုင်းထောင် မီးသတ်ရေယာဉ်ဟု ဆိုသည်။ ၎င်းရေယာဉ်ဖြင့် လေထန်လှိုင်းကြီးသည့် ဟောင်ကောင်ရေပြင်တွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။

အရှည် ၃၉ မီတာ ရှိပြီး အလေးချိန် တန် ၂၀၀ ခန့်ရှိသည့် ၎င်းရေယာဉ်အသစ်ကို ထိုင်ဝမ်ရှိ Suao ဆိပ်ကမ်းတွင် စမ်းသပ်မှုများ ဆောင်ရွက်ခဲ့ရာ တိမ်းမှောက်နေရာမှ စက္ကန့်ပိုင်းအတွင်း ပြန်တည့်မတ်နိုင်ခဲ့သည်။ 

၎င်းရေယာဉ်ကို စမ်းသပ်သည့် မှတ်တမ်းဗီဒီယိုများ ထိုင်ဝမ်လူမှူကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ ရေယာဉ်အမည်ကို “Fireboat 12”ဟု အင်္ဂလိပ်နှင့် ရိုးရာတရုတ်အက္ခရာ နှစ်မျိုးစလုံးဖြင့် ရေယာဉ်တွင် ဖော်ပြထားသည်ကို ဗီဒီယိုတွင် တွေ့ရသည်။

မူလအစီအစဉ်တွင် ၂၀၂၂ ခုနှစ်တွင် ပေးပို့ရန် စီစဉ်ထားသော်လည်း COVID-19 ကပ်ရောဂါကြောင့် နှောင့်နှေးကြန့်ကြာမှုများကြောင့် ထုတ်လုပ်မှုနှင့် ပို့ဆောင်မှုအချိန်ကို နောက်ဆုတ်ခဲ့ရပြီး လာမည့် ဇွန်လအစောပိုင်းတွင် ဟောင်ဟောင်သို့ ပေးပို့မည်။









Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ