အီးဗီအတွက် တိုယိုတာ ထပ်မံမြှုပ်နှံ

 Toyota Motor Corp သည် အမေရိကန် အင်ဒီယားနားရှိ ၎င်း၏ Princeton စက်ရုံတွင် ထိုင်ခုံ ၃ တန်းပါ အီးဗီ SUV မော်ဒယ် ထုတ်လုပ်ရန် ကန်ဒေါ်လာ ၁.၄ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြားသည်။


အင်ဒီယားနားတွင် တိုယိုတာ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုကို ကန်ဒေါ်လာ ၈ ဘီလီယံအထိ ရှိလာမည် ဖြစ်ပြီး အလုပ်အကိုင်အသစ် ၃၅၀ ဖန်တီးပေးမည် ဖြစ်သည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် တိုယိုတာက ကင်တပ်ကီပြည်နယ်ရှိ ၎င်း၏ စက်ရုံကို အီးဗီမော်ဒယ်များ ထုတ်လုပ်နိုင်ရန် ကန်ဒေါ်လာ ၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြားခဲ့သည်။ ၎င်းစက်ရုံတွင်လည်း အမေရိကန်အတွက် ထိုင်ခုံ ၃ တန်းပါ အီးဗီ SUV မော်ဒယ် ထုတ်လုပ်မည် ဖြစ်သည်။

၎င်းစက်ရုံတွင် မြောက်ကာရိုလိုင်းနားရှိ တိုယိုတာ၏စက်ရုံမှ ထုတ်လုပ်သော လစ်သီယမ်-အိုင်းယွန်းဘက်ထရီများကို အီးဗီအတွက် ဘက်ထရီထုပ်များ ထုပ်ပိုးထုတ်လုပ်မည်။

Source Reuters 


Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး