အီးဗီအတွက် တိုယိုတာ ထပ်မံမြှုပ်နှံ

 Toyota Motor Corp သည် အမေရိကန် အင်ဒီယားနားရှိ ၎င်း၏ Princeton စက်ရုံတွင် ထိုင်ခုံ ၃ တန်းပါ အီးဗီ SUV မော်ဒယ် ထုတ်လုပ်ရန် ကန်ဒေါ်လာ ၁.၄ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြားသည်။


အင်ဒီယားနားတွင် တိုယိုတာ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုကို ကန်ဒေါ်လာ ၈ ဘီလီယံအထိ ရှိလာမည် ဖြစ်ပြီး အလုပ်အကိုင်အသစ် ၃၅၀ ဖန်တီးပေးမည် ဖြစ်သည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် တိုယိုတာက ကင်တပ်ကီပြည်နယ်ရှိ ၎င်း၏ စက်ရုံကို အီးဗီမော်ဒယ်များ ထုတ်လုပ်နိုင်ရန် ကန်ဒေါ်လာ ၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြားခဲ့သည်။ ၎င်းစက်ရုံတွင်လည်း အမေရိကန်အတွက် ထိုင်ခုံ ၃ တန်းပါ အီးဗီ SUV မော်ဒယ် ထုတ်လုပ်မည် ဖြစ်သည်။

၎င်းစက်ရုံတွင် မြောက်ကာရိုလိုင်းနားရှိ တိုယိုတာ၏စက်ရုံမှ ထုတ်လုပ်သော လစ်သီယမ်-အိုင်းယွန်းဘက်ထရီများကို အီးဗီအတွက် ဘက်ထရီထုပ်များ ထုပ်ပိုးထုတ်လုပ်မည်။

Source Reuters 


Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ