ခွေးများအတွက် သီးသန့် ကမ္ဘာ့ပထမဆုံးသော လေယာဉ်ခရီးစဉ်

 ခွေးများအတွက် သီးသန့် ကမ္ဘာ့ပထမဆုံးသော လေယာဉ်ခရီးစဉ်ကို လာမည့်လတွင် ပျံသန်းမည်ဖြစ်သည်။

ခွေးများနှင့် ခွေးထိန်းများကို ပို့ဆောင်ပေးရန် ရည်စူးထားသည့် လေကြောင်းလိုင်းသစ် Bark Air ကို မေလ ၂၃ ရက်နေ့တွင် ပွဲဦးထွက် ခရီးစဉ် စတင်ရန် စီစဉ်ထားသည်။

ခွေးများအတွက် ဝန်ဆောင်မှုများကို အဓိကထားဆောင်ရွက်ပေးသည့် အမေရိကန်အခြေစိုက် ထိပ်တန်းကုမ္ပဏီ Bark သည် ၎င်း၏ "Bark Air" ကို မကြာသေးမီက ၎င်း၏ ဝဘ်ဆိုက်တွင် တင်ပြခဲ့သည်။

ခွေးများကို ပထမတန်းစား ထိုင်ခုံနေရာဖြင့် ပျံသန်းနိုင်စေမည့် ပထမဆုံးသော လေကြောင်းခရီးသွားဝန်ဆောင်မှုဟု ဆိုထားသည်။

ဧပြီလ ၁၁ ရက်မှစ၍ ကြိုတင်လက်မှတ် ရောင်းချသည်။


လောလောဆယ်တွင် နယူးယောက် Westchester County Airport မှ လော့အိန်ဂျယ်လိစ် Van Nuys လေဆိပ်သို့လည်းကောင်း၊ လန်ဒန် Stansted လေဆိပ်သို့လည်းကောင်း ခရီးစဉ် ၂ ခု ပြေးဆွဲမည်။


နယူးယောက်-လန်ဒန်ခရီးစဉ် ခွေးတကောင်နှင့် ခွေးထိန်းတဦးတို့အတွက် စုစုပေါင်း $8,000၊ နယူးယောက်-လော့အိန်ဂျယ်လိစ် ခရီးစဉ်အတွက် $6,000 ကျသင့်သည်။


ခွေးထိန်းသည် အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။


ခွေး ၁၅ ကောင်နှင့် ခွေးထိန်း ၁၅ ဦးအထိ လိုက်ပါနိုင်သော်လည်း ချောင်ချောင်ချိချိ စီးနိုင်ရန် ၁၀ ကောင်နှင့် ၁၀ ဦးအထိသာ လက်မှတ်ရောင်းချသည်။






Source Bark Air


Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး