ကတ်ထူခေါင်းတလား သုံးစွဲမှု များလာ

 စင်ကာပူနိုင်ငံမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် Unity Casket သည် စက္ကူကတ်ထူပြား အခေါင်းကို စတင်ရောင်းချသည့် ပထမဆုံး အဓိက လုပ်ငန်း ဖြစ်လာခဲ့သည်။ ယခုအခါ ၄ လနီးပါး သက်တမ်းရှိပြီဖြစ်ပြီး အမှာစာ ၂ ဆ ရရှိလာသည်။ ကုမ္ပဏီသည် တစ်ပတ်လျှင် ပျမ်းမျှ အမှာစာ တစ်လုံးမှ နှစ်လုံးအထိ ရရှိခဲ့ရာမှ ယခုအခါ သုံးလုံးမှ ငါးလုံးအထိ အမှာစာ ရရှိကြောင်း ၎င်းကုမ္ပဏီမှ ဒါရိုက်တာ ဝီလျံတန်က ပြောသည်။

ကတ်ထူခေါင်းတလားကို သဘောကျကြသည်မှာ  "ရိုးရှင်းမှု၊ ဈေးနှုန်း တတ်နိုင်မှုနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှု" တို့ကြောင့် ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

အခေါင်းပေါ်တွင် ကြာပန်းများ၊ စကြာသင်္ကေတများ ဖော်ပြထားသည်မှာ အမြင်ဆန်းနေစေသည်။

သစ်သားအခေါင်းသည် စင်ဒေါ်လာ ၃၀၀ မှ ၆,၀၀၀ အထိ ပေးရသည်။ ကတ်ထူအခေါင်းသည် စင်ဒေါ်လာ ၃၀၀ မှ အများဆုံး စင်ဒေါ်လာ ၂,၀၀၀ အထိသာ ရှိသည်ဟု  ဝီလျံတန်က ပြောသည်။

ကတ်ထူအခေါင်းသည် မီးလောင်ပြာကျရာတွင် သစ်သားအခေါင်းထက် မိနစ် ၃၀ ပိုမြန်သည်။ သစ်သားအခေါင်းသည် ဗားနစ်သုတ်ထားသဖြင့် မီးလောင်လျှင် လေထုညစ်ညမ်းသည့် ဓာတ်ငွေ့ ထွက်သည်။ 




ကတ်ထူအခေါင်းတလားများ အားလုံးသည် အမျိုးသား သဘာဝပတ်ဝန်းကျင်ဌာနမှ အတည်ပြု ခွင့်ပြုချက် မပျက်မကွက် ရယူပြီးမှ ရောင်းချရသည်။

Source straitstimes


Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ