ဆိုးလ်မြို့တော် ခွေးကင်းလှည့်အစီအစဉ် ပါဝင်သူ ပိုများလာ

 ဆိုးလ်မြို့တော်တွင် အိမ်မွေးတိရစ္ဆာန် ခွေးပိုင်ရှင်များက မိမိဆန္ဒအလျောက်ပါဝင်သည့် ကင်းလှည့်အဖွဲ့တွင် အဖွဲ့ဝင် ၁,၄၆၄ ဦး ပါဝင်ပြီး ရာဇဝတ်မှု မသင်္ကာစရာဖြစ်စေ၊  ဘေးကင်းရေးထိပါးမည့် အန္တရာယ်ဖြစ်စေ တွေ့ရှိပါက အာဏာပိုင်များထံ သတင်းပေးပို့ရသည်။


၂၀၂၂ခုနှစ် မေလတွင် စတင်ခဲ့စဉ်က ခွေးကင်းလှည့်အစီအစဉ်တွင် အဖွဲ့ဝင် ၆၄ ဦးသာရှိခဲ့သည်။ အစီအစဉ်အကြောင်း ခွေးပိုင်ရှင်များ ပိုမိုသိရှိလာသည်နှင့်အမျှ ပါဝင်သူ ပိုများလာရာ ၂၀၂၃ ခုနှစ်တွင် ၁,၀၀၀ ကျော်အထိ တိုးလာခဲ့သည်။ ဆိုးလ်အာဏာပိုင်များသည် ၂၀၂၄ နှစ်ကုန်တွင် အသင်းဝင် ၂,၀၀၀ အထိ ရောက်ရှိရန် မျှော်လင့်ထားသည်။


ပါဝင်ရန် စာရင်းသွင်းထားသည့် ခွေးပိုင်ရှင်သည် မိမိခွေးကို စစ်ဆေးမှု ခံယူရသည်။ ခွေးသည် သခင်အမိန့်နာခံမှု၊ ကြုံနေကျ မဟုတ်သော အခြေအနေများတွင် တည်ငြိမ်မှု ရှိခြင်း စသည်တို့ကို ခွေးကျွမ်းကျင်ပညာရှင် လေးဦးပါသည့် အဖွဲ့မှ ကြီးကြပ်စစ်ဆေးပေးသည်။ 

ခွေးများတွင် သုံးပုံနှစ်ပုံခန့်သည် စမ်းသပ်မှု အောင်မြင်သည်။

ခွေးပိုင်ရှင်ကို သင်တန်းပေးသည်။ ကင်းလှည့်စဉ် မသင်္ကာစရာကို မည်သို့ ကင်း‌ထောက်ရမည်။ မိမိ ဘေးကင်းအောင် မည်သို့ သတင်းပို့ရမည် စသည်တို့ကို သင်ယူရသည်။


ခွေးကင်းလှည့်အစီအစဉ်ကို အင်ချုံနှင့် ဘူဆန် မြို့များသို့ တိုးချဲ့ခဲ့သည်။






Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး