သင်္ဘောသားများ ဓားစာခံများအဖြစ် ရင်ဆိုင်ရသည့်အပေါ် အရေးတယူပြုရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ တင်ပြ

 ကမ္ဘာ့ထိပ်တန်းသင်္ဘောအဖွဲ့အစည်းများသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံ မကြာသေးမီက အိတ်ဖွင့်ပေးစာတွင် သင်္ဘောသားများ ဓားစာခံများအဖြစ် ရင်ဆိုင်ရသည့်အပေါ် အရေးတယူပြုရန် ပျက်ကွက်နေခြင်းကို မီးမောင်းထိုးပြထားသည်။

"အကယ်၍ လေယာဉ် ၄ စီးကို ဖမ်းဆီးထးပြီး လေယာဉ်ပေါ်မှာ ပါလာသည့် အပြစ်မဲ့သူများကို ဓားစာခံအဖြစ် ဖမ်းဆီးထားလျှင် ကမ္ဘာကြီးက ဒေါသထွက်လိမ့်မည်။ 

ဝမ်းနည်းစရာကောင်းသည်မှာ ကုန်သွယ်ရေကြောင်း သင်္ဘော ၄ စီးကို ဖမ်းဆီးထားပြီး ၎င်းသင်္ဘောများမှ သင်္ဘောသားများကို ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းအပေါ် အလားတူ တုံ့ပြမှုများ၊ စိုးရိမ်မှုများ ရှိပုံ မပေါ်ချေ"ဟု အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။


 ဂျပန်မှ NYK ပြေးဆွဲသည့် ကားတင်သင်္ဘော Galaxy Leader သည် လွန်ခဲ့သည့် ခြောက်လက ဟူသီသူပုန်များ၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရပြီး ယီမင်ရေပိုင်နက်တွင် ရှိနေဆဲဖြစ်သည်။  အီရန်ကလည်း သင်္ဘောများကို သင်္ဘောသားများနှင့်အတူ ဖမ်းဆီးထားဆဲ ဖြစ်သည်။ ဆိုမာလီ ပင်လယ်ဓာ၊ပြများကလည်း သင်္ဘောများကို ပြန်ပေးဆွဲလျက်ရှိသည်။ 


 “အပြစ်မဲ့ သင်္ဘောသားများ သတ်ဖြတ်ခံရသည်။ ဓာ၊စာခံအဖြစ် ဖမ်းဆီးထားသည်။ ၎င်းလုပ်ရပ်မျိုးကို ကုန်းပေါ်တွင် လက်သင့်မခံနိုင်သည့်နည်းတူ ပင်လယ်ပြင်မှာလည်း လက်ခံနိုင်စရာ မရှိပါ"ဟု ကုလသမဂ္ဂ အကြီးအကဲထံ ပေးပို့သော စာတွင် ရေးသားထားသည်။


ကုလသမဂ္ဂအနေဖြင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ မစ်ရှင်များနှင့် ကင်းလှည့်ခြင်းများ ဒေသတွင်း တိုးမြှင့်ပေးရန်၊ အရှေ့အလယ်ပိုင်းမှာ လက်ရှိ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် သင်္ဘောသားများ အများအပြားကို လွှတ်ပေးရန်အတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်သွားရန် တောင်းဆိုထားသည်။ 

 

ဧပြီ ၁၃ ရက်တွင် အီရန်မှ နောက်ဆုံးဖမ်းဆီးထားသည့် teu ၁၅,၀၀၀ အရွယ်အစား ကွန်တိန်နာသင်္ဘော MSC Aries သည် သင်္ဘောအမှုထမ်း ၂၅ ဦးနှင့်အတူ အီရန်ကမ်းလွန်တွင် မကြာသေးမီ လများအတွင်း အီရန်မှ ဖမ်းဆီးခဲ့သော အခြားသင်္ဘောသုံးစင်းအနီးတွင် ကျောက်ချရပ်နားထားသည်။

Source splash247

#LogisticsGuide 


ယခင်တင်ပြချက်
https://t.me/Guid4U/17545


Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ